တာေလဘက္မွ ၀င္လာသည့္ ကားေပၚက စိတ္ၾကြေဆးျပား ေတြ႕ရွိ

တာေလဘက္မွ ၀င္လာသည့္ ကားေပၚက စိတ္ၾကြေဆးျပား ေတြ႕ရွိ
သြဂုတ် 5, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ မယ္ယန္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ တာေလဘက္မွ လာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ စိတ္ၾကြေဆးျပား (၈၀၀)ေက်ာ္ကို ဖမ္းဆီးရမိေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရသည္။

ၾသဂုတ္လ(၅)ရက္ေန႔ နံနက္(၁၀)နာရီခြဲေက်ာ္က မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔ျဖင့္ မယ္ယန္းပူးေပါင္း စစ္ေဆးေရးစခန္းတြင္ တာေလဘက္မွ ၀င္ေရာက္လာသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ရပ္တန္႔စစ္ေဆးရွာေဖြရာတြင္ တာေလဘက္မွ Pajero IO အမ်ဳိးအစား ေမာ္ေတာ္ယာဥ္အား ေမာင္းႏွင္လာသည့္ အိုက္လာကို ရပ္တန္႔ စစ္ေဆးရွာေဖြရာ ေမာ္ေတာ္ယာဥ္၏ ရႊံ႕ကာႏွင့္ ကားေဘာ္ဒီၾကားထဲ၌ သို၀ွက္သယ္ေဆာင္လာသည့္ Wy စာတမ္းပါ နီညိဳေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၈၁၈)ျပားကို ေတြ႕ရွိရာ ကာလတန္ဖိုးေငြမွာ က်ပ္သိန္း(၂၀)ေက်ာ္ရွိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္အတူ ဖမ္းဆီးရမိေသာ အိုက္လာအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၆၂/၂၀၁၆၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

.............
တာချီလိတ်မြို့ မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် တာလေဘက်မှ လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြား (၈၀၀)ကျော်ကို ဖမ်းဆီးရမိကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရသည်။
သြဂုတ်လ(၅)ရက်နေ့ နံနက်(၁၀)နာရီခွဲကျော်က မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ဖြင့် မယ်ယန်းပူးပေါင်း စစ်ဆေးရေးစခန်းတွင် တာလေဘက်မှ ဝင်ရောက်လာသည့် မော်တော်ယာဉ်များအား ရပ်တန့်စစ်ဆေးရှာဖွေရာတွင် တာလေဘက်မှ Pajero IO အမျိုးအစား မော်တော်ယာဉ်အား မောင်းနှင်လာသည့် အိုက်လာကို ရပ်တန့် စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်၏ ရွှံ့ကာနှင့် ကားဘော်ဒီကြားထဲ၌ သိုဝှက်သယ်ဆောင်လာသည့် Wy စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၈၁၈)ပြားကို တွေ့ရှိရာ ကာလတန်ဖိုးငွေမှာ ကျပ်သိန်း(၂၀)ကျော်ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသော အိုက်လာအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၆၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  


~~~~~~ ေၾကာ္ျငာ ~~~~~~