မိုင္းျဖတ္ စကခ(၁၈)မွ က်င္းပသည့္ လက္ေ၀ွ႔ၿပိဳင္ပြဲ စကခ(၁၈)မွ ဗိုလ္စြဲ

မိုင္းျဖတ္ စကခ(၁၈)မွ က်င္းပသည့္ လက္ေ၀ွ႔ၿပိဳင္ပြဲ စကခ(၁၈)မွ ဗိုလ္စြဲ
စက်တင်ဘာ 4, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္တြင္ အမွတ္(၁၈) စစ္ဆင္ေရး ကြပ္ကဲေရးမွဴးဒိုင္း လက္ေ၀ွ႔ၿပိဳင္ပြဲအား စကခ(၁၈) မိုးလံုေလလံု အားကစားခန္းမ၌ က်င္းပရာ ပထမဆုအား စကခ(၁၈)မွ ဆြတ္ခူးရရွိသြားေၾကာင္း သိရသည္။

အဆိုပါ ၿပိဳင္ပြဲအား ၾသဂုတ္လ(၃၀)ရက္ေန႔ မွ စက္တင္ဘာလ(၃)ရက္ေန႔အထိ က်င္းပျပဳလုပ္ျခင္းျဖစ္ၿပီး တပ္နယ္အတြင္းမွ ၿပိဳင္ပြဲ၀င္ အသင္းေပါင္း (၁၄)သင္းမွ အားကစားသမား (၅၆)ဦး ပါ၀င္ယွဥ္ၿပိဳင္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ၿပိဳင္ပဲြတြင္ အသင္းလိုက္ ဆုရရွိသူမ်ားတြင္  ပထမဆုအျဖစ္ စကခ(၁၈)အသင္းမွ ရရွိသြားရာ ဆုရရွိ သြားသူမ်ားအား အမွတ္(၁၈)စစ္ဆင္ေရးကြပ္ကဲေရးမွဴး ဗိုလ္မွဴးခ်ဳပ္ မ်ဳိးတင့္ေအာင္ ႏွင့္ တာ၀န္ရွိသူမ်ားက ဆုမ်ား အသီးသီးေပးအပ္ခ်ီးျမႇင့္ေၾကာင္း သိရွိရသည္။

သတင္း/ဓာတ္ပံု - ကိုသာ

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အမှတ်(၁၈) စစ်ဆင်ရေး ကွပ်ကဲရေးမှူးဒိုင်း လက်ဝှေ့ပြိုင်ပွဲအား စကခ(၁၈) မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ ပထမဆုအား စကခ(၁၈)မှ ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲအား သြဂုတ်လ(၃၀)ရက်နေ့ မှ စက်တင်ဘာလ(၃)ရက်နေ့အထိ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး တပ်နယ်အတွင်းမှ ပြိုင်ပွဲဝင် အသင်းပေါင်း (၁၄)သင်းမှ အားကစားသမား (၅၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အသင်းလိုက် ဆုရရှိသူများတွင် ပထမဆုအဖြစ် စကခ(၁၈)အသင်းမှ ရရှိသွားရာ ဆုရရှိ သွားသူများအား အမှတ်(၁၈)စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မျိုးတင့်အောင် နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြောင်း သိရှိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~