နားရိုင်းဌာနေပြည်သူ့စစ်အဖွဲ့မှ ဒေသတွင်း မူးယစ်ဆေးဖမ်းဆီးမှုတွင် ပူးပေါင်းဆောင်ရွက်လာ
နားရိုင်းဌာနေပြည်သူ့စစ်အဖွဲ့မှ ဒေသတွင်း မူးယစ်ဆေးဖမ်းဆီးမှုတွင် ပူးပေါင်းဆောင်ရွက်လာ
စကျတငျဘာ 22, 2016
By Tachileik News Agency
“သူတို့ပူးပေါင်းပြီးဖမ်းနိုင်တာက ဒီနှစ်အတွင်းမှာကို လေးကြိမ်ရှိနေပြီ”ဟု နမ့်စန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲနေသူများအား သတင်းပေးပါက ဖမ်းဆီးရမိသည့် ပမာဏအပေါ် မူတည်ပြီး အမြင့်ဆုံး ဆုကြေးငွေ ကျပ် (၅)သိန်းအထိ ပေးအပ်မည်ဟု နားရိုင်းဌာနေပြည်သူ့စစ်မှ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း နားရိုင်းဌာနပြည်သူ့စစ်မှ တာဝန်ခံတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပြည်သူ့စစ်အနေဖြင့် ဒေသတွင်းမူးယစ်တိုက်ဖျက်ရေးတွင် ပါဝင်လာခြင်းအား ဒေသခံများ ကလည်း ကြိုဆိုလိုက်သည်။
နမ့်စန်မြို့နယ်တွင် ဟိုမိန်း (SSS)ဌာနေပြည်သူ့စစ်၊ PNO၊ MTA (မတ်ကျန်း)၊ နားရိုင်းဌာနေ ပြည်သူ့စစ်နှင့် နားပွဲဌာနေပြည်သူ့စစ်အဖွဲ့များ အခြေစိုက်နေခြင်းဖြစ်သည်။
~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်အတွင်း အခြေစိုက်သည့် နားရိုင်းဌာနေ ပြည်သူ့စစ်အဖွဲ့က ဒေသတွင်း မူးယစ်ဆေးဝါးနှိမ်နှင်းရေးတွင် သက်ဆိုင်ရာ ဌာနများဖြင့် ပူပေါင်းဆောင်ရွက်သဖြင့် လုပ်ငန်းတိုးတက်လာသည်ဟု နမ့်စန်မြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။
“သူတို့ပူးပေါင်းပြီးဖမ်းနိုင်တာက ဒီနှစ်အတွင်းမှာကို လေးကြိမ်ရှိနပြေီ”ဟု နမ့်စန်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသုံးစွဲနေသူများအား သတင်းပေးပါက ဖမ်းဆီးရမိသည့် ပမာဏအပေါ် မူတည်ပြီး အမြင့်ဆုံး ဆုကြေးငွေ ကျပ် (၅)သိန်းအထိ ပေးအပ်မည်ဟု နားရိုင်းဌာနပြေည်သူ့စစ်မှ ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း နားရိုင်းဌာနပြည်သူ့စစ်မှ တာဝန်ခံတစ်ဦးက ပြောသည်။
“နားရိုင်းပြည်သူ့စစ်မှ ဆုကြေးငွေပေးတော့ ရောင်းဝယ်ဖောက်ကားနေတဲ့သူတွေလည်း ဒီအသံကြားရင် ကျေးရွာတွေမှာ မူးယစ်ဆေးဝါးတွေ ရောင်းရဲကြမှာမဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ နေရာတကာ မူးယစ်သတင်းပေးတွေ ရှိနကြေမှာဆိုပြီး ရောင်းကြမှာမဟုတ်တော့ဘူး။ အခုလို လုပ်ဆောင်းပေးတာဟာ သိပ်ပြီး ကောင်းပါတယ်”ဟု နားရို်င်းပြည်သူ့စစ်အခြေစိုက်ဒေသတစ်ခုမှ အမည်မဖော်လိုသည့် ကျေးရွာလူကြီးတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ ပြည်သူ့စစ်အနဖြေင့် ဒေသတွင်းမူးယစ်တိုက်ဖျက်ရေးတွင် ပါဝင်လာခြင်းအား ဒေသခံများ ကလည်း ကြိုဆိုလိုက်သည်။
“အခုဆို တချို့ရွာတွေနဲ့ မြို့ပြင်အစွန်အဖျားက ချုံနွယ်တွကြေားထဲမှာတောင် ဆေးရောင်းနေသူတွေ ရှိနကြေတယ်။ ဆေးတစ်ပြားကို ကျပ်(၅၀၀)ပဲ ပေးရတာ။ လွယ်လွယ်ကူကူ ရနေတာ။ နားရိုင်းဌာနေ ပြည်သူ့စစ်က ဆုကြေးငွေပေးနေသလိုမျိုး မြို့ပေါ်တွေပါ လုပ်နိုင်ရင် ပိုကောင်းတယ်။
မူးယစ်ဆေးသုံးတဲ့သူလည်း လျော့သွားမယ်”ဟု လူငယ်တစ်ဦးက ဆိုသည်။
နမ့်စန်မြို့နယ်အတွင်း မူးယစ်ဆေးဝါးအလွယ်တကူ ရနိုင်သဖြင့် လူငယ် (၁၀၀)တွင် (၈၀)ခန့်မှာ မူးယစ်ဆေးဝါးသုံးစွဲသူများဖြစ်သည်ဟု ဒေသခံများက ခန့်မှန်းကြသည်။
နမ့်စန်မြို့နယ်တွင် ဟိုမိန်း (SSS)ဌာနပြေည်သူ့စစ်၊ PNO၊ MTA (မတ်ကျန်း)၊ နားရိုင်းဌာနေ ပြည်သူ့စစ်နှင့် နားပွဲဌာနပြေည်သူ့စစ်အဖွဲ့များ အခြေစိုက်နခြေင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - #သန်းစိုးအောင်
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~