မႏၱေလးတြင္ ႏိုင္ငံျခားခရီးသြားပို႔ေဆာင္ေရး ကားသမားမ်ားအား ကြမ္းတံေတြးဗူး (၇၅၀) ေ၀ေပးထား

မႏၱေလးတြင္ ႏိုင္ငံျခားခရီးသြားပို႔ေဆာင္ေရး ကားသမားမ်ားအား ကြမ္းတံေတြးဗူး (၇၅၀) ေ၀ေပးထား
သြဂုတ် 6, 2016
By Tachileik News Agency

မႏၱေလးတြင္ ႏိုင္ငံျခားခရီးသြားမ်ားအား ပို႔ေဆာင္ေပးေနသူမ်ားအနက္ ကြမ္းစားသူမ်ားအတြက္ ကြမ္းတံေတြး ေထြးရန္ အသံုးျပဳႏုိင္သည့္ဘူး (၇၅၀) ကို ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းက ေပးေဝထားေၾကာင္း သိရသည္။

မႏၱေလးၿမိဳ႕မွ အင္း၀ျမင္းယာဥ္အသင္း၊ စစ္ကိုင္းေတာင္တက္ ကားအသင္း၊ မႏၱေလးေတာင္တက္ကားအသင္း၊ တိုးကားမ်ားအသင္းႏွင့္ မႏၱေလးဧည့္ လမ္းညႊန္အသင္း တို႔အား ေပးေဝထားျခင္းျဖစ္ေၾကာင္း သိရသည္။

“ျမန္မာႏိုင္ငံရဲ႕ အဓိကျပသနာေတြထဲမွာ အမိႈက္စနစ္တက် စြန္႔ပစ္ျခင္းမရွိတာ၊ ကြမ္းတံေတြးေတြကို ေတြ႕တဲ့ေနရာမွာ ေထြးတာ၊ အမိႈက္သိမ္းစနစ္အားနည္းတာပါတယ္။ ကားေမာင္းတဲ့သူ၊ ျမင္းလွည္း ေမာင္းတဲ့သူေတြက မ်ားေသာအားျဖင့္ ကြမ္းစားတယ္။ မစားဖို႕ေတာ့ မတားပါဘူး။ ဒါေပမဲ့ စနစ္တက်စားတတ္ဖို႔ ေထြးတတ္ဖို႔ေတြလိုတယ္။” ဟု မႏၱေလးဧည့္လမ္းညႊန္တစ္ဦးျဖစ္သူ ကိုညိဳက ဆိုသည္။

ႏိုင္ငံျခားခရီးသြားမ်ား လာေရာက္လည္ပတ္ေနေသာေနရာမ်ားတြင္ အမိႈက္မ်ား ၊ ကြမ္းတံေတြးမ်ား မရိွေစရန္ ရည္ရြယ္၍ေပးေ၀ျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း မွ အေထြေထြအတြင္းေရးမႈး ေဒၚသတိုးသူဇာေအာင္က ဆိုသည္။

“ႏိုင္ငံျခားခရီးသြားအလာမ်ားတဲ့ေနရာေတြက မ်ားေသာအားျဖ င့္ သီးသန္႔ေနရာ ဒါမွမဟုတ္ လူသြားလူလာ မ်ားတဲ႔ေနရာျဖစ္ေတာ့ အမိႈက္လာပံုသလိုျဖစ္ေနတယ္။ အမိႈက္သိမ္းတာကိုု စနစ္တက်လုပ္ဖို႕လည္း လိုတယ္။ ႏိုင္ငံျခားဧည့္သည္ေတြ လိုက္ပို႕တဲ့အခါ လည္း အၿမဲမ်က္နွာပ်က္ရတယ္။ ကိုယ့္နိုင္ငံရဲ႕ ဂုဏ္သိကၡာလည္း က်တယ္။အမိႈက္ပစ္တာက ျပည္တြင္းကလူေတြ ကိုယ့္ေရွ႕မွာပစ္ေနလို႔ မပစ္ရဘူး အမိႈက္ပံုးထဲထည္ဖို႔ျပာရင္ ဆဲသြားတာကရွိေသးတယ္။” ဟုကားသမား တစ္ဦးက ဆိုသည္။

ကြမ္းတံေတြးဗူးမ်ားေပးအပ္ျခင္းအျပင္ ခရီးသြားအလာမ်ားေသာေနရာမ်ားတြင္ အမိႈက္မ်ား စနစ္တက် စြန္႔ပစ္ရန္၊ ကြမ္းတံေတြး စနစ္တက်ေထြးရန္ ပိုစတာမ်ားကပ္ျခင္း မ်ားကိုလည္း ဆက္လက္ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္
.............

မန္တလေးတွင် နိုင်ငံခြားခရီးသွားများအား ပို့ဆောင်ပေးနေသူများအနက် ကွမ်းစားသူများအတွက် ကွမ်းတံတွေး ထွေးရန် အသုံးပြုနိုင်သည့်ဘူး (၇၅၀) ကို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ပေးဝေထားကြောင်း သိရသည်။

မန္တလေးမြို့မှ အင်းဝမြင်းယာဉ်အသင်း၊ စစ်ကိုင်းတောင်တက် ကားအသင်း၊ မန္တလေးတောင်တက်ကားအသင်း၊ တိုးကားများအသင်းနှင့် မန္တလေးဧည့် လမ်းညွှန်အသင်း တို့အား ပေးဝေထားခြင်းဖြစ်ကြောင်း သိရသည်။

“မြန်မာနိုင်ငံရဲ့ အဓိကပြသနာတွေထဲမှာ အမှိုက်စနစ်တကျ စွန့်ပစ်ခြင်းမရှိတာ၊ ကွမ်းတံတွေးတွေကို တွေ့တဲ့နေရာမှာ ထွေးတာ၊ အမှိုက်သိမ်းစနစ်အားနည်းတာပါတယ်။ ကားမောင်းတဲ့သူ၊ မြင်းလှည်း မောင်းတဲ့သူတွေက များသောအားဖြင့် ကွမ်းစားတယ်။ မစားဖို့တော့ မတားပါဘူး။ ဒါပေမဲ့ စနစ်တကျစားတတ်ဖို့ ထွေးတတ်ဖို့တွေလိုတယ်။” ဟု မန္တလေးဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ကိုညိုက ဆိုသည်။

နိုင်ငံခြားခရီးသွားများ လာရောက်လည်ပတ်နေသောနေရာများတွင် အမှိုက်များ၊ ကွမ်းတံတွေးများ မရှိစေရန် ရည်ရွယ်၍ပေးဝခြေင်းဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း မှ အထွေထွေအတွင်းရေးမှုး ဒေါ်သတိုးသူဇာအောင်က ဆိုသည်။

“နိုင်ငံခြားခရီးသွားအလာများတဲ့နေရာတွေက များသောအားဖြ င့် သီးသန့်နေရာ ဒါမှမဟုတ် လူသွားလူလာ များတဲ့နေရာဖြစ်တော့ အမှိုက်လာပုံသလိုဖြစ်နေတယ်။ အမှိုက်သိမ်းတာကို စနစ်တကျလုပ်ဖို့လည်း လိုတယ်။ နိုင်ငံခြားဧည့်သည်တွေ လိုက်ပို့တဲ့အခါ လည်း အမြဲမျက်နှာပျက်ရတယ်။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခါလည်း ကျတယ်။အမှိုက်ပစ်တာက ပြည်တွင်းကလူတွေ ကိုယ့်ရှေ့မှာပစ်နေလို့ မပစ်ရဘူး အမှိုက်ပုံးထဲထည်ဖို့ပြာရင် ဆဲသွားတာကရှိသေးတယ်။” ဟုကားသမား တစ်ဦးက ဆိုသည်။

ကွမ်းတံတွေးဗူးများပေးအပ်ခြင်းအပြင် ခရီးသွားအလာများသောနေရာများတွင် အမှိုက်များ စနစ်တကျ စွန့်ပစ်ရန်၊ ကွမ်းတံတွေး စနစ်တကျထွေးရန် ပိုစတာများကပ်ခြင်း များကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~