Update News

ေက်ာက္မဲၿမိဳ႕တြင္ အမ်ိဳးသားတစ္ဦး ေနအိမ္၌ ႀကိဳးဆြဲခ်ေသဆံုး



ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕တြင္ စက္တင္ဘာ(၂)ရက္ေန႔တြင္ အမ်ိဳးသားတစ္ဦး ေနအိမ္တြင္ ႀကိဳးဆြဲခ်ေသဆံုးမႈ တစ္ခုျဖစ္ပြားေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ ခုေလာေလာဆယ္ သိရတာက ညကလင္မယားခ်င္း စကားမ်ားၾကတာေပါ့။ အဲဒီထိေလာက္ပဲ သိရေသးတယ္။ အျခားအပိုင္းကေတာ့ စံုစမ္းစရာရွိတာကို ဆက္စံုစမ္းေနပါတယ္။ ေသဆံုးသူကို ေဆးရံုပို႔ထားတယ္။ ဆရာဝန္ရဲ႕ေဆးစစ္ခ်က္အေျဖကို ေစာင့္ရမွာေပါ့။"ဟု ေက်ာက္မဲၿမိဳ႕မရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

မေသဆံုးမီညက လင္မယားစကားမ်ားသျဖင့္ တစ္ေယာက္တစ္ခန္းစီ အိ္ပ္ရာ ဇနီးျဖစ္သူက နံနက္ပိုင္းတြင္ ကေလးေက်ာင္းပို႔ရန္ ျပင္ဆင္ခ်ိန္ေရာက္မွ  ခင္ပြန္းျဖစ္သူက အခန္းတြင္းႀကိဳးဆြဲခ်ေသဆံုးေနသည္ကို ေတြ႔ရျခင္းျဖစ္သည္ဟု ေသဆံုးသူ၏ ဇနီးသည္ ထြက္ဆိုသည္ဟု ရဲစခန္းမွ တာ၀န္ရွိသူမ်ားထံမွ သိရသည္။

ေသဆံုးသူမွာ အသက္ (၃၆)ႏွစ္အရြယ္ ကိုဆန္းဝင္းေအာင္(ခ)ေမာရွီးျဖစ္ၿပီး မိသားစုလုပ္ငန္းျဖစ္သည့္ ဆီခ်က္ေခါက္္ဆြဲေရာင္းခ်သူျဖစ္ေၾကာင္း သိရသည္။

အဆိုပါေသဆံုးမႈႏွင့္ပတ္သက္၍ ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ (၁၄/၂၀၁၆)ျဖင့္ အမႈဖြင့္လွစ္အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ေအာင္ျပည့္


~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် စက်တင်ဘာ(၂)ရက်နေ့တွင် အမျိုးသားတစ်ဦး နေအိမ်တွင် ကြိုးဆွဲချသေဆုံးမှု တစ်ခုဖြစ်ပွားကြောင်း သိရသည်။

"ကျွန်တော်တို့ ခုလောလောဆယ် သိရတာက ညကလင်မယားချင်း စကားများကြတာပေါ့။ အဲဒီထိလောက်ပဲ သိရသေးတယ်။ အခြားအပိုင်းကတော့ စုံစမ်းစရာရှိတာကို ဆက်စုံစမ်းနေပါတယ်။ သေဆုံးသူကို ဆေးရုံပို့ထားတယ်။ ဆရာဝန်ရဲ့ဆေးစစ်ချက်အဖြေကို စောင့်ရမှာပေါ့။"ဟု ကျောက်မဲမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မသေဆုံးမီညက လင်မယားစကားများသဖြင့် တစ်ယောက်တစ်ခန်းစီ အိ်ပ်ရာ ဇနီးဖြစ်သူက နံနက်ပိုင်းတွင် ကလေးကျောင်းပို့ရန် ပြင်ဆင်ချိန်ရောက်မှ ခင်ပွန်းဖြစ်သူက အခန်းတွင်းကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်သည်ဟု သေဆုံးသူ၏ ဇနီးသည် ထွက်ဆိုသည်ဟု ရဲစခန်းမှ တာဝန်ရှိသူများထံမှ သိရသည်။

သေဆုံးသူမှာ အသက် (၃၆)နှစ်အရွယ် ကိုဆန်းဝင်းအောင်(ခ)မောရှီးဖြစ်ပြီး မိသားစုလုပ်ငန်းဖြစ်သည့် ဆီချက်ခေါက်ဆွဲရောင်းချသူဖြစ်ကြောင်း သိရသည်။

အဆိုပါသေဆုံးမှုနှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၁၄/၂၀၁၆)ဖြင့် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - အောင်ပြည့်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~


« PREV
NEXT »