မူးယစ္ေဆးဝါးသံုးစြဲသူမ်ားသည့္ တာခ်ီလိတ္တြင္ ေဆးျဖတ္စင္တာမရိွေသး

မူးယစ္ေဆးဝါးသံုးစြဲသူမ်ားသည့္ တာခ်ီလိတ္တြင္ ေဆးျဖတ္စင္တာမရိွေသး
စက်တင်ဘာ 5, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္အတြင္း မူးယစ္ေဆး၀ါးတားဆီးႏွိမ္နင္းမႈမ်ားကို သက္ဆိုင္ရာဌာနအသီးသီးက ေဆာင္ရြက္လွ်က္ရွိေသာ္လည္း မူးယစ္ေဆး၀ါးသံုးစြဲသူမ်ားအတြက္ ေဆးျဖတ္စင္တာ ဖြင့္လွစ္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။

"တာခ်ီလိတ္မွာေတာ့ မူးယစ္ေဆး၀ါးသုံးစြဲသူ မ်ားတယ္။ မူးယစ္ေဆးျဖတ္တဲ့စခန္းက မရွိဘူးျဖစ္ေနတယ္။ အစိုးရပိုင္းအေနနဲ႔ လူမႈ၀န္ထမ္းက လုပ္တယ္။ လူကယ္ျပန္က လုပ္တယ္။ ေနာက္ MANAက လုပ္တယ္။ လိုအပ္တဲ့ အကူညီေတြကို ဌာနဆိုင္ရာေတြနဲ႔ MANAတို႔ ေပါင္းစပ္ၿပီး လုပ္ရတာေတြရွိပါတယ္။ လိုအပ္တာကေတာ့ ေဆးျဖတ္စင္တာလိုအပ္တယ္။ ၀န္ႀကီးဌာနေတြရဲ႕ ပံ့ပိုးမႈေတြ ကူညီမႈေတြရရင္ေတာ့ ပိုၿပီးအဆင္ေျပပါတယ္။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္က အေမရိကန္သံုးရံုးအဖြဲ႔ႏွင့္ ေတြ႕ဆံုစဥ္က ေျပာလိုက္ျခင္း ျဖစ္သည္။

လက္ရိွတြင္ လူမႈ၀န္ထမ္းဦးစီးဌာနအေနျဖင့္ ေဆးျဖတ္လိုသူမ်ားအား အမည္စာရင္းမ်ားေကာက္ခံကာ မူးယစ္ေဆး၀ါးသံုးစြဲသူမ်ား စာရင္းသြင္းၿပီး (မက္သတုန္း)အစားထိုး ေဆးကုသမႈမ်ားရွိၿပီ  ျပည္သူ႔ေဆးရံုသို႔ အမည္စာရင္း လာေရာက္ေပးသူတို႔အား စုေဆာင္းၿပီး တာခ်ီလိတ္ျပည္သူ႔ေဆးရံုတြင္ ကုသမႈမ်ား ျပဳေပးလွ်က္ရွိေသာ္လည္း  စနစ္တက်ျဖင့္ ေဆးျဖတ္ကာ ျပည္လည္ထူေထာင္မႈျပဳလုပ္သည့္ ေဆးျဖတ္ေရးစခန္းထားရွိရန္ လိုအပ္ေနေသးေၾကာင္း၎မွ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရွိ မူးယစ္ေဆးျဖတ္လိုသူမ်ားအား ၿမိဳ႕ေပၚရွိ လူမႈကူညီေရးအသင္းမ်ားႏွင့္ ခ်ိတ္ဆက္ကာ လူမႈ၀န္ထမ္းဦးစီးဌာနမွတဆင့္ က်ိဳင္းတံုၿမိဳ႕ရွိ ေဆးျဖတ္စခန္းမ်ားသို႔ ပို႔ေဆာင္ ကုသေပးမႈမ်ားရွိၿပီး မူးယစ္ေဆးျဖတ္လိုသူကို အာဟာရေထာက္ပံ့ေၾကးအား လူမႈကူညီေရးအသင္းမွ ပံ့ပိုးၿပီး လူမႈ၀န္ထမ္းကယ္ဆယ္ေရးဦးစီးဌာနမွ ပို႔ေဆာင္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံ အေမရိကန္သံရုံး ပထမအတြင္း၀န္ Joshua Morris ႏွင့္ တာခ်ီလိတ္ခရိုင္အဆင့္ ဌာနဆိုင္ရာ အႀကီးအကဲမ်ား ၾသဂုတ္လ (၃၀)ရက္ေန႔က ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးရုံးတြင္ မူးယစ္ေဆး၀ါးကိစၥမ်ား ၊ လူကုန္ကူးမႈကိစၥမ်ား၊ ထိုင္းႏိုင္ငံႏွင့္ ပူးေပါင္းေဆာင္ရြက္အေျခအေနမ်ားကို အျပန္အလွန္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

သတင္း - ေဇာင္းညီ

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

တာချီလိတ်ခရိုင်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းမှုများကို သက်ဆိုင်ရာဌာနအသီးသီးက ဆောင်ရွက်လျှက်ရှိသော်လည်း မူးယစ်ဆေးဝါးသုံးစွဲသူများအတွက် ဆေးဖြတ်စင်တာ ဖွင့်လှစ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"တာချီလိတ်မှာတော့ မူးယစ်ဆေးဝါးသုံးစွဲသူ များတယ်။ မူးယစ်ဆေးဖြတ်တဲ့စခန်းက မရှိဘူးဖြစ်နေတယ်။ အစိုးရပိုင်းအနေနဲ့ လူမှုဝန်ထမ်းက လုပ်တယ်။ လူကယ်ပြန်က လုပ်တယ်။ နောက် MANAက လုပ်တယ်။ လိုအပ်တဲ့ အကူညီတွေကို ဌာနဆိုင်ရာတွေနဲ့ MANAတို့ ပေါင်းစပ်ပြီး လုပ်ရတာတွေရှိပါတယ်။ လိုအပ်တာကတော့ ဆေးဖြတ်စင်တာလိုအပ်တယ်။ ဝန်ကြီးဌာနတွေရဲ့ ပံ့ပိုးမှုတွေ ကူညီမှုတွေရရင်တော့ ပိုပြီးအဆင်ပြေပါတယ်။"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်က အမေရိကန်သုံးရုံးအဖွဲ့နှင့် တွေ့ဆုံစဉ်က ပြောလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနအနဖြေင့် ဆေးဖြတ်လိုသူများအား အမည်စာရင်းများကောက်ခံကာ မူးယစ်ဆေးဝါးသုံးစွဲသူများ စာရင်းသွင်းပြီး (မက်သတုန်း)အစားထိုး ဆေးကုသမှုများရှိပြီ ပြည်သူ့ဆေးရုံသို့ အမည်စာရင်း လာရောက်ပေးသူတို့အား စုဆောင်းပြီး တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကုသမှုများ ပြုပေးလျှက်ရှိသော်လည်း စနစ်တကျဖြင့် ဆေးဖြတ်ကာ ပြည်လည်ထူထောင်မှုပြုလုပ်သည့် ဆေးဖြတ်ရေးစခန်းထားရှိရန် လိုအပ်နေသေးကြောင်း၎င်းမှ ပြောသည်။

တာချီလိတ်မြို့ပေါ်ရှိ မူးယစ်ဆေးဖြတ်လိုသူများအား မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများနှင့် ချိတ်ဆက်ကာ လူမှုဝန်ထမ်းဦးစီးဌာနမှတဆင့် ကျိုင်းတုံမြို့ရှိ ဆေးဖြတ်စခန်းများသို့ ပို့ဆောင် ကုသပေးမှုများရှိပြီး မူးယစ်ဆေးဖြတ်လိုသူကို အာဟာရထောက်ပံ့ကြေးအား လူမှုကူညီရေးအသင်းမှ ပံ့ပိုးပြီး လူမှုဝန်ထမ်းကယ်ဆယ်ရေးဦးစီးဌာနမှ ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အမေရိကန်သံရုံး ပထမအတွင်းဝန် Joshua Morris နှင့် တာချီလိတ်ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ သြဂုတ်လ (၃၀)ရက်နေ့က ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွင် မူးယစ်ဆေးဝါးကိစ္စများ၊ လူကုန်ကူးမှုကိစ္စများ၊ ထိုင်းနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~