စည္းကမ္းပ်က္ယာဥ္မ်ားကို ေက်ာက္မဲ၌ စက္တင္ဘာလဆန္းမွ စတင္၍ အေရးယူေန

စည္းကမ္းပ်က္ယာဥ္မ်ားကို ေက်ာက္မဲ၌ စက္တင္ဘာလဆန္းမွ စတင္၍ အေရးယူေန
စက်တင်ဘာ 7, 2016
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ေက်ာက္မဲၿမိဳ႕တြင္ စက္တင္ဘာလ၏ ပထမပတ္က စတင္ကာ တစ္ၿမိဳ႕လံုး အတိုင္းအတာျဖင့္ စည္းကမ္းပ်က္ယာဥ္မ်ားအား အေရးယူျခင္းကို ေဆာင္ရြက္ေနေၾကာင္း ေက်ာက္မဲၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ သိရသည္။

"စည္းကမ္းပ်က္ယာဥ္ေတြကို အေရးယူသြားမွာ ဟုတ္ပါတယ္။ စက္တင္ဘာ(၂)ရက္ေန႔ကေနစၿပီး အေရးယူေနတာပါ" ဟု ေက်ာက္မဲၿမိဳ႕ ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ တပ္ၾကပ္ႀကီး ဘေစာက ေျပာသည္။

၂၀၁၅ ခုႏွစ္ေနာက္ပိုင္းမွစ၍ ေက်ာက္မဲၿမိဳ႕တြင္ ေမာ္ေတာ္ယာဥ္မ်ား မ်ားျပားလာၿပီး ေမာ္ေတာ္ယာဥ္ ေမာင္းသူ အမ်ားစုမွာ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း လိုက္နာမႈ အားနည္းေနသျဖင့္ ထိန္းသိမ္းႏုိင္ရန္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

"စည္းကမ္းပ်က္ယာဥ္ေတြကို အေရးယူသြားမယ္လို႔ ၾကားပါတယ္။ စည္းကမ္းမ့ဲေတြကိုေတာ့ အေရးယူ တာေကာင္းပါတယ္"ဟု အမွတ္ ၄ ရပ္ကြက္ ဗဟိုေစ်းအနီးတြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

ရဲလုပ္ငန္းမ်ားအျဖစ္ ပထမရက္(၁၀၀)အတြင္း စည္းကမ္းပ်က္ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ပတ္သက္၍ ပညာေပးလုပ္ငန္းမ်ား ရွမ္းျပည္နယ္အႏွံ႕အျပားတြင္ ျပဳလုပ္လွ်က္ရွိၿပီး ပညာေပးကာလေက်ာ္လြန္သည္ႏွင့္ အေရးယူေဆာင္ရြက္မႈမ်ားကို အခ်ိဳ႕ၿမိဳ႕နယ္မ်ားတြင္ ျပဳလုပ္လွ်က္ရွိရာ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္လည္း ၾသဂုတ္လေနာက္ဆံုးပတ္က စည္းကမ္းပ်က္ လိုင္စင္မဲ့ ေမာ္ေတာ္ကား(၂)စီးအား အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။


သတင္း  - ေနၿဖဳိးျမင့္
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲမြို့တွင် စက်တင်ဘာလ၏ ပထမပတ်က စတင်ကာ တစ်မြို့လုံး အတိုင်းအတာဖြင့် စည်းကမ်းပျက်ယာဉ်များအား အရေးယူခြင်းကို ဆောင်ရွက်နေကြောင်း ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။

"စည်းကမ်းပျက်ယာဉ်တွေကို အရေးယူသွားမှာ ဟုတ်ပါတယ်။ စက်တင်ဘာ(၂)ရက်နေ့ကနေစပြီး အရေးယူနေတာပါ" ဟု ကျောက်မဲမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး ဘစောက ပြောသည်။

၂၀၁၅ ခုနှစ်နောက်ပိုင်းမှစ၍ ကျောက်မဲမြို့တွင် မော်တော်ယာဉ်များ များပြားလာပြီး မော်တော်ယာဉ် မောင်းသူ အများစုမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်းနေသဖြင့် ထိန်းသိမ်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

"စည်းကမ်းပျက်ယာဉ်တွေကို အရေးယူသွားမယ်လို့ ကြားပါတယ်။ စည်းကမ်းမဲ့တွေကိုတော့ အရေးယူ တာကောင်းပါတယ်"ဟု အမှတ် ၄ ရပ်ကွက် ဗဟိုဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။

ရဲလုပ်ငန်းများအဖြစ် ပထမရက်(၁၀၀)အတွင်း စည်းကမ်းပျက် မော်တော်ယာဉ်များနှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ ရှမ်းပြည်နယ်အနှံ့အပြားတွင် ပြုလုပ်လျှက်ရှိပြီး ပညာပေးကာလကျော်လွန်သည်နှင့် အရေးယူဆောင်ရွက်မှုများကို အချို့မြို့နယ်များတွင် ပြုလုပ်လျှက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်လည်း သြဂုတ်လနောက်ဆုံးပတ်က စည်းကမ်းပျက် လိုင်စင်မဲ့ မော်တော်ကား(၂)စီးအား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~