တာခ်ီလိတ္၌ ဆိုင္ကယ္ ခိုးယူသည့္ ထိုင္းႏိုင္ငံသားအား လွည့္ကင္း လွည့္လည္ေနစဥ္အတြင္း ဖမ္းဆီးရမိ

တာခ်ီလိတ္၌ ဆိုင္ကယ္ ခိုးယူသည့္ ထိုင္းႏိုင္ငံသားအား လွည့္ကင္း လွည့္လည္ေနစဥ္အတြင္း ဖမ္းဆီးရမိ
သြဂုတ် 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း (ခ)ရပ္ကြက္ ဝမ္မိုင္ရြာတြင္ ဆိုင္ကယ္ခိုးယူလာသည့္ ထုိင္းႏို္င္ငံသားတစ္ဦးအား ခရိုင္ရဲတပ္ဖြဲ႕၏ လွည့္ကင္းက ဖမ္းဆီးရမိလိုက္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္းေခါင္းေဆာင္  ဦးေဆာင္သည့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ခရိုင္မႈခင္းအကူ တပ္ဖြဲ႕ဝင္မ်ား၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႔ဝင္ႏွင့္ ျပည္သူ႔စစ္အဖြဲ႕ဝင္တို႔ ပါဝင္သည့္ ပူးေပါင္း လွည့္ကင္းအဖြဲ႕သည္ ၾသဂုတ္လ (၉) ရက္ေန႔က လွည့္ကင္းေဆာင္ရြက္စဥ္ ညေန (၅)နာရီခြဲခန္႔၌ ဖမ္းဆီးရမိေၾကာင္း သိရသည္။

လွည့္ကင္းေဆာင္ရြက္ေနစဥ္ ဆိုင္ကယ္စီးနင္းလာသည့္ အမ်ိဳးသားတစ္ဦးအား ရပ္တန္႔စစ္ေဆးရာမွ ျမန္မာစကား မေျပာတတ္သည့္အျပင္ မသကၤာဖြယ္ေတြ႔ရသျဖင့္ ရဲစခန္းတြင္ စကားျပန္ျဖင့္ စစ္ေဆးရာမွ ဆိုင္ကယ္ခိုးယူလာသူ ျဖစ္ေနေၾကာင္း စစ္ေဆးေတြ႕ရိွရသည္ဟု သိရသည္။

ရဲစခန္းတြင္ စစ္ေဆးခ်က္အရ အဆိုပါ ထိုင္းႏိုင္ငံသား ဆုန္ဆပ္စီးနားက်န္း (ခ) အို္က္ကိုင္း သည္ ထိုင္းႏုိင္ငံ ဖူကတိုခရိုင္၊ ခ်ာရာပူးၿမိဳ႕နယ္ ဖြန္တိုက္ေက်းရြာမွ အဝတ္အထည္ လုိက္လံေရာင္းခ်ေနသူ တစ္ဦးျဖစ္ကာ ဇြန္လ (၁၇) ရက္က အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ (၇)ညအိပ္ခရီးစဥ္ျဖင့္ ျမန္မာႏို္င္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ေနထိုင္စဥ္ကာလအတြင္း အဝတ္အထည္မ်ား လုိက္လံေရာင္းခ်ရင္း ဆန္ဆိုင္းရပ္ကြက္၊ (၅)လမ္းရိွ ဖုန္းဆို္င္ပိုင္ရွင္ မအားလင္ဆိုသူႏွင့္ ရင္းႏွီးသိကၽြမ္းကာ အဆိုပါေနအိမ္တြင္ သံုးညခန္႔ တည္းခိုေနထိုင္ေနခဲ့ကာ ေနထိုင္ခြင့္ရက္ေက်ာ္သြားေသာ္လည္း တာခ်ီလိတ္တြင္ ဆက္လက္ေနထိုင္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။

ဆုန္ဆပ္စီးနားက်န္းသည္ ၾသဂုတ္လ (၄) ရက္ေန႔တြင္ ေငြေၾကးအဆင္မေျပသျဖင့္ မအားလင္ထံတြင္ ေငြေခ်းရန္သြားရာမွ အဆိုပါေနအိမ္ေရွ႕တြင္ ေတြ႕ရသည့္ ဆိုင္ကယ္အား ခိုးယူလာၿပီး လိုက္လံေရာင္းခ်စဥ္ လွည့္ကင္းျဖင့္ အဖမ္းခံရျခင္းျဖစ္ေၾကာင္း ရဲစခန္းတြင္ ၎ကဝန္ခံထြက္ဆိုခဲ့ေၾကာင္း သိရသည္။

အဆိုပါဆိုင္ကယ္မွာ အမႈဖြင့္တိုင္ၾကားထားျခင္းမရိွသည့္ ေပ်ာက္ဆံုးသြားေသာ ဆိုင္ကယ္ျဖစ္ေၾကာင္း မအားလင္က ဆိုင္ကယ္၏ သက္ေသခံအေထာက္အထားမ်ားျဖင့္ စိစစ္မႈခံယူၿပီး သက္ေသအစစ္ခံ ထြက္ဆိုေပးခဲ့ေၾကာင္း သိရသည္။

မအားလင္သည္ ဆိုင္ကယ္ေပ်ာက္ဆံုးသြားသည္ကို အမႈဖြင့္တိုင္ၾကားျခင္းမရိွဘဲ မိသားစုျဖင့္ ရွာေဖြေနရာမွ တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းမွ တာဝန္ရိွသူမ်ား လာေရာက္ေမးျမန္းမွ ၎၏ေပ်ာက္ဆံုးဆိုင္ကယ္အား ျပန္လည္ဖမ္းဆီးရမိထားေၾကာင္း သိရသည္ဟု ဆိုသည္။

အဆိုပါ ထိုင္းနို္င္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ) ၁၅၃/၂၀၁၆ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၉/ က်င့္ ၅၄ အရ အမႈဖြင့္လွစ္အေရးယူေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း -  ေမာင္ဖိုးစံ(ဒူးယား)
**********

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (ခ)ရပ်ကွက် ဝမ်မိုင်ရွာတွင် ဆိုင်ကယ်ခိုးယူလာသည့် ထိုင်းနို်င်ငံသားတစ်ဦးအား ခရိုင်ရဲတပ်ဖွဲ့၏ လှည့်ကင်းက ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းအကူ တပ်ဖွဲ့ဝင်များ၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့် ပြည်သူ့စစ်အဖွဲ့ဝင်တို့ ပါဝင်သည့် ပူးပေါင်း လှည့်ကင်းအဖွဲ့သည် သြဂုတ်လ (၉) ရက်နေ့က လှည့်ကင်းဆောင်ရွက်စဉ် ညနေ (၅)နာရီခွဲခန့်၌ ဖမ်းဆီးရမိကြောင်း သိရသည်။

လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားတစ်ဦးအား ရပ်တန့်စစ်ဆေးရာမှ မြန်မာစကား မပြောတတ်သည့်အပြင် မသင်္ကာဖွယ်တွေ့ရသဖြင့် ရဲစခန်းတွင် စကားပြန်ဖြင့် စစ်ဆေးရာမှ ဆိုင်ကယ်ခိုးယူလာသူ ဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သိရသည်။

ရဲစခန်းတွင် စစ်ဆေးချက်အရ အဆိုပါ ထိုင်းနိုင်ငံသား ဆုန်ဆပ်စီးနားကျန်း (ခ) အို်က်ကိုင်း သည် ထိုင်းနိုင်ငံ ဖူကတိုခရိုင်၊ ချာရာပူးမြို့နယ် ဖွန်တိုက်ကျေးရွာမှ အဝတ်အထည် လိုက်လံရောင်းချနေသူ တစ်ဦးဖြစ်ကာ ဇွန်လ (၁၇) ရက်က အမှတ်(၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် (၇)ညအိပ်ခရီးစဉ်ဖြင့် မြန်မာနို်င်ငံ တာချီလိတ်မြို့သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နေထိုင်စဉ်ကာလအတွင်း အဝတ်အထည်များ လိုက်လံရောင်းချရင်း ဆန်ဆိုင်းရပ်ကွက်၊ (၅)လမ်းရှိ ဖုန်းဆို်င်ပိုင်ရှင် မအားလင်ဆိုသူနှင့် ရင်းနှီးသိကျွမ်းကာ အဆိုပါနေအိမ်တွင် သုံးညခန့် တည်းခိုနေထိုင်နေခဲ့ကာ နေထိုင်ခွင့်ရက်ကျော်သွားသော်လည်း တာချီလိတ်တွင် ဆက်လက်နေထိုင်နခြေင်း ဖြစ်ကြောင်း သိရသည်။

ဆုန်ဆပ်စီးနားကျန်းသည် သြဂုတ်လ (၄) ရက်နေ့တွင် ငွေကြေးအဆင်မပြေသဖြင့် မအားလင်ထံတွင် ငွေချေးရန်သွားရာမှ အဆိုပါနေအိမ်ရှေ့တွင် တွေ့ရသည့် ဆိုင်ကယ်အား ခိုးယူလာပြီး လိုက်လံရောင်းချစဉ် လှည့်ကင်းဖြင့် အဖမ်းခံရခြင်းဖြစ်ကြောင်း ရဲစခန်းတွင်၎င်းကဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါဆိုင်ကယ်မှာ အမှုဖွင့်တိုင်ကြားထားခြင်းမရှိသည့် ပျောက်ဆုံးသွားသော ဆိုင်ကယ်ဖြစ်ကြောင်း မအားလင်က ဆိုင်ကယ်၏ သက်သေခံအထောက်အထားများဖြင့် စိစစ်မှုခံယူပြီး သက်သေအစစ်ခံ ထွက်ဆိုပေးခဲ့ကြောင်း သိရသည်။

မအားလင်သည် ဆိုင်ကယ်ပျောက်ဆုံးသွားသည်ကို အမှုဖွင့်တိုင်ကြားခြင်းမရှိဘဲ မိသားစုဖြင့် ရှာဖွေနေရာမှ တာချီလိတ်မြို့မ ရဲစခန်းမှ တာဝန်ရှိသူများ လာရောက်မေးမြန်းမှ၎င်း၏ပျောက်ဆုံးဆိုင်ကယ်အား ပြန်လည်ဖမ်းဆီးရမိထားကြောင်း သိရသည်ဟု ဆိုသည်။

အဆိုပါ ထိုင်းနို်င်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၁၅၃/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉/ ကျင့် ၅၄ အရ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - မောင်ဖိုးစံ(ဒူးယား)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~