ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စားသုံးရန်မသင့်ကုန်စည်များ တင်သွင်းပါက အရေးယူတော့မည်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စားသုံးရန်မသင့်ကုန်စည်များ တင်သွင်းပါက အရေးယူတော့မည်
စကျတငျဘာ 13, 2016
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒေသလိုအပ်ချက်အရ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံများမှ အသားစိမ်း၊ ငါးစိမ်းနှင့် ထုပ်ပိုးပြုပြင်ထားသည့် အသားငါးများအား သက်ဆိုင်ရာ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသို့ ပြည်တွင်းမှ ကုန်စည်တင်ပို့ရန် ခရီးလမ်းကြောင်းရှည်သဖြင့် နယ်နိမိတ်ချင်း ထိကပ်နေသည့် အိမ်နီးချင်းနိုင်ငံများမှ ကုန်စည်များကို အဓိက ဝယ်ယူ တင်သွင်းနေကြခြင်းဖြစ်သည်။
သတင်း - ကိုဇက်
~~~~~~~~⊰❂ unicode ~~~~~~~~
စားသုံးရန်မသင့်သော ကုန်စည်များအား နယ်စပ်လမ်းကြောင်းများမှ တရားမဝင် တင်သွင်းမှုကို ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူအကာအကွယ်ပေးရေး ဦးစီးဌာနမှ သိရသည်။
"တရားမဝင်လမ်းကြောင်းက တင်သွင်းလာတဲ့ ကုန်စည်တွေကိုတော့ နိုင်ငံတော်အခွန်ငွေ အပြည့်အဝရအောင် ကုန်သည်တွေ အနေနဲ့ လမ်းကြောင်းမှန်ပေါ် ရောက်ဖို့ ပညာပေးလုပ်ငန်းကို အဓိကလုပ်ပါမယ်။ စားသုံးရန် မသင့်တဲ့ FDA ထောက်ခံချက်မျိုး မရှိတဲ့ အစားအစာတွေကိုတော့ သက်ဆိုင်ရာ ဦးစီးဌာနတွေရဲ့ ဥပဒေအတိုင်း ဆောင်ရွက်မှာပါ။ တချို့ကုန်စည်တွဖြေစ်တဲ့ ကြက်ဥ၊ အသားစိမ်း၊ ငါးစိမ်းတို့ကျတော့ ဒေသလိုအပ်ချက် ဖြစ်နေတော့ ခွင့်ပြုပေးရတာရှိတယ်။ ခွင့်ပြုပေးတယ်ဆိုတာကလည်း ဒေသထုတ်လုပ်မှုနှုန်း နည်းနေလို့ပါ"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) စားသုံးသူအကာအကွယ်ပေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဒေသလိုအပ်ချက်အရ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နှင့် ထိုင်းနိုင်ငံများမှ အသားစိမ်း၊ ငါးစိမ်းနှင့် ထုပ်ပိုးပြုပြင်ထားသည့် အသားငါးများအား သက်ဆိုင်ရာ တိရစာ္ဆန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသို့ ပြည်တွင်းမှ ကုန်စည်တင်ပို့ရန် ခရီးလမ်းကြောင်းရှည်သဖြင့် နယ်နိမိတ်ချင်း ထိကပ်နေသည့် အိမ်နီးချင်းနိုင်ငံများမှ ကုန်စည်များကို အဓိက ဝယ်ယူ တင်သွင်းနကြခြေင်းဖြစ်သည်။
သတင်း - ကိုဇက် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~