ဟုမၼလင္း၌ ေရႊတူးေဖၚလုပ္ငန္းမွ စြန္႔ပစ္ေျမစာမ်ား လယ္ယာေျမ ၅၇ ဧကတြင္ ဖံုးလႊမ္းေန

ဟုမၼလင္း၌ ေရႊတူးေဖၚလုပ္ငန္းမွ စြန္႔ပစ္ေျမစာမ်ား လယ္ယာေျမ ၅၇ ဧကတြင္ ဖံုးလႊမ္းေန
စက်တင်ဘာ 27, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသၾကီး ဟုမၼလင္းၿမိဳ႕နယ္ ေလာင္ေဖာင္ေက်းရြာတြင္ ကုမၸဏီတခ်ိဳ႕၏ ေရႊေမ်ာလုပ္ငန္းမ်ားေၾကာင့္ စြန္႔ပစ္ေျမစာမ်ားမွာ လယ္ေျမတခ်ိဳ႕အား ဖုံးလႊမ္းလ်ွက္ရိွေနေၾကာင္း ေဒသခံေတာင္သူမ်ားထံမွ သိရသည္။

ေက်းရြာအနီးရိွ ေရႊေမ်ာလုပ္ငန္းတခ်ိဳ႕မွ ထြက္ရိွလာေသာ စြန္႔ပစ္ေျမစာမ်ားသည္ ေလာင္ေဖာင္ေခ်ာင္းအတြင္းသို႔ ေမ်ာပါေရာက္ရိွကာ ၂၀၁၅ ခုႏွစ္ကတည္းက ေခ်ာင္းကမ္းပါးၿပိဳ၍ ေက်းရြာမွ စိုက္ပ်ိဳးထားေသာ လယ္ယာေျမမ်ားအား ဖုံးလႊမ္းခံခဲ႔ရေၾကာင္း သိရသည္။

" အရင္မူရင္း ေက်းရြာေခ်ာင္းက ပိတ္ျပီးေမ်ာတိုက္ၾကလို႔ မရိွေတာ့ဘူး လက္ရိွေခ်ာင္းက ဘူရိုဇာနဲ႔ထိုးျပီး အသစ္ေဖာ္ထားတဲ႔ေခ်ာင္းပါ ေခ်ာင္းထိပ္ပိုင္းကစျပီး ေရႊေမ်ာတိုက္တာေတြေၾကာင့္ အဲဒီက စြန္႔ပစ္ေျမစာေတြက ေခ်ာင္းေရနဲ႔အတူ စီးဆင္းလာျပီး ႏႈံးေျမစာထုက လယ္ေျမေတြထက္ တျဖည္းျဖည္း ျမင့္လာတယ္ ေနာက္ျပီး မိုးရြာေတာ့ ေခ်ာင္းကမ္းပါး ေဘာင္ေတြ ေပါက္က်ျပီး အဲဒီေျမစာေတြက လယ္ယာေျမအေပၚ ဖံုးလႊမ္းသြားတာပါ အခုခ်ိန္ထိ ဘာမွျပန္စိုက္မရဘူး " ဟု ေလာင္ေဖာင္ေက်းရြာမွ ေဒသခံေတာင္သူ ေဒၚေငြရည္က ေျပာသည္။

ေလာင္ေဖာင္ေက်းရြာ ေဒသခံေတာင္သူမ်ား၏ လယ္ယာေျမမ်ား စြန္႔ပစ္ေျမစာဖံုးလႊမ္းမႈအေပၚ ေက်းရြာမွ လာေရာက္တင္ျပလာလ်ွင္ ေဆာင္ရြက္ေပးမွာ ျဖစ္ေၾကာင္း ဟုမၼလင္းၿမိဳ႕နယ္ သတၱဳတြင္း အမွတ္ (၂ ) ဦးစီးဌာနမွ ဦးစီးမွဴး ဦးေက်ာ္ကိုကိုထိုက္မွ ဆိုသည္။

"ေလာင္ေဖာင္ေက်းရြာအုပ္စု ဥကၠဌ အပါဝင္ ေဒသခံ ေတာင္သူေတြက လက္ရိွအေျခေနနဲ႔ ပတ္သတ္ျပီး က်ေနာ့္ဆီကို အခုထိတင္ျပလာတာမ်ိဳးေတာ့ မရိွေသးပါဘူး တကယ္လို႔ တင္ျပလာရင္လည္း က်ေနာ့္အေနနဲ႔ နစ္နာမႈေတြမရိွေအာင္ ညိွႏႈိင္းေဆာင္ရြက္ေပးသြားမွာပါ"ဟု ၎က ဆိုသည္။

ေလာင္ေဖာင္ေက်းရြာတြင္ ေဒသခံအမ်ားစုသည္ လယ္ယာလုပ္ကိုင္သည့္ ရွမ္းနီတိုင္းရင္းသားမ်ားၾကျဖစ္ျပီး စြန္႔ပစ္ေျမစာ ဖံုးလႊမ္းမႈမ်ားေၾကာင့္ လယ္ယာေျမ ၅၇ ဧကမွာ စိုုက္ပ်ိဳးမရျဖစ္ေနေၾကာင္း သိရသည္။

အဆိုပါ လယ္ယာေျမမ်ားအား စြန္႔ပစ္ေျမစာဖုံးလႊမ္းသြားမႈအေပၚ ၂၀၁၅ ခုႏွစ္က ေက်းရြာအနီး ေရႊေမ်ာလုပ္ငန္း ေဆာင္ရြက္ေနေသာ ေရႊေအးရိပ္ကုမၸဏီမွ တစ္ဧကလ်ွင္ သီးႏွံေလ်ာ္ေၾကး က်ပ္ ေလးသိန္း ေပးခဲ႔ေသာ္လည္း ေျမယာေလ်ာ္ေၾကးအား မရရိွေၾကာင္း သိရသည္။

လက္ရိွ အသစ္ေဖာက္လုပ္ထားေသာ အဆိုပါေလာင္ေပါင္ေခ်ာင္းသည္ ေက်းရြာအနီးရိွ လာပူေလာင္းအင္း မွတဆင့္ ဥရုေခ်ာင္းအတြင္းသို႔ စီးဝင္ေသာ ေခ်ာင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~⊰❂ unicode ~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် လောင်ဖောင်ကျေးရွာတွင် ကုမ္ပဏီတချို့၏ ရွှေမျောလုပ်ငန်းများကြောင့် စွန့်ပစ်မြေစာများမှာ လယ်မြေတချို့အား ဖုံးလွှမ်းလျှက်ရှိနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ကျေးရွာအနီးရှိ ရွှေမျောလုပ်ငန်းတချို့မှ ထွက်ရှိလာသော စွန့်ပစ်မြေစာများသည် လောင်ဖောင်ချောင်းအတွင်းသို့ မျောပါရောက်ရှိကာ ၂၀၁၅ ခုနှစ်ကတည်းက ချောင်းကမ်းပါးပြို၍ ကျေးရွာမှ စိုက်ပျိုးထားသော လယ်ယာမြေများအား ဖုံးလွှမ်းခံခဲ့ရကြောင်း သိရသည်။

" အရင်မူရင်း ကျေးရွာချောင်းက ပိတ်ပြီးမျောတိုက်ကြလို့ မရှိတော့ဘူး လက်ရှိချောင်းက ဘူရိုဇာနဲ့ထိုးပြီး အသစ်ဖော်ထားတဲ့ချောင်းပါ ချောင်းထိပ်ပိုင်းကစပြီး ရွှေမျောတိုက်တာတွေကြောင့် အဲဒီက စွန့်ပစ်မြေစာတွေက ချောင်းရေနဲ့အတူ စီးဆင်းလာပြီး နှုံးမြေစာထုက လယ်မြေတွေထက် တဖြည်းဖြည်း မြင့်လာတယ် နောက်ပြီး မိုးရွာတော့ ချောင်းကမ်းပါး ဘောင်တွေ ပေါက်ကျပြီး အဲဒီမြေစာတွေက လယ်ယာမြေအပေါ် ဖုံးလွှမ်းသွားတာပါ အခုချိန်ထိ ဘာမှပြန်စိုက်မရဘူး " ဟု လောင်ဖောင်ကျေးရွာမှ ဒေသခံတောင်သူ ဒေါ်ငွေရည်က ပြောသည်။

လောင်ဖောင်ကျေးရွာ ဒေသခံတောင်သူများ၏ လယ်ယာမြေများ စွန့်ပစ်မြေစာဖုံးလွှမ်းမှုအပေါ် ကျေးရွာမှ လာရောက်တင်ပြလာလျှင် ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်း ဟုမ္မလင်းမြို့နယ် သတ္တုတွင်း အမှတ် (၂ ) ဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကိုကိုထိုက်မှ ဆိုသည်။

"လောင်ဖောင်ကျေးရွာအုပ်စု ဥက္ကဌ အပါဝင် ဒေသခံ တောင်သူတွေက လက်ရှိအခြေနေနဲ့ ပတ်သတ်ပြီး ကျနော့်ဆီကို အခုထိတင်ပြလာတာမျိုးတော့ မရှိသေးပါဘူး တကယ်လို့ တင်ပြလာရင်လည်း ကျနော့်အနေနဲ့ နစ်နာမှုတွေမရှိအောင် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာပါ"ဟု၎င်းက ဆိုသည်။

လောင်ဖောင်ကျေးရွာတွင် ဒေသခံအများစုသည် လယ်ယာလုပ်ကိုင်သည့် ရှမ်းနီတိုင်းရင်းသားများကြဖြစ်ပြီး စွန့်ပစ်မြေစာ ဖုံးလွှမ်းမှုများကြောင့် လယ်ယာမြေ ၅၇ ဧကမှာ စိုက်ပျိုးမရဖြစ်နေကြောင်း သိရသည်။

အဆိုပါ လယ်ယာမြေများအား စွန့်ပစ်မြေစာဖုံးလွှမ်းသွားမှုအပေါ် ၂၀၁၅ ခုနှစ်က ကျေးရွာအနီး ရွှေမျောလုပ်ငန်း ဆောင်ရွက်နေသော ရွှေအေးရိပ်ကုမ္ပဏီမှ တစ်ဧကလျှင် သီးနှံလျော်ကြေး ကျပ် လေးသိန်း ပေးခဲ့သော်လည်း မြေယာလျော်ကြေးအား မရရှိကြောင်း သိရသည်။

လက်ရှိ အသစ်ဖောက်လုပ်ထားသော အဆိုပါလောင်ပေါင်ချောင်းသည် ကျေးရွာအနီးရှိ လာပူလောင်းအင်း မှတဆင့် ဥရုချောင်းအတွင်းသို့ စီးဝင်သော ချောင်းဖြစ်ကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~