တာခ်ီလိတ္ၿမိဳ႕ ကားေလးကြင္း၌ ေနထိုင္သူထံမွ လက္နက္၊မူးယစ္ေဆး၀ါး၊ ေရႊ၊ေငြမ်ား ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ကားေလးကြင္း၌ ေနထိုင္သူထံမွ လက္နက္၊မူးယစ္ေဆး၀ါး၊ ေရႊ၊ေငြမ်ား ဖမ္းဆီးရမိ
စက်တင်ဘာ 30, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ဝိန္းေက်ာက္ရပ္ကြက္ရိွ ကားေလးကြင္း လိုင္းခန္းတြင္ ငွားရမ္းေနထိုင္သူ က်ဖဆိုသူထံမွ လက္နက္ႏွင့္ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ ေငြေၾကးအေျမာက္အမ်ားကို ဖမ္းဆီးသိမ္းဆည္းရမိေၾကာင္း သိရသည္။

သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါဝင္သည့္ပူးေပါင္းအဖြဲ႕သည္ စက္တင္ဘာလ (၂၉)ရက္ေန႔ ညေန(၆)နာရီေက်ာ္က ပါဆပ္ကားေလးကြင္း လိုင္းခန္းတြင္ ဝင္ေရာက္ရွာေဖြရာ က်ည္ (၁၂)ေတာင့္ပါ က်ည္အိမ္တပ္လွ်က္ ပစၥတိုေသနတ္တစ္လက္၊  က်ည္ (၁၂)ေတာင့္ပါက်ည္အိမ္အပိုတစ္ခု၊ ထိုင္းဘတ္ေငြ (၂,၃၃၅,၀၀၀)ဘတ္၊ တရုတ္ယြမ္ေငြ (၄၅,၆၀၀)ယြမ္၊ ေဒသတန္ဖိုး ထိုင္းဘတ္ေငြ (၁၂)သိန္းခန္႔ရိွသည့္ အေလးခ်ိန္ (၁) ကီလိုခန္႔ရိွသည့္ ေရႊဟုယူဆရသည့္ ေရႊေရာင္အတံုး(၁)တံုး၊ ေဒသတန္ဖိုး (၁၂၂၅၀) က်ပ္ တန္ဖိုးရိွသည့္ ဘိန္းအာနိသင္ပါသည္ဟု ယူဆရေသာ အေလးခ်ိန္ (၃၅)ဂရမ္ခန္႔ အမဲေရာင္အတံုးတစ္တံုး၊ မူးယစ္ေဆးဝါးသံုးစြဲရာတြင္ အသံုးျပဳသည့္ ပိုက္တပ္လွ်က္ ေကာ္ဗူး (၂)ဗူး၊ ထုိင္းနံပါတ္ပါ လက္ကိုင္ဖုန္းႏွင့္ ျမန္မာနံပါတ္ပါ လက္ကိုင္ဖုန္းတစ္လံုးစီတို႔အား သိမ္းဆည္းရမိေၾကာင္း သိရသည္။

အဆိုပါ ဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ စက္တင္ဘာလ(၃၀)ရက္ေန႔ နံနက္ပိုင္းက  အသက္ (၃၅)ႏွစ္အရြယ္ က်ဖအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၉၁/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၆(၈)/၂၀(က)/၂၂(ခ)အရ အမႈဖြင့္ ေဆာင္ရြက္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်ရှိ ကားလေးကွင်း လိုင်းခန်းတွင် ငှါးရမ်းနေထိုင်သူ ကျဖဆိုသူထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများနှင့်အတူ ငွေကြေးအမြောက်အများကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်း သိရသည်။

သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ (၂၉)ရက်နေ့ ညနေ(၆)နာရီကျော်က ပါဆပ်ကားလေးကွင်း လိုင်းခန်းတွင် ဝင်ရောက်ရှာဖွေရာ ကျည် (၁၂)တောင့်ပါ ကျည်အိမ်တပ်လျှက် ပစ္စတိုသေနတ်တစ်လက်၊ ကျည် (၁၂)တောင့်ပါကျည်အိမ်အပိုတစ်ခု၊ ထိုင်းဘတ်ငွေ (၂,၃၃၅,ဝဝဝ)ဘတ်၊ တရုတ်ယွမ်ငွေ (၄၅,၆၀၀)ယွမ်၊ ဒေသတန်ဖိုး ထိုင်းဘတ်ငွေ (၁၂)သိန်းခန့်ရှိသည့် အလေးချိန် (၁) ကီလိုခန့်ရှိသည့် ရွှေဟုယူဆရသည့် ရွှေရောင်အတုံး(၁)တုံး၊ ဒေသတန်ဖိုး (၁၂၂၅၀) ကျပ် တန်ဖိုးရှိသည့် ဘိန်းအာနိသင်ပါသည်ဟု ယူဆရသော အလေးချိန် (၃၅)ဂရမ်ခန့် အမဲရောင်အတုံးတစ်တုံး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပိုက်တပ်လျှက် ကော်ဗူး (၂)ဗူး၊ ထိုင်းနံပါတ်ပါ လက်ကိုင်ဖုန်းနှင့် မြန်မာနံပါတ်ပါ လက်ကိုင်ဖုန်းတစ်လုံးစီတို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်ပိုင်းက အသက် (၃၅)နှစ်အရွယ် ကျဖအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၉၁/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(၈)/၂၀(က)/၂၂(ခ)အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~