ေက်ာက္စိမ္းတူးေဖာ္ျခင္းအား ယာယီရပ္တန္႔ေပးရန္ ေက်ာက္စိမ္းလုပ္ငန္းရွင္မ်ား ေတာင္းဆို

ေက်ာက္စိမ္းတူးေဖာ္ျခင္းအား ယာယီရပ္တန္႔ေပးရန္ ေက်ာက္စိမ္းလုပ္ငန္းရွင္မ်ား ေတာင္းဆို
စက်တင်ဘာ 4, 2016
By Tachileik News Agency

ေက်ာက္စိမ္းေစ်းကြက္မွာ အလြန္က်ဆင္းေနသျဖင့္  ေစ်းႏွိမ္၀ယ္ယူခံေနရေသာ အေနအထားတြင္ ေက်ာက္စိမ္း တူးေဖာ္ျခင္းအား ယာယီရပ္တန္႔ေပးရန္ႏွင့္ ျပည္ပသို႔တရားမ၀င္ တင္ပို႔ေနသည္မ်ားကို တာဆီးေပးရန္လိုအပ္ေနေၾကာင္း မႏၱၱေလးၿမိဳ႕မွ ေက်ာက္စိမ္း လုပ္ငန္းရွင္မ်ားက တိုက္တြန္းလိုက္သည္။

မႏၱေလးၿမိဳ႕၊ စစ္ကိုင္းႏွင့္ ဖားကန္႔ေဒသမ်ားမွ ေက်ာက္စိမ္းလုပ္ငန္းလုပ္ကိုင္စားေသာက္ေနသူ (၂၀၀၀၀)ဦးက လက္မွတ္ေရးထိုးၿပီး ၾသဂုတ္လ၏ တတိယပတ္အတြင္းက သက္ဆိုင္ရာ၀န္ႀကီးဌာနသို႔ တင္ျပေတာင္းဆိုထားေၾကာင္း သိရသည္။

“လက္ရွိေစ်းကြက္က ေတာ္ေတာ္ကို ပ်က္စီးေနတဲ့ အေနအထားမွာ ရွိတယ္။ ၂၀၁၂ တုန္းက နယ္ေျမ မျငိမ္းခ်မ္းလို႔ ေက်ာက္စိမ္းတူးေဖာ္ခြင့္ တစ္ႏွစ္ပိတ္သိမ္းခဲ့ ဘူးပါတယ္။ အဲဒီလိုမ်ိဳး တူးေဖာ္ခြင့္ပိတ္လိုက္လို႔ ေစ်းကြက္က သံုးဆေလာက္တက္သြား ခဲ့တယ္။ အခုလည္း အဲဒီလိုမ်ိဳး လုပ္လိုက္ရင္ ေစ်းကြက္ ျပန္ေကာင္းလာႏိုင္ပါတယ္။ ေက်ာက္စိမ္းတူးတာရပ္လိုက္ရင္လည္း လက္ရွိတူးေဖာ္ထားတဲ့ ေက်ာက္ေတြက ငါးႏွစ္ေရာင္းလို႔ မကုန္ႏိုင္ေအာင္ တူးထားတာရွိပါတယ္။”ဟု ပြင့္ေကာင္း ေက်ာက္မ်က္ေရာင္း၀ယ္ေရးမွ ဦးသန္း၀င္းက ေျပာသည္။

ျမန္မာ့ေက်ာက္စိမ္းမွာ တရုတ္ႏိုင္ငံ၏ ၀ယ္လက္တစ္ခုကိုသာ အားထားေနရျပီး လက္ရွိအခ်ိန္ ေက်ာက္စိမ္းမွာ  ေျမတူးစက္ႀကီးမ်ားႏွင့္ အလြန္အကြ်ံ တူးေဖာ္ျခင္း ခံထားရေသာေၾကာင့္ ပံုေနၿပီး ေစ်းႏွိမ္၀ယ္ျခင္း ခံေနရေၾကာင္း ေက်ာက္လုပ္ငန္းလုပ္ကိုင္သူမ်ားက ဆိုသည္။

“ေက်ာက္စိမ္းအတြက္ အခြန္ေဆာင္တဲ့အခါ စိစစ္ေပးဖို႕လိုတယ္။ အခုက အခြန္ကို လက္တစ္လံုးျခား  အျပည့္အေဆာင္တာေတြရွိတယ္။ ေက်ာက္စိမ္းကို တရုတ္ကို ေအာက္လမ္းကေန တရားမ၀င္ ထြက္ေနတာေတြကို ႀကီးၾကပ္ၿပီးလုပ္ရင္ တရားမ၀င္လမ္းေၾကာင္းကမထြက္ရင္ ျပည္တြင္းမွာပဲ ေက်ာက္ကရွိေတာ့ ျပည္တြင္း ေက်ာက္စိမ္းေစ်းကြက္ ျပန္ေကာင္းလာမယ္။ အခု တရုတ္က ျမန္မာျပည္မွာရွိတဲ့ ေက်ာက္စိမ္းေတြ အကုန္၀ယ္။ ကမၻာ့ေစ်းကြက္ကုိျဖန္႔မယ္။ တခ်ိဳ႕ႏိုင္ငံေတြ တရုတ္က ေက်ာက္စိမ္းအမ်ားႀကီးထြက္တယ္ ထင္ေနၾကတယ္။”ဟု ဒိုင္းမြန္းစတားေက်ာက္မ်က္ေရာင္း၀ယ္ေရးမွ ဦးေအာင္၀င္းဦးက ဆိုသည္။

ေက်ာက္စိမ္းေစ်းကြက္ ပ်က္စီးေနျခင္းေၾကာင့္ ျမန္မာႏိုင္ငံတြင္ ေက်ာက္စိမ္း လုပ္ငန္းအား  အဓိကအား ထားလုပ္ကိုင္ စားေသာက္ေနၾကေသာ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မႏၱေလးတိုင္းေဒသႀကီးအတြင္းမွ သိန္းႏွင့္ခ်ီေသာ ေက်ာက္စိမ္းလုပ္ငန္း လုပ္ကိုင္သူမ်ား အခက္အခဲ ျဖစ္ေနၾကေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ကျောက်စိမ်းဈေးကွက်မှာ အလွန်ကျဆင်းနေသဖြင့် ဈေးနှိမ်ဝယ်ယူခံနေရသော အနေအထားတွင် ကျောက်စိမ်း တူးဖော်ခြင်းအား ယာယီရပ်တန့်ပေးရန်နှင့် ပြည်ပသို့တရားမဝင် တင်ပို့နေသည်များကို တာဆီးပေးရန်လိုအပ်နေကြောင်း မန္တ္တလေးမြို့မှ ကျောက်စိမ်း လုပ်ငန်းရှင်များက တိုက်တွန်းလိုက်သည်။

မန္တလေးမြို့၊ စစ်ကိုင်းနှင့် ဖားကန့်ဒေသများမှ ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်စားသောက်နေသူ (၂၀၀၀၀)ဦးက လက်မှတ်ရေးထိုးပြီး သြဂုတ်လ၏ တတိယပတ်အတွင်းက သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြတောင်းဆိုထားကြောင်း သိရသည်။

“လက်ရှိဈေးကွက်က တော်တော်ကို ပျက်စီးနေတဲ့ အနေအထားမှာ ရှိတယ်။ ၂၀၁၂ တုန်းက နယ်မြေ မငြိမ်းချမ်းလို့ ကျောက်စိမ်းတူးဖော်ခွင့် တစ်နှစ်ပိတ်သိမ်းခဲ့ ဘူးပါတယ်။ အဲဒီလိုမျိုး တူးဖော်ခွင့်ပိတ်လိုက်လို့ ဈေးကွက်က သုံးဆလောက်တက်သွား ခဲ့တယ်။ အခုလည်း အဲဒီလိုမျိုး လုပ်လိုက်ရင် ဈေးကွက် ပြန်ကောင်းလာနိုင်ပါတယ်။ ကျောက်စိမ်းတူးတာရပ်လိုက်ရင်လည်း လက်ရှိတူးဖော်ထားတဲ့ ကျောက်တွေက ငါးနှစ်ရောင်းလို့ မကုန်နိုင်အောင် တူးထားတာရှိပါတယ်။”ဟု ပွင့်ကောင်း ကျောက်မျက်ရောင်းဝယ်ရေးမှ ဦးသန်းဝင်းက ပြောသည်။

မြန်မာ့ကျောက်စိမ်းမှာ တရုတ်နိုင်ငံ၏ ဝယ်လက်တစ်ခုကိုသာ အားထားနေရပြီး လက်ရှိအချိန် ကျောက်စိမ်းမှာ မြေတူးစက်ကြီးများနှင့် အလွန်အကျွံ တူးဖော်ခြင်း ခံထားရသောကြောင့် ပုံနပြေီး ဈေးနှိမ်ဝယ်ခြင်း ခံနေရကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူများက ဆိုသည်။

“ကျောက်စိမ်းအတွက် အခွန်ဆောင်တဲ့အခါ စိစစ်ပေးဖို့လိုတယ်။ အခုက အခွန်ကို လက်တစ်လုံးခြား အပြည့်အဆောင်တာတွေရှိတယ်။ ကျောက်စိမ်းကို တရုတ်ကို အောက်လမ်းကနေ တရားမဝင် ထွက်နေတာတွေကို ကြီးကြပ်ပြီးလုပ်ရင် တရားမဝင်လမ်းကြောင်းကမထွက်ရင် ပြည်တွင်းမှာပဲ ကျောက်ကရှိတော့ ပြည်တွင်း ကျောက်စိမ်းဈေးကွက် ပြန်ကောင်းလာမယ်။ အခု တရုတ်က မြန်မာပြည်မှာရှိတဲ့ ကျောက်စိမ်းတွေ အကုန်ဝယ်။ ကမ္ဘာ့ဈေးကွက်ကိုဖြန့်မယ်။ တချို့နိုင်ငံတွေ တရုတ်က ကျောက်စိမ်းအများကြီးထွက်တယ် ထင်နကြေတယ်။”ဟု ဒိုင်းမွန်းစတားကျောက်မျက်ရောင်းဝယ်ရေးမှ ဦးအောင်ဝင်းဦးက ဆိုသည်။

ကျောက်စိမ်းဈေးကွက် ပျက်စီးနခြေင်းကြောင့် မြန်မာနိုင်ငံတွင် ကျောက်စိမ်း လုပ်ငန်းအား အဓိကအား ထားလုပ်ကိုင် စားသောက်နကြေသော ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှ သိန်းနှင့်ချီသော ကျောက်စိမ်းလုပ်ငန်း လုပ်ကိုင်သူများ အခက်အခဲ ဖြစ်နကြေကြောင်း သိရသည်။

သတင်း - ရွှေဇော် 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~