ေညာင္ေရႊေဟာ္နန္းျပတိုက္တြင္ ညေစ်းဖြင့္မည့္ ကိစၥေဆြးေႏြးေနဆဲ

ေညာင္ေရႊေဟာ္နန္းျပတိုက္တြင္ ညေစ်းဖြင့္မည့္ ကိစၥေဆြးေႏြးေနဆဲ
စက်တင်ဘာ 12, 2016
By Tachileik News Agency

ျပတိုက္အျဖစ္ထားရိွသည့္ ျမန္မာႏိုင္ငံ၏ ပထမဆံုးသမၼတ ေညာင္ေရႊေစာ္ဘြား စ၀္ေရႊသိုက္ေနထိုင္ခဲ့ေသာ ေညာင္ေရႊေဟာ္နန္းတြင္ ညေစ်းဖြင့္လွစ္မည့္ကိစၥႏွင့္ ပတ္သက္၍ ေဆြးေႏြးေနဆဲသာျဖစ္ၿပီး ဆံုးျဖတ္ခ်က္ ခ်ထားျခင္း မရွိေသးေၾကာင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာနမွ သိရသည္။

"ညေစ်းဖြင့္လွစ္မယ့္ ကိစၥကို ရွမ္းျပည္နယ္အစိုးရ အပါအ၀င္ ေညာင္ေ႐ႊျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးေနတာ မွန္ကန္ပါတယ္။ ေဟာ္နန္းျပင္ဆင္ဖို႔အတြက္ ျပင္သစ္ႏိုင္ငံက ကၽြမ္းက်င္ပညာရွင္ တစ္ဦးနဲ႔ ေလ့လာေဆြးေႏြးမႈေတြလည္း ျပဳလုပ္ေနပါတယ္။ ဒါေပမဲ့ တိက်တဲ့ ဆံုးျဖတ္ခ်က္ ခ်မွတ္တာေတာ့ မရွိေသးပါဘူး။ ေဒသခံျပည္သူေတြကို ရွင္းျပဖို႔ဆိုတာကလည္း အခ်ိန္ေစာေနပါေသးတယ္"ဟု ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးအုန္းေမာင္က ေျပာသည္။

ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀း ဒုတိယပံုမွန္အစည္းအေ၀း (၂၈)ရက္ေျမာက္ေန႔ျဖစ္သည့္ စက္တင္ဘာ(၇)ရက္ေန႔တြင္ မိုင္းပန္ၿမိဳ႕နယ္ မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းေက်ာ္မိုး ေမးျမန္းသည့္ ေညာင္ေ႐ႊေဟာ္နန္းႀကီး ျပဳျပင္ေဆာင္႐ြက္ေနမႈ အေျခအေနအား ဌာေနတိုင္းရင္းသား ျပည္သူလူထုမ်ားသို႔ ပြင့္ပြင့္ လင္းလင္း သိရွိႏိုင္ရန္ရွင္းျပေပးေစလိုေၾကာင္း ေမးခြန္းအေပၚ ယင္းကဲ့သို႔ ျပန္လည္ေျဖၾကားထားျခင္း ျဖစ္သည္။

ေဟာ္နန္းအားျပဳျပင္သည့္ အေျခအေနမွာ ဇူလိုင္လအတြင္းက ေဟာ္နန္းပရဝဏ္အတြင္း ၿခဳံႏြယ္ပိတ္ေပါင္းမ်ားအား သုံးႀကိမ္တိုင္တိုင္ လုပ္အားေပး ရွင္းလင္းထားၿပီး ေဟာ္နန္းႀကီး ေရရွည္ တည္တံ့ ခိုင္ၿမဲေရးအတြက္ အႏၲရာယ္ျဖစ္ေစေသာ ျခေတာင္ပို႔မ်ားကို ရွင္းလင္းရန္ ျပင္သစ္ပညာရွင္၏ အႀကံေပးခ်က္ အတိုင္း လုပ္ေဆာင္ေပးထားေၾကာင္း သိရသည္။

ေဟာ္နန္းသို႔ ပထမအႀကိမ္ ျပင္သစ္ပညာရွင္လာစဥ္ကလည္း ေညာင္ေ႐ႊေစာ္ဘြားႀကီး စပ္ေ႐ႊသိုက္၏ သမီးငယ္ျဖစ္သူ ေဒၚေဟမာသိုက္ႏွင့္လည္း ေဟာ္နန္းတြင္ ေတြ႕ဆုံခဲ့ေၾကာင္း ဝန္ႀကီး၏ ေျဖၾကားခ်က္တြင္ ထည့္သြင္းေျပာၾကားခဲ့သည္။

ေညာင္ေရႊေဟာ္နန္းမွာ ျမန္မာႏိုင္ငံ၏ ပထမဆံုးသမၼတ ေညာင္ေ႐ႊေစာ္ဘြားႀကီး စပ္ေ႐ႊသိုက္ႏွင့္ မိသားစုတို႔ ႏွစ္ေပါင္း (၃၀)ေက်ာ္ ေနထိုင္ခဲ့ျခင္းျဖစ္ၿပီး ယဥ္ေက်းမႈျပတိုက္၊ ေစာ္ဘြားႀကီးမ်ားျပတိုက္၊ ဗုဒၶဝင္ျပတိုက္ စသည္ျဖင့္ အမည္အမ်ိဳးမ်ိဳး ေျပာင္းလဲဖြင့္လွစ္ခဲ့သည့္ ႏွစ္ေပါင္း(၁၀၀)နီးပါးသက္တမ္းရိွ ယဥ္ေက်းမႈ အေမြအႏွစ္ျဖစ္သည္။

သတင္း - ကိုဇက္

~~~~~~~~⊰❂ unicode ~~~~~~~~
ပြတိုက်အဖြစ်ထားရှိသည့်မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက်နေထိုင်ခဲ့သော ညောင်ရွှေဟော်နန်းတွင် ညဈေးဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးနေဆဲသာဖြစ်ပြီး ဆုံးဖြတ်ချက် ချထားခြင်း မရှိသေးကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

"ညဈေးဖွင့်လှစ်မယ့် ကိစ္စကို ရှမ်းပြည်နယ်အစိုးရ အပါအဝင် ညောင်ရွှပြေည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးနေတာ မှန်ကန်ပါတယ်။ ဟော်နန်းပြင်ဆင်ဖို့အတွက် ပြင်သစ်နိုင်ငံက ကျွမ်းကျင်ပညာရှင် တစ်ဦးနဲ့ လေ့လာဆွေးနွေးမှုတွေလည်း ပြုလုပ်နေပါတယ်။ ဒါပေမဲ့ တိကျတဲ့ ဆုံးဖြတ်ချက် ချမှတ်တာတော့ မရှိသေးပါဘူး။ ဒေသခံပြည်သူတွေကို ရှင်းပြဖို့ဆိုတာကလည်း အချိန်စောနေပါသေးတယ်"ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအေဝး ဒုတိယပုံမှန်အစည်းအေဝး (၂၈)ရက်မြောက်နေ့ဖြစ်သည့် စက်တင်ဘာ(၇)ရက်နေ့တွင် မိုင်းပန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုး မေးမြန်းသည့် ညောင်ရွှေဟော်နန်းကြီး ပြုပြင်ဆောင်ရွက်နေမှု အခြေအနေအား ဌာနေတိုင်းရင်းသား ပြည်သူလူထုများသို့ ပွင့်ပွင့် လင်းလင်း သိရှိနိုင်ရန်ရှင်းပြပေးစေလိုကြောင်း မေးခွန်းအပေါ် ယင်းကဲ့သို့ ပြန်လည်ဖြကြေားထားခြင်း ဖြစ်သည်။

ဟော်နန်းအားပြုပြင်သည့် အခြေအနေမှာ ဇူလိုင်လအတွင်းက ဟော်နန်းပရဝဏ်အတွင်း ခြုံနွယ်ပိတ်ပေါင်းများအား သုံးကြိမ်တိုင်တိုင် လုပ်အားပေး ရှင်းလင်းထားပြီး ဟော်နန်းကြီး ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် အန္တရာယ်ဖြစ်စေသော ခြတောင်ပို့များကို ရှင်းလင်းရန် ပြင်သစ်ပညာရှင်၏ အကြံပေးချက် အတိုင်း လုပ်ဆောင်ပေးထားကြောင်း သိရသည်။

ဟော်နန်းသို့ ပထမအကြိမ် ပြင်သစ်ပညာရှင်လာစဉ်ကလည်း ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်၏ သမီးငယ်ဖြစ်သူ ဒေါ်ဟေမာသိုက်နှင့်လည်း ဟော်နန်းတွင် တွေ့ဆုံခဲ့ကြောင်း ဝန်ကြီး၏ ဖြကြေားချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ညောင်ရွှေဟော်နန်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ ညောင်ရွှေစော်ဘွားကြီး စပ်ရွှေသိုက်နှင့် မိသားစုတို့ နှစ်ပေါင်း (၃၀)ကျော် နေထိုင်ခဲ့ခြင်းဖြစ်ပြီး ယဉ်ကျေးမှုပြတိုက်၊ စော်ဘွားကြီးများပြတိုက်၊ ဗုဒ္ဓဝင်ပြတိုက် စသည်ဖြင့် အမည်အမျိုးမျိုး ပြောင်းလဲဖွင့်လှစ်ခဲ့သည့် နှစ်ပေါင်း(၁၀၀)နီးပါးသက်တမ်းရှိ ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည်။

သတင်း - ကိုဇက် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~