က်ိဳင္းတံု၌ လိုင္စင္မဲ့ယာဥ္ ပညာေပးကာလကုန္ခ်ိန္တြင္ စည္းကမ္းပ်က္ လိုင္စင္မဲ့ယာဥ္ႏွစ္စီးကို သိမ္းဆည္းထားရွိ

က်ိဳင္းတံု၌ လိုင္စင္မဲ့ယာဥ္ ပညာေပးကာလကုန္ခ်ိန္တြင္ စည္းကမ္းပ်က္ လိုင္စင္မဲ့ယာဥ္ႏွစ္စီးကို သိမ္းဆည္းထားရွိ
သြဂုတ် 27, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္မ်ားကို ဖမ္းဆီးရန္အတြက္ ပညာေပးကာလ ကုန္ဆုံးသြားခ်ိန္တြင္ စည္းကမ္းပ်က္လိုင္စင္မဲ့ေမာ္ေတာ္ကားႏွစ္စီးကို သိမ္းဆည္း အေရးယူထားေၾကာင္း အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ ့စု (က်ိဳင္းတုံ)မွသိရသည္။

လတ္တေလာတြင္ လိုင္စင္မဲ့ ေမာ္ေတာ္ယာဥ္မ်ားအား ပူးေပါင္းအဖြဲ ့ျဖင့္ စစ္ေဆးဖမ္းဆီးျခင္း မရိွေသးေသာ္လည္း ယာဥ္စည္းကမ္းထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

"အခုလက္ရိွမွာေတာ့ မရပ္ရေနရာမွာ ရပ္တဲ့အတြက္ စစ္ရင္းကေန လိုင္စင္မပါတဲ့အတြက္ အမႈဖြင့္ အေရးယူၿပီးေတာ့ သိမ္းလို္က္တာ ကားႏွစ္စီးရိွပါၿပီ။ ပညာေပးကာလၿပီးသြားၿပီဆိုေတာ့ ရဲတပ္ဖြဲ ့အေနနဲ ့က စည္းကမ္းမဲ့ယာဥ္ေတြ႔တဲ့အခါ စစ္ေဆးၿပီးေတာ့ သိမ္းလိုက္တာပါ။ ပူးေပါင္းအဖြဲ ့နဲ ့ပိတ္ဆို ့ၿပီးေတာ့ ဖမ္းတာ မဟုတ္ေသးပါဘူး။ ပူးေပါင္းအဖြဲ ့နဲ ့ဖမ္းဖို႔ကက်ေတာ့ ခရိုင္ရဲမွဴးႀကီးက ခရီးလြန္ေနလို ့ ရဲမွဴးႀကီး ျပန္ေရာက္ လာေတာ့မွ သိရမွာပါ။"ဟု အမွတ္(၁၁၆) ယာဥ္ထိန္းရဲတပ္ဖြဲ ့စု (က်ိဳင္းတုံ)မွ တပ္ဖြဲ ့စုမွဴး ဒုရဲမွဴးေအာင္လြင္က ေျပာသည္။

ပညာေပးကာလမွာ ၾသဂုတ္လ (၁၅)ရက္တြင္ ၿပီးဆံုးသြားျခင္းျဖစ္ၿပီး လက္ရိွတြင္ စည္းကမ္းပ်က္လိုင္စင္မဲ့ TOYOTA ALAPHARD အမ်ိဳးအစားႏွင့္ PAJERO IO အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ႏွစ္စီးကို သိမ္းဆည္းကာ လုပ္ထုံးလုပ္နည္းမ်ား အတိုင္း အေရးယူေဆာင္ရြက္ထားေၾကာင္း သိရသည္။

က်ိဳင္းတုံၿမိဳ႕ ခရိုင္ယာဥ္စည္းကမ္းထိမ္းသိမ္းေရးေကာ္မတီတြင္ ဥကၠဌအျဖစ္ က်ိဳင္းတုံခရိုင္ရဲတပ္ဖြဲ ့မွဴးမွ ေဆာင္္ရြက္ၿပီး အဆိုပါေကာ္မတီတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ ့၊ ယာဥ္ထိန္းရဲတပ္ဖြဲ ့၊ ကုန္းလမ္းပို ့ ေဆာင္ေရးညႊန္ၾကားမႈ ဦးစီးဌာန၊ ပညာေရး၊ ေဆာက္လုပ္ေရး၊ မထသ၊ စည္ပင္၊ သာသနာေရး၊ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ ့၊ ဥပေဒႏွင့္ ျမန္မာႏိုင္ငံၾကက္ေျခနီတို ့ပါ၀င္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးရန်အတွက် ပညာပေးကာလ ကုန်ဆုံးသွားချိန်တွင် စည်းကမ်းပျက်လိုင်စင်မဲ့မော်တော်ကားနှစ်စီးကို သိမ်းဆည်း အရေးယူထားကြောင်း အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှသိရသည်။

လတ်တလောတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များအား ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဖမ်းဆီးခြင်း မရှိသေးသော်လည်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

"အခုလက်ရှိမှာတော့ မရပ်ရနေရာမှာ ရပ်တဲ့အတွက် စစ်ရင်းကနေ လိုင်စင်မပါတဲ့အတွက် အမှုဖွင့် အရေးယူပြီးတော့ သိမ်းလို်က်တာ ကားနှစ်စီးရှိပါပြီ။ ပညာပေးကာလပြီးသွားပြီဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့က စည်းကမ်းမဲ့ယာဉ်တွေ့တဲ့အခါ စစ်ဆေးပြီးတော့ သိမ်းလိုက်တာပါ။ ပူးပေါင်းအဖွဲ့နဲ့ပိတ်ဆို့ပြီးတော့ ဖမ်းတာ မဟုတ်သေးပါဘူး။ ပူးပေါင်းအဖွဲ့နဲ့ဖမ်းဖို့ကကျတော့ ခရိုင်ရဲမှူးကြီးက ခရီးလွန်နေလို့ ရဲမှူးကြီး ပြန်ရောက် လာတော့မှ သိရမှာပါ။"ဟု အမှတ်(၁၁၆) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောသည်။

ပညာပေးကာလမှာ သြဂုတ်လ (၁၅)ရက်တွင် ပြီးဆုံးသွားခြင်းဖြစ်ပြီး လက်ရှိတွင် စည်းကမ်းပျက်လိုင်စင်မဲ့ TOYOTA ALAPHARD အမျိုးအစားနှင့် PAJERO IO အမျိုးအစား မော်တော်ယာဉ်နှစ်စီးကို သိမ်းဆည်းကာ လုပ်ထုံးလုပ်နည်းများ အတိုင်း အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ကျိုင်းတုံမြို့ ခရိုင်ယာဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မတီတွင် ဥက္ကဌအဖြစ် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးမှ ဆောင်ရွက်ပြီး အဆိုပါကော်မတီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ ပညာရေး၊ ဆောက်လုပ်ရေး၊ မထသ၊ စည်ပင်၊ သာသနာရေး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဥပဒေနှင့် မြန်မာနိုင်ငံကြက်ခြေနီတို့ပါဝင်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~