တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေက်းရြာအတြင္း ယာဥ္/လမ္းစည္းကမ္းဆိုင္ရာ အသိပညာေပး

တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႔မွ ေက်းရြာအတြင္း ယာဥ္/လမ္းစည္းကမ္းဆိုင္ရာ အသိပညာေပး
သြဂုတ် 7, 2016
By Tachileik News Agency

တာခ်ီလိတ္ယာဥ္ထိန္းရဲတပ္ဖြဲ႕မွ ဖန္မင္ေက်းရြာအုပ္စုအတြင္း ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရံုးတြင္ ေက်းရြာသားမ်ားအား ယာဥ္အႏၱရာယ္ကင္းရွင္းေရးႏွင့္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းမ်ားအား ၾသဂုတ္လ(၇)ရက္ေန႔တြင္ ေန႔လယ္က အသိပညာေပးေဟာေျပာခဲ့ေၾကာင္း သိရသည္။

ယာဥ္စည္းကမ္း လမ္းစည္းကမ္းေဟာေျပာရာတြင္ ၂၀၁၅ခုႏွစ္ ေမာ္ေတာ္ယာဥ္ ဥပေဒသစ္တြင္ ပါ၀င္သည့္ ဒဏ္ေငြမ်ားႏွင့္ ဆိုင္ကယ္စီးနင္းလွ်င္ ဦးထုပ္ေဆာင္၍ ေမးသိုင္းႀကိဳးတပ္ရန္၊ ဆုိင္ကယ္ယွဥ္ေမာင္းျခင္းႏွင့္ လုယက္ေက်ာ္တက္ျခင္းမျပဳရန္၊ ျဖဴနီမ်ဥ္းၾကားႏွင့္ လူကူးမ်ဥ္းက်ားတို႔တြင္ ၾကာျမႇင့္စြာ ရပ္တန္႔ထားျခင္း မျပဳရန္၊ လိုင္စင္မဲ့ယာဥ္မ်ားႏွင့္ စည္ကမ္းပ်က္ေမာင္းႏွင္ေသာ မည္သည့္ေမာ္ေတာ္ယာဥ္ ေမာ္ေတာ္ဆိုင္ကယ္မဆို ထိေရာက္စြာ အေရးယူသြားမည္ျဖစ္ေၾကာင္း ေဟာေျပာခဲ့သည္ဟု သိရသည္။

ေဟာေျပာပြဲသို႔ ဖန္မင္ေက်းရြာအုပ္စုအတြင္းမွ ေဒသခံ ေက်းရြာသား(၆၂)ဦးတက္ေရာက္ခဲ့ၿပီး၊ တာခ်ီလိတ္ အမွတ္(၁၁၇)ယာဥ္ထိန္းရဲတပ္ဖြဲ႕စုမွ ရဲအုပ္ ေဇာ္ေဇာ္ညႊန္မွ ဦးစီး၍ တပ္ဖြဲ႕၀င္မ်ားမွ အသိပညာေပး ေဟာေျပာခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
..............

တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖန်မင်ကျေးရွာအုပ်စုအတွင်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ကျေးရွာသားများအား ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား သြဂုတ်လ(၇)ရက်နေ့တွင် နေ့လယ်က အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းဟောပြောရာတွင် ၂၀၁၅ခုနှစ် မော်တော်ယာဉ် ဥပဒေသစ်တွင် ပါဝင်သည့် ဒဏ်ငွေများနှင့် ဆိုင်ကယ်စီးနင်းလျှင် ဦးထုပ်ဆောင်၍ မေးသိုင်းကြိုးတပ်ရန်၊ ဆိုင်ကယ်ယှဉ်မောင်းခြင်းနှင့် လုယက်ကျော်တက်ခြင်းမပြုရန်၊ ဖြူနီမျဉ်းကြားနှင့် လူကူးမျဉ်းကျားတို့တွင် ကြာမြှင့်စွာ ရပ်တန့်ထားခြင်း မပြုရန်၊ လိုင်စင်မဲ့ယာဉ်များနှင့် စည်ကမ်းပျက်မောင်းနှင်သော မည်သည့်မော်တော်ယာဉ် မော်တော်ဆိုင်ကယ်မဆို ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ဟောပြောခဲ့သည်ဟု သိရသည်။

ဟောပြောပွဲသို့ ဖန်မင်ကျေးရွာအုပ်စုအတွင်းမှ ဒေသခံ ကျေးရွာသား(၆၂)ဦးတက်ရောက်ခဲ့ပြီး၊ တာချီလိတ် အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ် ဇော်ဇော်ညွှန်မှ ဦးစီး၍ တပ်ဖွဲ့ဝင်များမှ အသိပညာပေး ဟောပြောခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~