ဘုတလင္ၿမိဳ႕၌ ေရာဂါျဖစ္သည့္ ႏြားသားအား စားသံုးမိ၍ ရြာသားတစ္ဦးေသဆံုး၊ က်န္းမာေရးဌာနမွ ကြင္းဆင္းစစ္ေဆးေန

ဘုတလင္ၿမိဳ႕၌ ေရာဂါျဖစ္သည့္ ႏြားသားအား စားသံုးမိ၍ ရြာသားတစ္ဦးေသဆံုး၊ က်န္းမာေရးဌာနမွ ကြင္းဆင္းစစ္ေဆးေန
စက်တင်ဘာ 1, 2016
By Tachileik News Agency

စစ္ကိုင္းတိုင္းေဒသႀကီး၊ မံုရြာခရိုင္၊ ဘုတလင္ၿမိဳ႕နယ္ ရြာသာေက်းရြာတြင္ ေဒါင့္သန္းေရာဂါျဖင့္ ေသဆံုးခဲ့သည့္ ႏြားအသားအား စားသံုးမိသျဖင့္ လူ(၈)ဦးေရာဂါကူးစက္ခံရၿပီး (၁)ဦးေသဆံုးသြားသျဖင့္ ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ကြင္းဆင္းစစ္ေဆးေနေၾကာင္း သိရသည္။

အဆိုပါ ေက်းရြာတြင္ ၾသဂုတ္လ (၃၀)ရက္ေန႔မွစတင္ၿပီး ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ ကြင္းဆင္းစစ္ေဆး ေဆာင္ရြက္လွ်က္ရွိၿပီး ေက်းရြာတြင္ ယာယီေဆးခန္းဖြင့္ကာ ႏြားမ်ားအား ကာကြယ္ေဆး ထိုးေပးလ်ွက္ ရိွေၾကာင္း ၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနမွ သိရသည္။

ဘုတလင္ၿမိဳ႕နယ္ ကြမ္းအံုအုပ္စု၊ ရြာသာေက်းရြာမွ ေတာင္သူတစ္ဦး၏ ႏြားမွာ ေဒါင့္သန္းေရာဂါျဖင့္ ၾသဂုတ္(၂၆)ရက္ေန႔တြင္ ေသဆံုးသြားရာ ေက်းရြာသားမ်ားက ခ်က္ျပဳတ္စားေသာက္ၿပီးေနာက္ အဖုအပိန္႔မ်ား ထလာသျဖင့္ မံုရြာၿမိဳ႕ ပုဂၢလိက ေဆးရံုတစ္ခုတြင္ ေဆးကုသမႈခံယူၿပီး ေနရပ္သို႔ ျပန္သြားသည့္ ေက်းရြာသားတစ္ဦးမွာ ၾသဂုတ္(၂၉)ရက္ေန႔တြင္ ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဒီေရာဂါက ႏြားမွာ ျဖစ္တဲ႔ ေရာဂါပါ။ အဲဒီလိုေရာဂါနဲ႔ ေသသြားတဲ႔ ႏြားကို အခုေဆးရံုေရာက္လာသူေတြက ရြာမွာ အမဲဖ်က္ၿပီး စားေသာက္ခဲ႔တယ္လို႔ သိရတယ္။ ေရာဂါလကၡဏာအစကေတာ့ လက္တို႔ ေက်ာကုန္းတို႔မွာ အနီၾကည္ဘုေလးေတြကစတာ။ ေနာက္ၿပီး အဖုအပိ္န္႔မ်ားလာျပီးေနာက္ပိုင္း ျပည္တည္အနာ ျဖစ္လာတယ္။ ဒါေၾကာင့္ လူနာကထြက္တဲ႔ အရည္တခ်ိဳ႕ကို တစ္ပါးသူကို မထိမိေအာင္ ထိန္းသိမ္းေနရတယ္။ ဒီေရာဂါက အေရျပားကမလာဘဲ အသက္ရွဴလမ္းကလာရင္ အသက္အႏၲရာယ္ ဆံုုးရွံဴးတဲ့ အထိျဖစ္နိုင္ပါတယ္။ လက္ရိွမွာ ေရာဂါေဗဒဆရာဝန္နဲ႔ ထပ္စစ္ေနပါတယ္။ လိုအပ္ရင္ ဒီလူနာေတြရဲ႕ ေသြးအစအနကို ရန္ကုန္ဓါတ္ခြဲခန္းအထိ ေပးပို႔ စစ္ေဆးသြားမွာပါ" ဟု ေဆးရုံအုပ္ႀကီး ေဒါက္တာသန္းၿငိမ္းက ေျပာသည္။

ယခုလက္ရွိ ေဒါင့္သန္းေရာဂါကူးစက္ခံထားရသည့္ ရြာသာေက်းရြာမွ ေက်းရြာသား(၇)ဦးမွာ မံုရြာၿမိဳ႕ ျပည္သူ႔ေဆးရံုတြင္ ေျပာင္းလဲ ကုသမႈခံယူလွ်က္ရွိၿပီး ေရာဂါျပန္႔ပြားျခင္းမရွိေစရန္ သီးသန္႔ေဆာင္တြင္ ထားရိွေၾကာင္း သိရသည္။

သတင္း - ရန္ႏိုင္စိုး

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ် ရွာသာကျေးရွာတွင် ဒေါင့်သန်းရောဂါဖြင့် သေဆုံးခဲ့သည့် နွားအသားအား စားသုံးမိသဖြင့် လူ(၈)ဦးရောဂါကူးစက်ခံရပြီး (၁)ဦးသေဆုံးသွားသဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ကျေးရွာတွင် သြဂုတ်လ (၃၀)ရက်နေ့မှစတင်ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျှက်ရှိပြီး ကျေးရွာတွင် ယာယီဆေးခန်းဖွင့်ကာ နွားများအား ကာကွယ်ဆေး ထိုးပေးလျှက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဘုတလင်မြို့နယ် ကွမ်းအုံအုပ်စု၊ ရွာသာကျေးရွာမှ တောင်သူတစ်ဦး၏ နွားမှာ ဒေါင့်သန်းရောဂါဖြင့် သြဂုတ်(၂၆)ရက်နေ့တွင် သေဆုံးသွားရာ ကျေးရွာသားများက ချက်ပြုတ်စားသောက်ပြီးနောက် အဖုအပိန့်များ ထလာသဖြင့် မုံရွာမြို့ ပုဂ္ဂလိက ဆေးရုံတစ်ခုတွင် ဆေးကုသမှုခံယူပြီး နေရပ်သို့ ပြန်သွားသည့် ကျေးရွာသားတစ်ဦးမှာ သြဂုတ်(၂၉)ရက်နေ့တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီရောဂါက နွားမှာ ဖြစ်တဲ့ ရောဂါပါ။ အဲဒီလိုရောဂါနဲ့ သေသွားတဲ့ နွားကို အခုဆေးရုံရောက်လာသူတွေက ရွာမှာ အမဲဖျက်ပြီး စားသောက်ခဲ့တယ်လို့ သိရတယ်။ ရောဂါလက္ခဏာအစကတော့ လက်တို့ ကျောကုန်းတို့မှာ အနီကြည်ဘုလေးတွေကစတာ။ နောက်ပြီး အဖုအပိ်န့်များလာပြီးနောက်ပိုင်း ပြည်တည်အနာ ဖြစ်လာတယ်။ ဒါကြောင့် လူနာကထွက်တဲ့ အရည်တချို့ကို တစ်ပါးသူကို မထိမိအောင် ထိန်းသိမ်းနေရတယ်။ ဒီရောဂါက အရပြေားကမလာဘဲ အသက်ရှူလမ်းကလာရင် အသက်အန္တရာယ် ဆုံးရှူံးတဲ့ အထိဖြစ်နိုင်ပါတယ်။ လက်ရှိမှာ ရောဂါဗေဒဆရာဝန်နဲ့ ထပ်စစ်နေပါတယ်။ လိုအပ်ရင် ဒီလူနာတွေရဲ့ သွေးအစအနကို ရန်ကုန်ဓာတ်ခွဲခန်းအထိ ပေးပို့ စစ်ဆေးသွားမှာပါ" ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသန်းငြိမ်းက ပြောသည်။

ယခုလက်ရှိ ဒေါင့်သန်းရောဂါကူးစက်ခံထားရသည့် ရွာသာကျေးရွာမှ ကျေးရွာသား(၇)ဦးမှာ မုံရွာမြို့ ပြည်သူ့ဆေးရုံတွင် ပြောင်းလဲ ကုသမှုခံယူလျှက်ရှိပြီး ရောဂါပြန့်ပွားခြင်းမရှိစေရန် သီးသန့်ဆောင်တွင် ထားရှိကြောင်း သိရသည်။

သတင်း - ရန်နိုင်စိုး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~