ေတာင္ႀကီး၌ ဓမၼစကူးလ္ေက်ာင္းေပါင္းစံု ဓမၼစကူးလ္ အသိပညာေပးပြဲက်င္းပ

ေတာင္ႀကီး၌ ဓမၼစကူးလ္ေက်ာင္းေပါင္းစံု ဓမၼစကူးလ္ အသိပညာေပးပြဲက်င္းပ
စက်တင်ဘာ 11, 2016
By Tachileik News Agency
ရွမ္းျပည္နယ္ေတာင္ပိုင္းေဒသ၊ ေတာင္ႀကီးၿမိဳ႕ရွိ ၿမိဳ႕လယ္ဓမၼာရံုတြင္ စက္တင္ဘာလ (၁၁) ရက္ေန႔ နံနက္ပိုင္းက ဓမၼစကူးလ္ေက်ာင္းေပါင္းစံု ခ်စ္ၾကည္ရင္းႏွီးေရးအတြက္ အသိပညာေပး ေဟာေျပာပြဲႏွင့္ တရားပြဲကို က်င္းပျပဳလုပ္ရာ ဓမၼစကူးလ္ေက်ာင္းေပါင္း (၂၄)ေက်ာင္းမွ တက္ေရာက္ၾကေၾကာင္း သိရသည္။
“ဓမၼစကူးလ္ေက်ာင္းေပါင္းစံု ခ်စ္ၾကည္ရင္းႏွီးမႈရ႐ွိေစရန္ အတြက္ ရည္ရြယ္ထားပါတယ္”ဟု ဆရာေတာ္ ေဒါက္တာ ဘဒၵႏၲဥာဏဝံသက မိန္႔သည္။
အဆိုပါေဟာေျပာပြဲသို႔ ေတာင္ႀကီးၿမိဳ႕႐ွိ ဓမၼစကူးလ္ေက်ာင္းေပါင္း (၂၄)ေက်ာင္းမွ ဓမၼစကူးလ္ ေက်ာင္းသား/သူမ်ားႏွင့္ ဆရာ/မမ်ား၊ ဆရာေတာ္မ်ား စုစုေပါင္းအင္အား (၇၀၀)ေက်ာ္ တက္ေရာက္ေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - ႏိုႏို
~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်းဒေသ၊ တောင်ကြီးမြို့ရှိ မြို့လယ်ဓမ္မာရုံတွင် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်ပိုင်းက ဓမ္မစကူးလ်ကျောင်းပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးအတွက် အသိပညာပေး ဟောပြောပွဲနှင့် တရားပွဲကို ကျင်းပပြုလုပ်ရာ ဓမ္မစကူးလ်ကျောင်းပေါင်း (၂၄)ကျောင်းမှ တက်ရောက်ကြကြောင်း သိရသည်။

“ဓမ္မစကူးလ်ကျောင်းပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုရရှိစေရန် အတွက် ရည်ရွယ်ထားပါတယ်”ဟု ဆရာတော် ဒေါက်တာ ဘဒ္ဒန္တဉာဏဝံသက မိန့်သည်။

အဆိုပါဟောပြောပွဲသို့ တောင်ကြီးမြို့ရှိ ဓမ္မစကူးလ်ကျောင်းပေါင်း (၂၄)ကျောင်းမှ ဓမ္မစကူးလ် ကျောင်းသား/သူများနှင့် ဆရာ/မများ၊ ဆရာတော်များ စုစုပေါင်းအင်အား (၇၀၀)ကျော် တက်ရောက်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~