တာခ်ီလိတ္၌ မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးသူ ႏွင့္ သံုးစြဲသူအား ဖမ္းဆီးရမိ

တာခ်ီလိတ္၌ မူးယစ္ေဆး၀ါး ျဖန္႔ျဖဴးသူ ႏွင့္ သံုးစြဲသူအား ဖမ္းဆီးရမိ
သြဂုတ် 20, 2016
By Tachileik News Agency

တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ေခါင္ရပ္ကြက္၊ လားဟူေစ်းလမ္းေဒါင့္ရွိ ဧဒင္စားေသာက္ဆိုင္ အနီး ကားလမ္းေပၚတြင္ စိတ္ၾကြေဆးျပားမ်ား လို္က္လံျဖန္႔ျဖဴးေရာင္းခ်ေနေၾကာင္း သတင္းရရွိရာမွ စိတ္ၾကြေဆးျပားမ်ားႏွင့္အတူ ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ မွ သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မယ္ေခါင္ရပ္ကြက္၊ လားဟူေစ်းလမ္းေဒါင့္ရွိ ဧဒင္စားေသာက္ဆိုင္အနီး ကားလမ္းေပၚတြင္ မူးယစ္ေဆး၀ါးမ်ား ျဖန္႔ျဖဴးေရာင္းခ်ေနေၾကာင္း သတင္းရရွိရာမွ မူးယစ္တပ္ဖြဲ႔(၃၀)တာခ်ီလိတ္ မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ ၾသဂုတ္လ(၁၉) ရက္ေန႔ ညေန(၆)နာရီ (၁၅)မိနစ္အခ်ိန္က သတင္းရရွိထားသူ ေအာင္ဆန္း (ခ) အားဆာအား စစ္ေဆးရွာေဖြရာ မူးယစ္ေဆး၀ါးမ်ားကို ရွာေဖြေတြ႕ရွိတာျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ  ေအာင္ဆန္း (ခ) အားဆာအား စစ္ေဆး ရွာေဖြရာတြင္ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ ကာလတန္ဖိုးေငြ က်ပ္(၁,၈၇၅,၀၀၀)တန္ဖိုးရွိသည့္ Wy စာတမ္းပါ စိတ္ၾကြေဆးျပား စုစုေပါင္း (၁၂၅၀)ျပားကို ေတြ႕ရွိရသည့္အတြင္း ၎အား ဖမ္းဆီးခဲ့ၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၇၅/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ၾသဂုတ္လ(၁၉)ရက္ေန႔ ေန႔လယ္(၁၂း၂၀)နာရီ အခ်ိန္က အဆိုပါ ပူးေပါင္းအဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြင္းရွိ ေလာက္၀ူး(က်ား)၏ ေနအိမ္အား မူးယစ္ေဆး၀ါး သတင္းအရ ၀င္ေရာက္ ရွာေဖြရာမွ ေနအိမ္အတြင္း ေလာက္၀ူး ႏွင့္အတူ စိုင္းေကာမိန္(က်ား)၊ အားခ်န္(ခ)အိုက္ခမ္း(က်ား) ႏွင့္ စိုင္းဆမ္(က်ား)တို႔အား ေတြ႕ရွိရာၿပီး ဆက္လက္ စစ္ေဆးရွာေဖြရာ အေလးခ်ိန္(၅)ဂရမ္ရွိသည့္ ဘိန္းျဖဴ ႏွင့္ စိတ္ၾကြေဆးျပား (၁၅)ျပား အျပင္ အိုက္စ္(၀.၅)ဂရမ္ခန္႔တို႔အား ေတြ႕ရွိ သိမ္းဆည္းရမိသည့္အတြက္ ၎တို႔အား ဖမ္းဆီးခဲ့ေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ေတြ႕ရွိရသည့္ ၎တို႔ (၄)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၇၄/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သတင္းရရွိသည္။

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်၊ လားဟူဈေးလမ်းဒေါင့်ရှိ ဧဒင်စားသောက်ဆိုင် အနီး ကားလမ်းပေါ်တွင် စိတ်ကြွဆေးပြားများ လို်က်လံဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိရာမှ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် မှ သိရသည်။

တာချီလိတ်မြို့နယ် မယ်ခေါင်ရပ်ကွက်၊ လားဟူဈေးလမ်းဒေါင့်ရှိ ဧဒင်စားသောက်ဆိုင်အနီး ကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချနေကြောင်း သတင်းရရှိရာမှ မူးယစ်တပ်ဖွဲ့(၃၀)တာချီလိတ် မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ(၁၉) ရက်နေ့ ညနေ(၆)နာရီ (၁၅)မိနစ်အချိန်က သတင်းရရှိထားသူ အောင်ဆန်း (ခ) အားဆာအား စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများကို ရှာဖွေတွေ့ရှိတာဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ အောင်ဆန်း (ခ) အားဆာအား စစ်ဆေး ရှာဖွေရာတွင်၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ကာလတန်ဖိုးငွေ ကျပ်(၁,၈၇၅,ဝဝဝ)တန်ဖိုးရှိသည့် Wy စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း (၁၂၅၀)ပြားကို တွေ့ရှိရသည့်အတွင်း၎င်းအား ဖမ်းဆီးခဲ့ပြီး တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၇၅/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သြဂုတ်လ(၁၉)ရက်နေ့ နေ့လယ်(၁၂း၂၀)နာရီ အချိန်က အဆိုပါ ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ လောက်ဝူး(ကျား)၏ နေအိမ်အား မူးယစ်ဆေးဝါး သတင်းအရ ဝင်ရောက် ရှာဖွေရာမှ နေအိမ်အတွင်း လောက်ဝူး နှင့်အတူ စိုင်းကောမိန်(ကျား)၊ အားချန်(ခ)အိုက်ခမ်း(ကျား) နှင့် စိုင်းဆမ်(ကျား)တို့အား တွေ့ရှိရာပြီး ဆက်လက် စစ်ဆေးရှာဖွေရာ အလေးချိန်(၅)ဂရမ်ရှိသည့် ဘိန်းဖြူ နှင့် စိတ်ကြွဆေးပြား (၁၅)ပြား အပြင် အိုက်စ်(ဝ.၅)ဂရမ်ခန့်တို့အား တွေ့ရှိ သိမ်းဆည်းရမိသည့်အတွက်၎င်းတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရှိရသည့်၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၇၄/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~