ယခင္အစိုးရလက္ထက္က ရန္ပုံေငြမ်ားကို ယခုအစိုးရ၏ ျပည္နယ္ဘ႑ာေငြသို႔ လႊဲေျပာင္းေပးရန္ ကယားျပည္နယ္လႊတ္ေတာ္ ဆံုးျဖတ္

ယခင္အစိုးရလက္ထက္က ရန္ပုံေငြမ်ားကို ယခုအစိုးရ၏ ျပည္နယ္ဘ႑ာေငြသို႔ လႊဲေျပာင္းေပးရန္ ကယားျပည္နယ္လႊတ္ေတာ္ ဆံုးျဖတ္
စက်တင်ဘာ 14, 2016
By Tachileik News Agency

ယခင္ျပည္နယ္အစိုးရ အေနျဖင့္ ႏွစ္စဥ္က်င္းပခဲ့ေသာ ကယားျပည္နယ္ေန႔ အထိမ္းအမွတ္ပြဲအတြက္ ရွာေဖြထားသည့္ ရန္ပုံေငြအား ရေငြ/သုံးေငြ စာရင္းဇယား အခ်က္အလက္မ်ားႏွင့္ ပိုလွ်ံေငြမ်ားကို လက္ရွိအစိုးရ၏ ျပည္နယ္ဘ႑ာေငြသို႔ ျပန္လည္လႊဲေျပာင္းေပးအပ္ရန္ ကယားျပည္နယ္လႊတ္ေတာ္က အတည္ျပဳလုိက္သည္။

ကယားျပည္နယ္၏ ေန႔ထူးေန႔ျမတ္ျဖစ္ေသာ ျပည္နယ္ေန႔ပြဲေတာ္က်င္းပႏိုင္ေရး အတြက္ ပုဂၢလိက အလွဴရွင္မ်ားမွ လွဴဒါန္းထားေသာ အလွဴေငြမ်ား၊ ပြဲေတာ္ဝင္ေၾကးမ်ား၊ စက္ဘီး၊ဆိုင္ကယ္၊ကားအပ္ႏွံခမ်ား၊ ျပခန္းမွရရိွေသာ ေငြေၾကးမ်ား စသည့္ရန္ပံုေငြမ်ားအား လက္ရိွအစိုးရသို႔ လႊဲေျပာင္းေပးျခင္းမရိွသျဖင့္ လႊတ္ေတာ္တြင္ ေတာင္းဆိုသည့္အဆိုကို တင္သြင္းရျခင္းျဖစ္ေၾကာင္း မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦးထံမွ သိရသည္။

" ကၽြန္ေတာ္တင္ျပသြားတဲ့ ျပည္နယ္ေန႔က ရတဲ႔ရန္ပုံေငြေတြကို လက္ရွိအစိုးရရဲ႕ ျပည္နယ္ဘ႑ာေငြထဲ ပြင့္လင္းျမင္သာစြာ လႊဲေျပာင္းေပး ရမယ္။ ခုခ်ိန္ထိ မလႊဲေသးဘူး။ ဒါကျပည္သူရဲ႕ေငြေတြ တစ္ျပည္နယ္လုံးနဲ႔ ဆိုင္တယ္။ ခုက ျပည္နယ္ရန္ပုံေငြလုံးဝ မရွိေတာ့ဘူး။ ဒီေငြေတြ ဘယ္ေနရာမွာ ရွိေနလဲ ဆိုတာေတြလည္း ကၽြန္ေတာ္တို႔ သိေနတယ္။ ဒါကို စံုစမ္းစစ္ေဆးၿပီး ျပန္အပ္ဖို႔ေပါ့။ ဒါ ကၽြန္ေတာ္ တင္ျပခဲ့တာ”ဟု ဦးေအာင္ႏုိင္ဦးက ဆိုသည္။

ဦးေအာင္ႏိုင္ဦး တင္သြင္းခဲ့သည့္ အဆိုအား ဖားေဆာင္းၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးရန္ႏိုင္ေဆြက ေထာက္ခံေဆြးေႏြးရာတြင္ ၂၀၁၅ ခုႏွစ္တြင္ ျပည္နယ္ေန႔ က်င္းပရာ၌ ျပည္နယ္ ရန္ပုံေငြအျဖစ္ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ (၉)ရက္တြင္ ျမန္မာ့စီးပြားေရးဘဏ္မွ စာရင္းပိတ္ ထုတ္ယူသြားေသာ  က်ပ္ (၁၆၂,၂၈၃,၄၀၉.၅၀ )(တစ္ေထာင့္ေျခာက္ရာ ႏွစ္ဆယ့္ႏွစ္သိန္း ရွစ္ေသာင္း သုံးေထာင္ေလးရာ ကိုးက်ပ္ႏွင့္ ငါးဆယ္ျပား) အား စာရင္းရွင္းလင္းျခင္း မရိွဘဲ ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ (၉) ရက္ေန႔တြင္ပင္ ျမန္မာ့ေရွ႕ေဆာင္ဘဏ္သို႔ အေကာင့္နံပါတ္တစ္ခုျဖင့္ က်ပ္(၁၆၂၀)သိန္းကို ေပးသြင္းထားေၾကာင္းႏွင့္ အဆိုပါေငြေၾကးမ်ားမွာ ျပည္နယ္ေန႔ႏွစ္အလိုက္ ေဈးဆိုင္ခန္းေရာင္းခ်ရျခင္း မွရရွိေသာ က်ပ္သိန္း(၉၀၀)ႏွင့္ ဆိုင္ကယ္ တင္ဒါမ်ားႏွင့္ ျပခန္းစသည့္ေနရာမ်ားမွ ရရွိေသာေငြေၾကးမ်ား ျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရွိထားသျဖင့္ ၎ေငြေၾကးမ်ား၊ ရေငြ/သုံးေငြမ်ားကို ပြင့္လင္းျမင္သာမႈရွိရွိ ရွင္းလင္း၍ ျပည္နယ္ဘ႑ာရန္ပုံေငြသို႔ေပးသြင္းရန္ ေထာက္ခံေဆြးေႏြးခဲ့ေၾကာင္း သိရသည္။

"ကယားျပည္နယ္သူ ျပည္သူသားမ်ား၏ ေန႔ထူးေန႔ျမတ္ကို အေၾကာင္းျပဳ၍ ရွာေဖြရရွိထားသည့္ ရန္ပုံေငြမ်ားကို အမ်ားျမင္သာေအာင္ ရွင္းလင္းခ်ျပမႈ မရွိသည့္အျပင္ ယခုအစိုးရအားလည္း စာရင္းဇယားမ်ား ရွင္းလင္း လႊဲေျပာင္းျခင္းမရွိဘဲ ေခတ္အဆက္ဆက္ ပြဲေတာ္က်င္းပခဲ့သည္မွာ (၆၄)ႏွစ္ေျမာက္ခဲ့ၿပီ ျဖစ္ေသာ္လည္း ျပည္နယ္ရန္ပုံေငြမ်ားအား အဆင့္ဆင့္ လႊဲေျပာင္းျခင္း မရွိခဲ့ဘဲ ယခုအစိုးရ အေနျဖင့္ ၎ရန္ပုံေငြမ်ားကို စစ္ေဆးေဖာ္ထုတ္၍ ျပန္လည္ရယူၿပီး ျပည္နယ္ဘ႑ာေငြ အား ျပန္လည္ေပးသြင္းသင့္ေၾကာင္း ေထာက္ခံသည့္အဆို တင္သြင္းအပ္ပါသည္" ဟု ဦးရန္ႏုိင္ေဆြက ေထာက္ခံေဆြးေႏြးသြားသည္။

လက္ရိွတြင္ ျပည္နယ္ဘ႑ာေငြမ်ား မရွိသျဖင့္ ယခင္အစုိးရလက္ထက္က ျပည္နယ္ရန္ပုံေငြမ်ားကို စာရင္းဇယားအတိအက်ျဖင့္ ျပန္လည္ရယူကာ ျပည္နယ္အတြက္ လိုအပ္သည့္ေနရာမ်ားတြင္ သုံးစြဲသြားမည္ဟု အဆိုတင္သြင္းခဲ့ေသာ မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ဦး ကေျပာသည္။

ယခင္ျပည္နယ္အစိုးရအေနျဖင့္ ႏွစ္စဥ္က်င္းပခဲ႕ေသာ ကယားျပည္နယ္ေန႕ အထိမ္းအမွတ္ပြဲ အတြက္ ရန္ပုံေငြရွာေဖြေဆာင္ရြက္ခဲ့ၿပီး ၎ ေငြမ်ားအား ရေငြ/သုံးေငြ စာရင္းဇယားအခ်က္အလက္မ်ားႏွင့္ ပိုလွ်ံေငြမ်ားကို လက္ရွိအစိုးရ၏ ျပည္နယ္ဘ႑ာေငြထဲတြင္ ျပန္လည္လႊဲေျပာင္းေပးအပ္ရန္ အဆိုကို ကန္႕ကြက္သူမရွိ ျပည္နယ္ လႊတ္ေတာ္ ဒုတိယအႀကိမ္ တတိယပုံမွန္အစည္းအေဝး ဒုတိယေန႕တြင္ လႊတ္ေတာ္ဥကၠဌ ဦးလွေထြးမွ အတည္ျပဳေပးလိုက္ျခင္းျဖစ္သည္။

သတင္း - ဆန္းၿဖဳိးထြန္း
~~~~~~~~⊰❂ unicode ~~~~~~~~
ယခင်ပြည်နယ်အစိုးရ အနဖြေင့် နှစ်စဉ်ကျင်းပခဲ့သော ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲအတွက် ရှာဖွေထားသည့် ရန်ပုံငွေအား ရငွေ/သုံးငွေ စာရင်းဇယား အချက်အလက်များနှင့် ပိုလျှံငွေများကို လက်ရှိအစိုးရ၏ ပြည်နယ်ဘဏ္ဍာငွေသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန် ကယားပြည်နယ်လွှတ်တော်က အတည်ပြုလိုက်သည်။

ကယားပြည်နယ်၏ နေ့ထူးနေ့မြတ်ဖြစ်သော ပြည်နယ်နေ့ပွဲတော်ကျင်းပနိုင်ရေး အတွက် ပုဂ္ဂလိက အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေများ၊ ပွဲတော်ဝင်ကြေးများ၊ စက်ဘီး၊ဆိုင်ကယ်၊ကားအပ်နှံခများ၊ ပြခန်းမှရရှိသော ငွေကြေးများ စသည့်ရန်ပုံငွေများအား လက်ရှိအစိုးရသို့ လွှဲပြောင်းပေးခြင်းမရှိသဖြင့် လွှတ်တော်တွင် တောင်းဆိုသည့်အဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

" ကျွန်တော်တင်ပြသွားတဲ့ ပြည်နယ်နေ့က ရတဲ့ရန်ပုံငွေတွေကို လက်ရှိအစိုးရရဲ့ ပြည်နယ်ဘဏ္ဍာငွေထဲ ပွင့်လင်းမြင်သာစွာ လွှဲပြောင်းပေး ရမယ်။ ခုချိန်ထိ မလွှဲသေးဘူး။ ဒါကပြည်သူရဲ့ငွေတွေ တစ်ပြည်နယ်လုံးနဲ့ ဆိုင်တယ်။ ခုက ပြည်နယ်ရန်ပုံငွေလုံးဝ မရှိတော့ဘူး။ ဒီငွေတွေ ဘယ်နေရာမှာ ရှိနေလဲ ဆိုတာတွေလည်း ကျွန်တော်တို့ သိနေတယ်။ ဒါကို စုံစမ်းစစ်ဆေးပြီး ပြန်အပ်ဖို့ပေါ့။ ဒါ ကျွန်တော် တင်ပြခဲ့တာ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ဦးအောင်နိုင်ဦး တင်သွင်းခဲ့သည့် အဆိုအား ဖားဆောင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးရန်နိုင်ဆွေက ထောက်ခံဆွေးနွေးရာတွင် ၂၀၁၅ ခုနှစ်တွင် ပြည်နယ်နေ့ ကျင်းပရာ၌ ပြည်နယ် ရန်ပုံငွေအဖြစ် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၉)ရက်တွင် မြန်မာ့စီးပွားရေးဘဏ်မှ စာရင်းပိတ် ထုတ်ယူသွားသော ကျပ် (၁၆၂,၂၈၃,၄၀၉.၅၀ )(တစ်ထောင့်ခြောက်ရာ နှစ်ဆယ့်နှစ်သိန်း ရှစ်သောင်း သုံးထောင်လေးရာ ကိုးကျပ်နှင့် ငါးဆယ်ပြား) အား စာရင်းရှင်းလင်းခြင်း မရှိဘဲ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင်ပင် မြန်မာ့ရှေ့ဆောင်ဘဏ်သို့ အကောင့်နံပါတ်တစ်ခုဖြင့် ကျပ်(၁၆၂၀)သိန်းကို ပေးသွင်းထားကြောင်းနှင့် အဆိုပါငွေကြေးများမှာ ပြည်နယ်နေ့နှစ်အလိုက် ဈေးဆိုင်ခန်းရောင်းချရခြင်း မှရရှိသော ကျပ်သိန်း(၉၀၀)နှင့် ဆိုင်ကယ် တင်ဒါများနှင့် ပြခန်းစသည့်နေရာများမှ ရရှိသောငွေကြေးများ ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိထားသဖြင့်၎င်းငွေကြေးများ၊ ရငွေ/သုံးငွေများကို ပွင့်လင်းမြင်သာမှုရှိရှိ ရှင်းလင်း၍ ပြည်နယ်ဘဏ္ဍာရန်ပုံငွေသို့ပေးသွင်းရန် ထောက်ခံဆွေးနွေးခဲ့ကြောင်း သိရသည်။

"ကယားပြည်နယ်သူ ပြည်သူသားများ၏ နေ့ထူးနေ့မြတ်ကို အကြောင်းပြု၍ ရှာဖွေရရှိထားသည့် ရန်ပုံငွေများကို အများမြင်သာအောင် ရှင်းလင်းချပြမှု မရှိသည့်အပြင် ယခုအစိုးရအားလည်း စာရင်းဇယားများ ရှင်းလင်း လွှဲပြောင်းခြင်းမရှိဘဲ ခေတ်အဆက်ဆက် ပွဲတော်ကျင်းပခဲ့သည်မှာ (၆၄)နှစ်မြောက်ခဲ့ပြီ ဖြစ်သော်လည်း ပြည်နယ်ရန်ပုံငွေများအား အဆင့်ဆင့် လွှဲပြောင်းခြင်း မရှိခဲ့ဘဲ ယခုအစိုးရ အနဖြေင့်၎င်းရန်ပုံငွေများကို စစ်ဆေးဖော်ထုတ်၍ ပြန်လည်ရယူပြီး ပြည်နယ်ဘဏ္ဍာငွေ အား ပြန်လည်ပေးသွင်းသင့်ကြောင်း ထောက်ခံသည့်အဆို တင်သွင်းအပ်ပါသည်" ဟု ဦးရန်နိုင်ဆွေက ထောက်ခံဆွေးနွေးသွားသည်။

လက်ရှိတွင် ပြည်နယ်ဘဏ္ဍာငွေများ မရှိသဖြင့် ယခင်အစိုးရလက်ထက်က ပြည်နယ်ရန်ပုံငွေများကို စာရင်းဇယားအတိအကျဖြင့် ပြန်လည်ရယူကာ ပြည်နယ်အတွက် လိုအပ်သည့်နေရာများတွင် သုံးစွဲသွားမည်ဟု အဆိုတင်သွင်းခဲ့သော မယ်စဲ့မြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး ကပြောသည်။

ယခင်ပြည်နယ်အစိုးရအနဖြေင့် နှစ်စဉ်ကျင်းပခဲ့သော ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲ အတွက် ရန်ပုံငွေရှာဖွေဆောင်ရွက်ခဲ့ပြီး၎င်း ငွေများအား ရငွေ/သုံးငွေ စာရင်းဇယားအချက်အလက်များနှင့် ပိုလျှံငွေများကို လက်ရှိအစိုးရ၏ ပြည်နယ်ဘဏ္ဍာငွေထဲတွင် ပြန်လည်လွှဲပြောင်းပေးအပ်ရန် အဆိုကို ကန့်ကွက်သူမရှိ ပြည်နယ် လွှတ်တော် ဒုတိယအကြိမ် တတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ဥက္ကဌ ဦးလှထွေးမှ အတည်ပြုပေးလိုက်ခြင်းဖြစ်သည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~