ေက်ာက္စိမ္းေစ်းကြက္ထိန္းႏိုင္ဖို႔ ဥေရာပေစ်းကြက္အထိ ထိုးေဖါက္ရန္လိုအပ္

ေက်ာက္စိမ္းေစ်းကြက္ထိန္းႏိုင္ဖို႔ ဥေရာပေစ်းကြက္အထိ ထိုးေဖါက္ရန္လိုအပ္
စက်တင်ဘာ 5, 2016
By Tachileik News Agency

ျမန္မာ့ေက်ာက္စိမ္းေစ်းကြက္အေျခအေနကို ထိန္းထားႏိုင္ရန္ တရုတ္ႏိုင္ငံေစ်းကြက္တစ္ခုသာ အားထားေနရျခင္းထက္ ဥေရာပေစ်းကြက္အထိ ထိုးေဖာက္ရန္ႏုိင္ရန္လိုအပ္ေနေၾကာင္း မႏၱေလးၿမိဳ႕မွ ေက်ာက္စိမ္းေရာင္း၀ယ္သည့္ လုပ္ငန္းလုပ္ကိုင္သူမ်ားက ဆိုသည္။

ေက်ာက္စိမ္းေစ်းကြက္ က်ဆင္းေနသည္မွာ ႏွစ္နွစ္ခန္႔ရွိၿပီျဖစ္ေသာ္လည္း ေက်ာက္စိမ္းေစ်းကြက္ ျပန္လည္ ေကာင္းလာႏိုင္ရန္ႏွင့္ ဥေရာပသို႔ ေစ်းကြက္ထိုး ေဖာက္ႏိုင္ရန္ ေက်ာက္အေခ်ာထည္ ထုတ္လုပ္ေသာ နည္းပညာႏွင့္ တရားမ၀င္ ျပည္ပတင္ပို႔ေနသည္မ်ားကို ထိန္းခ်ဳပ္ရန္ လိုအပ္ေၾကာင္း ေက်ာက္စိမ္း လုပ္ငန္းရွင္မ်ားက ဆိုသည္။

“ျမန္မာႏိုင္ငံရဲ႕ ေက်ာက္စိမ္းအေခ်ာထည္ ထုတ္လုပ္မႈမွာ နည္းပညာပိုင္းေတြ အရမ္းအား နည္းတယ္။ အၾကမ္းထည္ပဲ ထုတ္လုပ္ႏိုင္ၿပီး တရုတ္ျပည္ကိုပို႔တယ္။ တရုတ္က အေခ်ာထည္လုပ္ၿပီး တစ္ကမၻာလံုးကိုျဖန္႔တယ္။ ႏိုင္ငံအႏွံ႔က ေက်ာက္စိမ္း၀ယ္ခ်င္တဲ့ ကမၻာလွည့္ခရီးသြားေတြကလည္း တရုတ္မွာလည္း ၀ယ္ၾကေတာ့ ေစ်းကြက္ ေကာင္းတယ္။”ဟု ေဒၚလာေက်ာက္မ်က္ေရာင္း၀ယ္ေရးမွ ဦးမ်ိဳးျမင့္ႏိုင္က ဆိုသည္။

ယခင္က ေက်ာက္စိမ္းအေခ်ာထည္ ထုတ္လုပ္ျခင္းမ်ားအတြက္ အလုပ္ရံုေဆြးေႏြးပြဲမ်ား ျပဳလုပ္ခဲ့ေသာ္လည္း တရုတ္ႏိုင္ငံမွ အေခ်ာထည္ ထုတ္လုပ္ေသာ ကုမၸဏီမ်ားအေနျဖင့္ ျမန္မာႏိုင္ငံ အတြင္း အေခ်ာထည္ လာေရာက္ ထုတ္လုပ္ရန္ ေျမငွား ရမ္းခေစ်းႀကီးျခင္း၊ လွ်ပ္စစ္မီးမမွန္ျခင္းတို႕ေၾကာင့္ လာေရာက္ရင္းႏွီးျမႇပ္ႏွံရန္ခက္ခဲသျဖင့္ ဝင္ေရာက္လာျခင္း မရိွေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံအေနနဲ႔ နည္းပညာရဖို႔ေတာ့ အရမ္းကို ခက္ခဲပါတယ္။ အေခ်ာထည္ေကာင္းေကာင္း ထုတ္လုပ္ႏိုင္ရင္ေတာ့ ဥေရာပေစ်းကြက္ကို စဥ္းစားလို႔ရတယ္။ တရုတ္က လက္ရာအရမ္းေကာင္း၊ ေက်ာက္ျခင္း အတူတူ၊ ပံုစံထုတာျခင္း အတူတူေတာင္ တရုတ္ေတြထုတဲ့ လက္ရာကလွေတာ့ ဘယ္သူမဆို ၀ယ္ခ်င္တယ္။ လက္ရာလွေအာင္ လုပ္ႏိုင္ရင္ ဒီကိုလာေရာက္ လည္ၾကတဲ႔ ႏိုင္ငံျခားသားေတြလည္း ၀ယ္ၾကမယ္။ အဓိကေက်ာက္စိမ္းက တရုတ္လူမ်ိဳးေတြကပဲ ၀ယ္တာဆိုေတာ့ ႏိုင္ငံတကာက ကမၻာခရီးသြားတရုတ္လူမ်ိဳး ေတြ၀ယ္ၾကမွာေပါ့။” ဟု ေက်ာက္စိမ္းလုပ္ငန္း ရွင္တစ္ဦးျဖစ္သူ ဦးေက်ာ္သူက ဆိုသည္။

ဗီယက္နမ္၊ ထိုင္း၊ ကေမၻာဒီးယား၊ တရုတ္တို႕တြင္ ေက်ာက္စိမ္းအနည္းငယ္ထြက္ရွိၿပီး  ျမန္မာႏိုင္ငံ ဖားကန္႔ေဒသတြင္ ကမၻာ့အရည္အေသြးအဆင့္မီ ေက်ာက္စိမ္း အမ်ားဆံုးထြက္ရွိေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မြန်မာ့ကျောက်စိမ်းဈေးကွက်အခြေအနေကို ထိန်းထားနိုင်ရန် တရုတ်နိုင်ငံဈေးကွက်တစ်ခုသာ အားထားနေရခြင်းထက် ဥရောပဈေးကွက်အထိ ထိုးဖောက်ရန်နိုင်ရန်လိုအပ်နေကြောင်း မန္တလေးမြို့မှ ကျောက်စိမ်းရောင်းဝယ်သည့် လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

ကျောက်စိမ်းဈေးကွက် ကျဆင်းနေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်သော်လည်း ကျောက်စိမ်းဈေးကွက် ပြန်လည် ကောင်းလာနိုင်ရန်နှင့် ဥရောပသို့ ဈေးကွက်ထိုး ဖောက်နိုင်ရန် ကျောက်အချောထည် ထုတ်လုပ်သော နည်းပညာနှင့် တရားမဝင် ပြည်ပတင်ပို့နေသည်များကို ထိန်းချုပ်ရန် လိုအပ်ကြောင်း ကျောက်စိမ်း လုပ်ငန်းရှင်များက ဆိုသည်။

“မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းအချောထည် ထုတ်လုပ်မှုမှာ နည်းပညာပိုင်းတွေ အရမ်းအား နည်းတယ်။ အကြမ်းထည်ပဲ ထုတ်လုပ်နိုင်ပြီး တရုတ်ပြည်ကိုပို့တယ်။ တရုတ်က အချောထည်လုပ်ပြီး တစ်ကမ္ဘာလုံးကိုဖြန့်တယ်။ နိုင်ငံအနှံ့က ကျောက်စိမ်းဝယ်ချင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကလည်း တရုတ်မှာလည်း ဝယ်ကြတော့ ဈေးကွက် ကောင်းတယ်။”ဟု ဒေါ်လာကျောက်မျက်ရောင်းဝယ်ရေးမှ ဦးမျိုးမြင့်နိုင်က ဆိုသည်။

ယခင်က ကျောက်စိမ်းအချောထည် ထုတ်လုပ်ခြင်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့သော်လည်း တရုတ်နိုင်ငံမှ အချောထည် ထုတ်လုပ်သော ကုမ္ပဏီများအနဖြေင့် မြန်မာနိုင်ငံ အတွင်း အချောထည် လာရောက် ထုတ်လုပ်ရန် မြေငှါး ရမ်းခဈေးကြီးခြင်း၊ လျှပ်စစ်မီးမမှန်ခြင်းတို့ကြောင့် လာရောက်ရင်းနှီးမြှပ်နှံရန်ခက်ခဲသဖြင့် ဝင်ရောက်လာခြင်း မရှိကြောင်း သိရသည်။

“မြန်မာနိုင်ငံအနေနဲ့ နည်းပညာရဖို့တော့ အရမ်းကို ခက်ခဲပါတယ်။ အချောထည်ကောင်းကောင်း ထုတ်လုပ်နိုင်ရင်တော့ ဥရောပဈေးကွက်ကို စဉ်းစားလို့ရတယ်။ တရုတ်က လက်ရာအရမ်းကောင်း၊ ကျောက်ခြင်း အတူတူ၊ ပုံစံထုတာခြင်း အတူတူတောင် တရုတ်တွေထုတဲ့ လက်ရာကလှတော့ ဘယ်သူမဆို ဝယ်ချင်တယ်။ လက်ရာလှအောင် လုပ်နိုင်ရင် ဒီကိုလာရောက် လည်ကြတဲ့ နိုင်ငံခြားသားတွေလည်း ဝယ်ကြမယ်။ အဓိကကျောက်စိမ်းက တရုတ်လူမျိုးတွေကပဲ ဝယ်တာဆိုတော့ နိုင်ငံတကာက ကမ္ဘာခရီးသွားတရုတ်လူမျိုး တွေဝယ်ကြမှာပေါ့။” ဟု ကျောက်စိမ်းလုပ်ငန်း ရှင်တစ်ဦးဖြစ်သူ ဦးကျော်သူက ဆိုသည်။

ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ တရုတ်တို့တွင် ကျောက်စိမ်းအနည်းငယ်ထွက်ရှိပြီး မြန်မာနိုင်ငံ ဖားကန့်ဒေသတွင် ကမ္ဘာ့အရည်အသွေးအဆင့်မီ ကျောက်စိမ်း အများဆုံးထွက်ရှိကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~