ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအား ေပးကမ္းသည့္ ကိစၥမ်ား ရွိေနဆဲဟုဆို

ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားအား ေပးကမ္းသည့္ ကိစၥမ်ား ရွိေနဆဲဟုဆို
စက်တင်ဘာ 10, 2016
By Tachileik News Agency

ကုန္သြယ္မႈလုပ္ငန္းမ်ားတြင္ ဌာနဆိုင္ရာ၀န္ထမ္မ်ားအား ေပးကမ္း၍ ကုန္သည္မ်ား အခြန္ႏွဳန္းထား ေလွ်ာ့ခ်ေပးသြင္းသည့္ကိစၥမ်ား ရွိေနဆဲျဖစ္ေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း )စားသံုးသူ အကာအကြယ္ေပးေရး ဦးစီးဌာနမွ သိရသည္။

"အခက္အခဲေတာ့ အမ်ားႀကီးရွိတယ္ဗ်။ အဓိကေတာ့ ေရွးရိုးစြဲေနတဲ့ အယူအဆေတြ ၀န္ထမ္းေတြကို ေပးကမ္းၿပီး အခြန္အျပည့္အ၀ မေဆာင္တဲ့ ကိစၥေတြရွိတယ္။ ဒါေတြကို ကၽြန္ေတာ့္အေနနဲ႔ ဥပေဒေဘာင္အတြင္း ေရာက္လာေအာင္ အခုလုိက္ၿပီး လုပ္ေနတယ္။ အဓိကေတာ့ သူတို႔ အခြန္ အျပည့္အ၀ေပးဖို႔ ဘာေတြ အခက္အခဲ ရွိေနလဲေပါ့။ ရွိတယ္ဆိုရင္ ေျဖေလ်ာ့ေပးဖို႔ ရွမ္းျပည္နယ္ အစိုးရဆီစာတင္ၿပီး အေၾကာင္းၾကားေပးတယ္။ ၀န္ထမ္းေတြနဲ႔ အခက္အခဲရွိတယ္ဆိုလည္း ကၽြန္ေတာ္တို႔ဆီျဖစ္ျဖစ္ ရွမ္းျပည္နယ္အစိုးရဆီျဖစ္ျဖစ္ တိုင္ၾကားႏိုင္ပါတယ္"ဟု ရွမ္းျပည္နယ္ စားသုံးေရးရာဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမင္းေအာင္က ေျပာသည္။

ေလာင္စာဆီတင္သြင္းမႈမ်ားတြင္ ကုန္သည္မ်ားအေနျဖင့္ တရား၀င္စာရင္းတြင္ ေဘာက္ဆာဆီကား လီတာ(၂၅,၀၀၀)ပါ၀င္ေၾကာင္း အခြန္ႏွဳန္းထားတြင္ ေဖာ္ျပၿပီး အခြန္ေဆာင္လွ်က္ရွိေသာ္လည္း ေဘာက္ဆာဆီကားတစ္စီးတြင္ လီတာ(၃၉,၀၀၀)ရွိေနသျဖင့္ အစိုးရမွ အခြန္ရရွိမႈနည္းပါးေနမႈမ်ား ျဖစ္ေပၚေနသည့္အတြက္ သက္ဆိုင္ရာ ေလာင္စာတင္သြင္းသည့္ အသင္းအဖြဲ႕ႏွင့္ညိႇႏွိဳင္းကာ စာရင္းမွန္ျပန္လည္တင္သြင္းရန္ႏွင့္ အခြန္အျပည့္အ၀ရရွိရန္ ေဆာင္ရြက္ထားေၾကာင္း သိရသည္။

"ကုန္သည္ေတြ အေနနဲ႔လည္း ေပးတယ္၊ကမ္းတယ္ဆိုတာ ယဥ္ေက်းမႈလိုျဖစ္ေနတယ္။ မေပးမကမ္းရင္ ဆက္ဆံရတာ အဆင္မေျပဘူး။ ၀န္ထမ္းေတြက ဒီလမ္းခရီးမွာ ကုန္စည္ျမန္ျမန္ဆန္ဆန္ ေရာက္ဖို႔ဆို ဒီလိုပဲ သြားလာေနၾကတာ  ၊ ဟုတ္ၿပီ- တကယ္လို႔ ကၽြန္ေတာ္တို႔ အစိုးရကို အခြန္အျပည့္အ၀ေဆာင္မယ္။ သူတို႔အေနနဲ႔ ကုန္သြယ္မႈမွာ လြယ္ကူျမန္ဆန္ေအာင္ လုပ္ေပးမယ္ဆိုရင္ ေဆာင္တာေပါ့ဗ်ာ။ ကၽြန္ေတာ္တို႔ ကုန္သည္ေတြပဲ အျပစ္ေျပာလို႔မရဘူး။ ဒီေလာကမွာ ပါ၀င္သူအားလံုးလိုက္ၿပီး ေျပာင္းလဲဖို႔လိုတယ္"ဟု ကုန္သည္တစ္ဦးက ေျပာသည္။

ရွမ္းျပည္နယ္အစိုးရ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီးမွ ေဒသတြင္း အခြန္ေငြအျပည့္အ၀ ရရိွျခင္းမရွိဘဲ ေလလြင့္ ဆံုးရွံဳးေနသည့္အေပၚ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ခရီးစဥ္အတြင္း ကုန္သည္မ်ားႏွင့္ ၀န္ထမ္းမ်ားအား အျပည့္အ၀ရရွိရန္ ညႊန္ၾကားခဲ့ၿပီးေနာက္ ကုန္သြယ္မႈအခြန္ေငြမ်ား ရရွိရန္ စားသံုးသူ အကာအကြယ္ေပးေရးဦးစီးဌာနမွ လိုက္လံေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ကုန္သြယ္မႈ လမ္းေၾကာင္းမ်ားမွာ ျမန္မာ-ထိုင္းကုန္သြယ္မႈလမ္းေၾကာင္းတြင္ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းရွိၿပီး ျမန္မာ-တရုတ္နယ္စပ္ကုန္သြယ္မႈတြင္ က်ိဳင္းတံုနယ္စပ္ကုန္သြယ္ေရးစခန္းရွိကာ တရုတ္လမ္းေၾကာင္းမွာ မိုင္းယု၊ မိုင္းလားမွ ကုန္စည္မ်ား ကုန္သြယ္မႈျပဳလုပ္လွ်က္ရွိေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္တြင္ ဧၿပီလ(၁)ရက္ေန႔မွ စက္တင္ဘာ(၂)ရက္ေန႔အထိ ထုိုင္းႏိုင္ငံႏွင့္ ကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ(၂၈.၈၄၆)သန္းရွိၿပီး က်ိဳင္းတံုနယ္စပ္ကုန္သြယ္ေရးမွ တရုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈမွာ ဧၿပီလ(၁)ရက္ေန႔မွ စက္တင္ဘာ(၂)ရက္ေန႔အထိ ကုန္သြယ္မႈ အေမရိကန္ေဒၚလာ(၂.၄၉၇)သန္းရွိေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန၏ စာရင္းမ်ားအရ သိရသည္။

သတင္း - ကိုဇက္
~~~~~~~~⊰❂ unicode ~~~~~~~~
ကုန်သွယ်မှုလုပ်ငန်းများတွင် ဌာနဆိုင်ရာဝန်ထမ်များအား ပေးကမ်း၍ ကုန်သည်များ အခွန်နှုန်းထား လျှော့ချပေးသွင်းသည့်ကိစ္စများ ရှိနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း )စားသုံးသူ အကာအကွယ်ပေးရေး ဦးစီးဌာနမှ သိရသည်။

"အခက်အခဲတော့ အများကြီးရှိတယ်ဗျ။ အဓိကတော့ ရှေးရိုးစွဲနေတဲ့ အယူအဆတွေ ဝန်ထမ်းတွေကို ပေးကမ်းပြီး အခွန်အပြည့်အဝ မဆောင်တဲ့ ကိစ္စတွေရှိတယ်။ ဒါတွေကို ကျွန်တော့်အနေနဲ့ ဥပဒေဘောင်အတွင်း ရောက်လာအောင် အခုလိုက်ပြီး လုပ်နေတယ်။ အဓိကတော့ သူတို့ အခွန် အပြည့်အဝပေးဖို့ ဘာတွေ အခက်အခဲရှိနေလဲပေါ့။ ရှိတယ်ဆိုရင် ဖြေလျော့ပေးဖို့ ရှမ်းပြည်နယ် အစိုးရဆီစာတင်ပြီး အကြောင်းကြားပေးတယ်။ ဝန်ထမ်းတွေနဲ့ အခက်အခဲရှိတယ်ဆိုလည်း ကျွန်တော်တို့ဆီဖြစ်ဖြစ် ရှမ်းပြည်နယ်အစိုးရဆီဖြစ်ဖြစ် တိုင်ကြားနိုင်ပါတယ်"ဟု ရှမ်းပြည်နယ် စားသုံးရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။

လောင်စာဆီတင်သွင်းမှုများတွင် ကုန်သည်များအနဖြေင့် တရားဝင်စာရင်းတွင် ဘောက်ဆာဆီကား လီတာ(၂၅,ဝဝဝ)ပါဝင်ကြောင်း အခွန်နှုန်းထားတွင် ဖော်ပြပြီး အခွန်ဆောင်လျှက်ရှိသော်လည်း ဘောက်ဆာဆီကားတစ်စီးတွင် လီတာ(၃၉,ဝဝဝ)ရှိနေသဖြင့် အစိုးရမှ အခွန်ရရှိမှုနည်းပါးနေမှုများ ဖြစ်ပေါ်နေသည့်အတွက် သက်ဆိုင်ရာ လောင်စာတင်သွင်းသည့် အသင်းအဖွဲ့နှင့်ညှိနှိုင်းကာ စာရင်းမှန်ပြန်လည်တင်သွင်းရန်နှင့် အခွန်အပြည့်အဝရရှိရန် ဆောင်ရွက်ထားကြောင်း သိရသည်။

"ကုန်သည်တွေ အနေနဲ့လည်း ပေးတယ်၊ကမ်းတယ်ဆိုတာ ယဉ်ကျေးမှုလိုဖြစ်နေတယ်။ မပေးမကမ်းရင် ဆက်ဆံရတာ အဆင်မပြေဘူး။ ဝန်ထမ်းတွေက ဒီလမ်းခရီးမှာ ကုန်စည်မြန်မြန်ဆန်ဆန် ရောက်ဖို့ဆို ဒီလိုပဲ သွားလာနကြေတာ၊ ဟုတ်ပြီ- တကယ်လို့ ကျွန်တော်တို့ အစိုးရကို အခွန်အပြည့်အဝဆောင်မယ်။ သူတို့အနေနဲ့ ကုန်သွယ်မှုမှာ လွယ်ကူမြန်ဆန်အောင် လုပ်ပေးမယ်ဆိုရင် ဆောင်တာပေါ့ဗျာ။ ကျွန်တော်တို့ ကုန်သည်တွေပဲ အပြစ်ပြောလို့မရဘူး။ ဒီလောကမှာ ပါဝင်သူအားလုံးလိုက်ပြီး ပြောင်းလဲဖို့လိုတယ်"ဟု ကုန်သည်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အစိုးရ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးမှ ဒေသတွင်း အခွန်ငွေအပြည့်အဝ ရရှိခြင်းမရှိဘဲ လေလွင့် ဆုံးရှုံးနေသည့်အပေါ် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ခရီးစဉ်အတွင်း ကုန်သည်များနှင့် ဝန်ထမ်းများအား အပြည့်အဝရရှိရန် ညွှန်ကြားခဲ့ပြီးနောက် ကုန်သွယ်မှုအခွန်ငွေများ ရရှိရန် စားသုံးသူ အကာအကွယ်ပေးရေးဦးစီးဌာနမှ လိုက်လံဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကုန်သွယ်မှု လမ်းကြောင်းများမှာ မြန်မာ-ထိုင်းကုန်သွယ်မှုလမ်းကြောင်းတွင် တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းရှိပြီး မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးစခန်းရှိကာ တရုတ်လမ်းကြောင်းမှာ မိုင်းယု၊ မိုင်းလားမှ ကုန်စည်များ ကုန်သွယ်မှုပြုလုပ်လျှက်ရှိကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဧပြီလ(၁)ရက်နေ့မှ စက်တင်ဘာ(၂)ရက်နေ့အထိ ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၂၈.၈၄၆)သန်းရှိပြီး ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမှာ ဧပြီလ(၁)ရက်နေ့မှ စက်တင်ဘာ(၂)ရက်နေ့အထိ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ(၂.၄၉၇)သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~