ရက္ရက္စက္စက္ သတ္ျဖတ္ခံလိုက္ရတဲ့ ကေလးမေလး နဲ႔ပတ္သက္၍ မိခင္ အပါအဝင္ သံုးဦးကို နယူးမကၠဆီကို ရဲမွ ဖမ္းဆီးထား

ရက္ရက္စက္စက္ သတ္ျဖတ္ခံလိုက္ရတဲ့ ကေလးမေလး နဲ႔ပတ္သက္၍ မိခင္ အပါအဝင္ သံုးဦးကို နယူးမကၠဆီကို ရဲမွ ဖမ္းဆီးထား
စက်တင်ဘာ 4, 2016
By Tachileik News Agency

အေမရိကန္ျပည္ေတာင္စု၊  နယူးမက္ဆီကုိေဒသမွာ အသက္(၁၀)ႏွစ္ရြယ္ ကေလးမေလးတစ္ဦး ရက္ရက္စက္စက္ သတ္ျဖတ္ခံထားရမႈ ၾသဂုတ္လအတြင္းက ျဖစ္ပြားခဲ့ၿပီး ကေလးမေလး သတ္ခံရမႈနဲ႔ ပတ္သက္လုိ႔ သူရဲ႕မိခင္ အပါအ၀င္ (၃)ဦးကို နယူးမကၠဆီကို ရဲတပ္ဖြဲ႕က ဖမ္းဆီးစစ္ေဆးေနပါတယ္။

တာဝန္ရိွသူေတြကေတာ့ ဒီမႈခင္းကို ျပန္ေျပာျပႏုိင္မယ့္ စကားလံုး ရွာမေတြ႔ေလာက္ေအာင္ကို ရက္စက္လြန္းတဲ့အမႈလို႔ ဆိုလိုက္ၿပီး ကေလးကိုသတ္လိုက္တဲ့ မိခင္ျဖစ္သူ နဲ႔ မိခင္ရဲ႕ရည္းစားနဲ႔ ဝမ္းကြဲညီအစ္ကိုတို႔ကို ဖမ္းဆီး စစ္ေဆးေနတာပါ။

အသတ္ခံရတဲ့ မိန္းကေလးငယ္ဟာ ဗစ္တိုးရီးယားမာတင္ျဖစ္ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းေတြ ျဖတ္ေတာက္မခံရခင္မွာ မက္သာဖီတမင္း ေဆးထိုးသြင္းခံထားရတဲ့ လကၡဏာ၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံထားရမႈ၊ လည္ပင္းညႇစ္ခံထားရတဲ့ လကၡဏာေတြအျပင္ ဓားနဲ႔လည္း အထိုးခံထားရတာကို စစ္ေဆးေတြ႔ရိွရတယ္လုိ႔ ဆုိပါတယ္။

ေအရိုယိုဗီလာအိမ္ရာကေန ဆူညံသံေတြၾကားတယ္လို႔ ရဲတပ္ဖြဲ႕ကို ဖုန္းဆက္တာကို လက္ခံရရိွတာေၾကာင့္ ရဲအရာရိွေတြဟာ အဲဒီအိမ္ရာက အခန္းကိုေရာက္သြားခ်ိန္မွာ ေရခ်ိဳးခန္းထဲက အသတ္ခံထားရတဲ့ ကေလးကို ရဲတပ္ဖြဲ႕က ေတြ႔ရတာျဖစ္တယ္လို႔ သိရပါတယ္။

 “စကားလံုးေတာင္ရွာမရတဲ့ အျဖစ္အပ်က္ပါပဲ”လို႔ ဗစ္တိုးရီးယားရဲ႕အျဖစ္အပ်က္ကို သိရတ့ဲ ေဆြမ်ိဳးေတြ၊ မိတ္ေဆြေတြက အမွတ္တရ ပန္းေတြ၊ ပူေဖာင္းေတြ၊ ဖေယာင္းတိုင္ေတြထြန္းရင္း ဆိုပါတယ္။

ကေလးရဲ႕မိခင္ျဖစ္တဲ့ အသက္ ၃၅ ႏွစ္အရြယ္ မစ္ရွဲမာတင္၊ ရည္းစားျဖစ္သူ အသက္ ၃၁ ႏွစ္အရြယ္ ေဖဘီယန္ဂြန္ေဇးနဲ႔ အသက္ ၃၁ ႏွစ္အရြယ္ ဝမ္းကြဲညီအစ္ကိုျဖစ္သူ ဂ်က္စီကာကယ္လီတို႔ကို အမႈနဲ႔ပတ္သက္လို႔ သက္ေသ အေထာက္အထားေတြနဲ႔အတူ တရားစြဲဆိုထားပါတယ္။

ဘယ္ဘက္မ်က္လံုးမွာ အညိဳအမည္းစြဲတဲ့ ဒဏ္ရာရထားတဲ့ ဂြန္ေဇးကေတာ့ သူနဲ႔ မာတင္တို႔ ခ်ိန္းေတြ႔ေနတာျဖစ္ၿပီး ဒီအမႈမွာ ပါဝင္ ပတ္သက္ျခင္း မရိွဘူးလို႔ ျငင္းထားပါတယ္။

ကေလးရဲ႕မိခင္ျဖစ္သူကေတာ့ ႏွာေခါင္းမွာ ဒဏ္ရာရထားတာေတြ႕ရၿပီး ေဆးရံုမွာ ကုသမႈခံယူေနေပမဲ့ ဘာေၾကာင့္ဆိုတာေတာ့ အေသးစိတ္ထုတ္ျပန္ျခင္း မရိွပါဘူး။

ကနဦးစစ္ေဆးခ်က္အရေတာ့ ဂြန္ေဇးက ကေလးကို မူးယစ္ေဆးထိုးသြင္းၿပီး လိင္ဆက္ဆံတယ္လို႔ ေျပာထားပါတယ္။

ဗစ္တိုးရီးယားအျပင္ သားငယ္တစ္ေယာက္လည္းရိွတဲ့ မာတင္က သူ႔သမီးကို ဂြန္ေဇးနဲ႔ ကယ္လီက အပိုင္းပိုင္းျဖတ္ေတာက္လိုက္တာလို႔ ထြက္ဆိုထားပါတယ္။

ရဲတပ္ဖြဲ႕က မိန္းကေလးငယ္ရဲ႕ ခႏၶာကိုယ္ အစိတ္အပိုင္းကို ေရခ်ိဳးခန္းထဲမွာ မီးတစ္ပိုင္းတစ္စေလာင္ထားတဲ့ ေစာင္ထဲမွာ ေတြ႕ခဲ့ရတာပါ။ ကေလးရဲ႕ က်န္တဲ့အစိတ္အပိုင္းေတြကိုေတာ့ ပလပ္စတစ္အိတ္နဲ႔ ထည့္ထားတာကို မီးဖိုအနီးမွာ ေတြ႔ခဲ့ရတယ္လုိ႔ သိရပါတယ္။

ေဖဘီယန္ဂြန္ေဇးဟာ ၂၀၁၄ ခုႏွစ္မွာလည္း ကေလးငယ္ကို ညႇင္းပန္းမႈနဲ႔ ဖမ္းဆီးခံရဖူးသူျဖစ္ပါတယ္။ ကယ္လီကလည္း မူးယစ္မႈ၊ အိမ္ေဖာက္ထြင္းမႈစတာေတြနဲ႕ မႈခင္းမွတ္တမ္းရိွဖူးသူျဖစ္တယ္လို႔ သိရပါတယ္။

ဗစ္တိုးရီးယားမာတင္ဟာ ႏွစ္လိုဖြယ္ေကာင္းၿပီး ရင္းႏွီးလြယ္တဲ့ ကေလးျဖစ္တယ္လို႔ သူ႔ေက်ာင္းက မွတ္ခ်က္ျပဳပါတယ္။

ေသဆံုးသြားတဲ့ ကေလးရဲ႕ မိသားစုမိတ္ေဆြျဖစ္တဲ့ ေလာ္ရာေဘာ့က သူ႔အေနနဲ႔ ဗစ္တိုးရီးယားရဲ႕ေမြးေန႔ကို က်င္းပေပးဖို႔ စီစဥ္ေနခဲ့တာလို႔ သိရပါတယ္။

ဒါေပမဲ့ ကေလးရဲ႕ေမြးေန႔မွာ အသတ္ခံလိုက္ရတာကို သိလိုက္ရတ့ဲ ေဘာ့ဟာ အဲဒီေန႔မနက္က တိုက္ခန္းေရွ႕မွာရပ္ၿပီး “ဒီကေလးေလးကို ဘယ္သူက လုပ္လိုက္တာလဲ။ ဘုရားေရ ဘယ္က မေကာင္းဆိုးဝါးလဲ”ဆိုၿပီး ေအာ္ဟစ္ေနခဲ့တာလို႔ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဘာသာျပန္ - #ဇာႏွင္းထိုက္
Ref; DAILYMAIL.CO.UK

****************

အမေရိကန်ပြည်တောင်စု၊ နယူးမက်ဆီကိုဒေသမှာ အသက်(၁၀)နှစ်ရွယ် ကလေးမလေးတစ်ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံထားရမှု သြဂုတ်လအတွင်းက ဖြစ်ပွားခဲ့ပြီး ကလေးမလေး သတ်ခံရမှုနဲ့ ပတ်သက်လို့ သူရဲ့မိခင် အပါအဝင် (၃)ဦးကို နယူးမက္ကဆီကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပါတယ်။

တာဝန်ရှိသူတွေကတော့ ဒီမှုခင်းကို ပြန်ပြောပြနိုင်မယ့် စကားလုံး ရှာမတွေ့လောက်အောင်ကို ရက်စက်လွန်းတဲ့အမှုလို့ ဆိုလိုက်ပြီး ကလေးကိုသတ်လိုက်တဲ့ မိခင်ဖြစ်သူ နဲ့ မိခင်ရဲ့ရည်းစားနဲ့ ဝမ်းကွဲညီအစ်ကိုတို့ကို ဖမ်းဆီး စစ်ဆေးနေတာပါ။

အသတ်ခံရတဲ့ မိန်းကလေးငယ်ဟာ ဗစ်တိုးရီးယားမာတင်ဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်မခံရခင်မှာ မက်သာဖီတမင်း ဆေးထိုးသွင်းခံထားရတဲ့ လက္ခဏာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရမှု၊ လည်ပင်းညှစ်ခံထားရတဲ့ လက္ခဏာတွေအပြင် ဓားနဲ့လည်း အထိုးခံထားရတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

အေရိုယိုဗီလာအိမ်ရာကနေ ဆူညံသံတွကြေားတယ်လို့ ရဲတပ်ဖွဲ့ကို ဖုန်းဆက်တာကို လက်ခံရရှိတာကြောင့် ရဲအရာရှိတွေဟာ အဲဒီအိမ်ရာက အခန်းကိုရောက်သွားချိန်မှာ ရေချိုးခန်းထဲက အသတ်ခံထားရတဲ့ ကလေးကို ရဲတပ်ဖွဲ့က တွေ့ရတာဖြစ်တယ်လို့ သိရပါတယ်။

 “စကားလုံးတောင်ရှာမရတဲ့ အဖြစ်အပျက်ပါပဲ”လို့ ဗစ်တိုးရီးယားရဲ့အဖြစ်အပျက်ကို သိရတဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေက အမှတ်တရ ပန်းတွေ၊ ပူဖောင်းတွေ၊ ဖယောင်းတိုင်တွေထွန်းရင်း ဆိုပါတယ်။

ကလေးရဲ့မိခင်ဖြစ်တဲ့ အသက် ၃၅ နှစ်အရွယ် မစ်ရှဲမာတင်၊ ရည်းစားဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဖေဘီယန်ဂွန်ဇေးနဲ့ အသက် ၃၁ နှစ်အရွယ် ဝမ်းကွဲညီအစ်ကိုဖြစ်သူ ဂျက်စီကာကယ်လီတို့ကို အမှုနဲ့ပတ်သက်လို့ သက်သေ အထောက်အထားတွေနဲ့အတူ တရားစွဲဆိုထားပါတယ်။

ဘယ်ဘက်မျက်လုံးမှာ အညိုအမည်းစွဲတဲ့ ဒဏ်ရာရထားတဲ့ ဂွန်ဇေးကတော့ သူနဲ့ မာတင်တို့ ချိန်းတွေ့နေတာဖြစ်ပြီး ဒီအမှုမှာ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းထားပါတယ်။

ကလေးရဲ့မိခင်ဖြစ်သူကတော့ နှာခေါင်းမှာ ဒဏ်ရာရထားတာတွေ့ရပြီး ဆေးရုံမှာ ကုသမှုခံယူနေပေမဲ့ ဘာကြောင့်ဆိုတာတော့ အသေးစိတ်ထုတ်ပြန်ခြင်း မရှိပါဘူး။

ကနဦးစစ်ဆေးချက်အရတော့ ဂွန်ဇေးက ကလေးကို မူးယစ်ဆေးထိုးသွင်းပြီး လိင်ဆက်ဆံတယ်လို့ ပြောထားပါတယ်။

ဗစ်တိုးရီးယားအပြင် သားငယ်တစ်ယောက်လည်းရှိတဲ့ မာတင်က သူ့သမီးကို ဂွန်ဇေးနဲ့ ကယ်လီက အပိုင်းပိုင်းဖြတ်တောက်လိုက်တာလို့ ထွက်ဆိုထားပါတယ်။

ရဲတပ်ဖွဲ့က မိန်းကလေးငယ်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းကို ရေချိုးခန်းထဲမှာ မီးတစ်ပိုင်းတစ်စလောင်ထားတဲ့ စောင်ထဲမှာ တွေ့ခဲ့ရတာပါ။ ကလေးရဲ့ ကျန်တဲ့အစိတ်အပိုင်းတွေကိုတော့ ပလပ်စတစ်အိတ်နဲ့ ထည့်ထားတာကို မီးဖိုအနီးမှာ တွေ့ခဲ့ရတယ်လို့ သိရပါတယ်။

ဖေဘီယန်ဂွန်ဇေးဟာ ၂၀၁၄ ခုနှစ်မှာလည်း ကလေးငယ်ကို ညှင်းပန်းမှုနဲ့ ဖမ်းဆီးခံရဖူးသူဖြစ်ပါတယ်။ ကယ်လီကလည်း မူးယစ်မှု၊ အိမ်ဖောက်ထွင်းမှုစတာတွေနဲ့ မှုခင်းမှတ်တမ်းရှိဖူးသူဖြစ်တယ်လို့ သိရပါတယ်။

ဗစ်တိုးရီးယားမာတင်ဟာ နှစ်လိုဖွယ်ကောင်းပြီး ရင်းနှီးလွယ်တဲ့ ကလေးဖြစ်တယ်လို့ သူ့ကျောင်းက မှတ်ချက်ပြုပါတယ်။

သေဆုံးသွားတဲ့ ကလေးရဲ့ မိသားစုမိတ်ဆွဖြေစ်တဲ့ လော်ရာဘော့က သူ့အနေနဲ့ ဗစ်တိုးရီးယားရဲ့မွေးနေ့ကို ကျင်းပပေးဖို့ စီစဉ်နေခဲ့တာလို့ သိရပါတယ်။

ဒါပေမဲ့ ကလေးရဲ့မွေးနေ့မှာ အသတ်ခံလိုက်ရတာကို သိလိုက်ရတဲ့ ဘော့ဟာ အဲဒီနေ့မနက်က တိုက်ခန်းရှေ့မှာရပ်ပြီး “ဒီကလေးလေးကို ဘယ်သူက လုပ်လိုက်တာလဲ။ ဘုရားရေ ဘယ်က မကောင်းဆိုးဝါးလဲ”ဆိုပြီး အော်ဟစ်နေခဲ့တာလို့ သတင်းမှာ ဖော်ပြထားပါတယ်။

ဘာသာပြန် - #ဇာနှင်းထိုက်
Ref; DAILYMAIL.CO.UK

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~