ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များအား ၂၀၁၈ ခုနှစ်အထိ စားနပ်ရိက္ခာထောက်ပံ့ရန် WFPနှင့် သဘောတူထား

ကချင်ပြည်နယ်မှ စစ်ဘေးရှောင်များအား ၂၀၁၈ ခုနှစ်အထိ စားနပ်ရိက္ခာထောက်ပံ့ရန် WFPနှင့် သဘောတူထား
သွဂုတျ 7, 2016
By Tachileik News Agency

ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေး(WFP)မှ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူ (၃)သောင်းကျော်အား စားနပ်ရိက္ခာထောက်ပံ့ရန် စီစဉ်ထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

"မိမိတို့အနေဖြင့် စားနပ်ရိက္ခာထောက်ပံ့ရန် WFP နှင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ထောက်ပံ့မှုများပြုလုပ်ရန် အတွက် MOU ရေးထိုးထားပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်"ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။



ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးအင်ထုံးခါးနော်ဆမ်မှ နယ်စပ်ဒေသများ၌ တိုက်ပွဲများဖြစ်ခြင်းကြောင့် စစ်ရှောင် ဒုက္ခသည်များ အတွက် မည်သို့ ဆောင် ရွက်နေသည်နှင့်တိုက်ပွဲများဖြစ်နေကြသော နှစ်ဖက် လက်နက်ကိုင်အဖွဲ့အကြီးအကဲများထံသို့ညှိနှိုင်းဖြေ ရှင်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီးမှ သြဂုတ်(၅)ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် ယင်းကဲ့သို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

သတင်း - ကိုဇက်

.................

ကမာ္ဘ့စားနပ်ရိက္ခါထောက်ပံ့ရေး(WFP)မှ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်ထိ ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးသင့်ပြည်သူ (၃)သောင်းကျော်အား စားနပ်ရိက္ခါထောက်ပံ့ရန် စီစဉ်ထားကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။

"မိမိတို့အနဖြေင့် စားနပ်ရိက္ခါထောက်ပံ့ရန် WFP နှင့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီးတွင် ထောက်ပံ့မှုများပြုလုပ်ရန် အတွက် MOU ရေးထိုးထားပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါတယ်"ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအေဝးတွင် ပြောကြားသွားခဲ့သည်။

ကချင်ပြည်နယ်တွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ ကန်ပိုက်တီး၊ ချီဗွေ၊ ပန်ဝါ၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ကာမိုင်း၊ ဗန်းမော်၊ မိုးမောက်၊ လွယ်ဂျယ်၊ မန်စီ၊ ရွှေကူ၊ ဒေါ့ဖုန်းယန်၊ ပူတာအို၊ ဆွမ်ဘရာဘွမ်ဒေသများမှ စစ်ဘေးရှောင် ပြည်သူ(၃၉,၃၇၆)ဦးရှိပြီး အိမ်ထောင်စုပေါင်း(၈,ဝ၉၈)စုရှိကာ ကယ်ဆယ်ရေးစခန်းပေါင်း(၉၄)ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ကမ္ဘာ့စားနပ်ရိက္ခါအစီအစဉ်(WFP)မှ ၂၀၁၁ ခုနှစ် သြဂုတ်လမှ စတင်ပြီး ၂၀၁၆ ခုနှစ် မေလအထိ (၅)နှစ်တာ ကာလအတွင်း စုစုပေါင်း ရိက္ခါဆန်တန်ချိန် (၈၂၅၀၄.၈၃၂) တန်၊ ဆီ (၅၂၀၁.၁၆၅၆) တန်၊ ပဲ (၁၁၂၀၇.၈၉၈၆) တန်၊ ဆား (၉၁၂.၁၇၅) တန်၊ အာဟာရမှုန့် (၆၁.၅၆၇) တန်၊ အားဖြည့်ဘီစကစ် (၁၅.၇၉၁) တန်တို့အား ဖြန့်ဝေထောက်ပံ့ခဲ့ပြီးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနယ်စပ်ကယ်ဆယ်ရေးခစန်းများသို့ နယ်စပ်ရေးရာဝန်ကြီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိသော ကမ္ဘာ့ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များ ပေါင်းစပ် ညှိနှိုင်းရေးရုံး (UNOCHA)မှ ၂၀၁၂ ခုနှစ် ဇွန်လမှ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ(၄)နှစ်နီးပါးကာလအတွင်း စုစုပေါင်း ရိက္ခါဆန် (၅၇၄.၇၄) တန်၊ ဆီ (၅၉.၆၆၅) တန်၊ ပဲ (၃၃၆.၃၄၈) တန်၊ ဆား (၂၄.၃၈၅) တန်၊ အာဟာရမှုန့် (၁၇.၇၃) တန်တို့ကို ဖြန့်ဝေထောက်ပံ့ပေးခဲ့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း နယ်စပ်ရေးရာ ဝန်ကြီးဌာန မှ သိရသည်။

ကချင်ပြည်နယ်၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စား ဦးအင်ထုံးခါးနော်ဆမ်မှ နယ်စပ်ဒေသများ၌ တိုက်ပွဲများဖြစ်ခြင်းကြောင့် စစ်ရှောင် ဒုက္ခသည်များ အတွက် မည်သို့ ဆောင် ရွက်နေသည်နှင့်တိုက်ပွဲများဖြစ်နကြေသော နှစ်ဖက် လက်နက်ကိုင်အဖွဲ့အကြီးအကဲများထံသို့ညှိနှိုင်းဖြေ ရှင်းပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်းအား ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ သြဂုတ်(၅)ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအေဝးတွင် ယင်းကဲ့သို့ဖြကြေားခဲ့ခြင်းဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~