ေက်ာင္းဆရာမတစ္ဦး၏ ဆိုင္ကယ္အား ခိုးယူသြားသူကို တာခ်ီလိတ္ရဲတပ္ဖြဲ႔မွ ဖမ္းဆီးရမိ

ေက်ာင္းဆရာမတစ္ဦး၏ ဆိုင္ကယ္အား ခိုးယူသြားသူကို တာခ်ီလိတ္ရဲတပ္ဖြဲ႔မွ ဖမ္းဆီးရမိ
သြဂုတ် 6, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေန႔ခင္းအခ်ိန္၌ ဆိုင္ကယ္အလစ္သုတ္ခိုးယူသြားသူအား ဖမ္းဆီးရမိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

မွဳခင္းျဖစ္ပြားပံုမွာ ၂၀၁၆ခုႏွစ္ ဇူလိုင္လ(၂၉)ရက္ေန႔ ညေန(၃း၄၀)နာရီ၀န္းက်င္က တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ အာဇီးရြာရွိ အေျခခံပညာမူလတန္းေက်ာင္းမွ မူျပ(တာ၀န္ခံ) ဆရာမ ေဒၚေနာ္ဂ်ဴလီယာႀကီးသည္ သူငယ္ခ်င္းျဖစ္သူ ေက်ာင္းဆရာမ ေဒၚသႏၱာ၀င္းနွင့္အတူ လစာထုတ္ရန္ နွင့္ ေက်ာင္းကိစၥမ်ား ေဆာင္ရြက္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ထဲသို႔ ၎ပုိင္ဆိုင္သည့္ Honda Wave 110 ျဖဴနီၾကား ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ မကာဟိုခမ္းရပ္ကြက္ နွင့္ ဆန္ဆိုင္း(ခ)ရပ္ကြက္အၾကား ေရႊတိဂံုဘုရားသြား လမ္းေပၚရွိ ဗစ္တိုးရီးယား အလွျပင္ဆုိင္ေရွ႕တြင္ ဆိုင္ကယ္အားရပ္၍ ဆိုင္အတြင္း ၀င္ေရာက္၍ ေရေသာက္ရင္း အသိဆိုင္ရွင္နွင့္ စကားေျပာၿပီး ခဏအၾကာ ဆိုင္အျပင္သို႔ ထြက္လာရာ ဆိုင္ကယ္မွာ ရပ္္ထားသည့္ ေနရာတြင္ မရွိေတာ့ဘဲ ခိုးယူျခင္းခံလိုက္ရေၾကာင္း သိရသည္။

ဆိုင္ကယ္ပိုင္ရွင္ျဖစ္သူ ဆရာမ ေနာ္ဂ်ဴလီယာႀကီးသည္ ပတ္၀န္းက်င္တြင္ လိုက္လံရွာေဖြေသာ္လည္း ေတြ႔ရွိျခင္းမရွိေတာ့ဘဲ ေက်ာင္းသို႔ အခ်ိန္မီျပန္ရမည္ျဖစ္၍ အာဇီးရြာသို႔ ျပန္သြားခဲ့ၿပီး သူငယ္ခ်င္းမိတ္ေဆြ အေပါင္းအသင္းမ်ားနွင့္အတူ ကိုယ့္နည္းကိုယ့္ဟန္ျဖင့္ (၅)ရက္ၾကာ လိုက္လံ ရွာေဖြေနေသာ္လည္း ေတြ႔ရွိျခင္း မရွိေတာ့သျဖင့္ ၾသဂုတ္လ(၃)ရက္ေန႔ ညေနပိုင္းက တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းသို႔ သြားေရာက္ကာ အမႈဖြင့္ တိုင္ႀကားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ (ပ)၁၄၆/၂၀၁၆ ၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၇၉ အရ အမွဳဖြႊင့္လွစ္ထားၿပီး အမွဳစစ္ ရဲအုပ္ မ်ိဳးလြင္၊ နယ္ထိန္းအဖြဲ႔ေခါင္းေဆာင္ ရဲအုပ္ ေအးလြင္ ၊ ဒု-ရဲအုပ္ ကိုကိုဦး ၊ ရဲတပ္ၾကပ္ႀကီး စိုးမင္းမင္း ၊ ရဲတပ္ၾကပ္ႀကီး ေအာင္စိုးမိုးတို႔ ပူးေပါင္းအဖြဲ႔မွ တာခ်ီလိတ္ၿမိဳ႕တြင္း ျဖန္႔ခြဲ၍ တာ၀န္သိျပည္သူမ်ားနွင့္ ပူးေပါင္းကာ ဆိုင္ကယ္ျပင္ဆိုင္မ်ား၊ ဆိုင္ကယ္၀ယ္/ေရာင္း ျပဳလုပ္သူမ်ားနွင့္ ပူးေပါင္း၍ သတင္းမ်ား စံုစမ္းေထာက္လွမ္းခဲ့ေၾကာင္း သိရသည္။

ၾသဂုတ္လ(၄)ရက္ေန႔ နံနက္(၉)နာရီအခ်ိန္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ပုန္းထြန္ရပ္ကြက္၊ မိုင္းဆတ္သြားကားလမ္း၊ ျမစိမ္းကန္ စားေသာက္ဆိုင္အနီး ဆိုင္ကယ္ျပင္ဆိုင္တြင္ ခိုးဘီးဟု ယူဆရေသာ မသကၤာဖြယ္ရွိသည့္ ဆိုင္ကယ္ ျဖဴနီၾကား တစ္စီးအား ေရာင္းရန္ ေရာက္ရွိေနေၾကာင္း သတင္းရရွိ၍ အဆိုပါ ပူးေပါင္းအဖြဲ႔မွ သြားေရာက္ ၾကည့္ရာ အဆိုပါ ဆိုင္ကယ္မွာ ေပ်ာက္သြားသည့္ ဆိုင္ကယ္ျဖစ္ေနၿပီး၊ ခိုးယူသြားသူအား ဖမ္းဆီးရာ တရားခံမွာ မယ္ဆိုင္ေခ်ာင္းအတြင္း ခုန္ခ် ထြက္ေျပးသြားသျဖင့္ ရဲတပ္ဖြဲ႔၀င္မ်ားမွ ေရႀကီးေနသည့္ ေရေခ်ာင္းအတြင္း ေရကူး၍ လိုက္လံဖမ္းဆီးခဲ့ၾကရာမွ ဆိုင္ကယ္ခိုးယူသူ တရားခံကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ဖမ္းဆီးရမိထားသူမွ အသက္(၃၁)ႏွစ္ရွိ ေမာ္ကိုျဖစ္ေၾကာင္းႏွင့္ ခိုးရာပါ သက္ေသခံဆိုင္ကယ္အား သက္ေသလူႀကီးမ်ားေရွ႕တြင္ ရွာေဖြပံုစံျဖင့္ သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ျပစ္မွဳ က်ဴးလြန္သူအား ရဲတပ္ဖြဲ႔မွ စစ္ေဆးရာ ေမာ္္ကို မွ ၎သည္္ ဇူလိုင္လ(၂၈)ရက္ေန႔ ေန႔လယ္(၁၂)နာရီအခ်ိန္က တစ္ရြာတည္းေန အားေဂြ်႕ဆိုသူ၏ ဆိုင္ကယ္ျဖင့္္ တာခ်ီလိတ္ၿမိဳ႕ထဲသို႔ လာေရာက္ၾကျပီး အားေဂြ်႕တြင္ ပါလာေသာ ဘတ္ေငြ(၁၅၀၀)ျဖင့္ ၿမိဳ႕ေပၚစားေသာက္ဆိုင္မ်ားသို႔ လွည့္လည္္္ စားေသာက္ ေနထိုင္ခဲ့ၾကၿပီး၊ ဇန္းမြန္အာခါဟိုတယ္အေနာက္ဘက္ရွိ အစ္မျဖစ္သူေနအိမ္တြင္ ညအိပ္ခဲ့ၾကေၾကာင္း ထြက္ဆိုခဲ့သည္။

၎မွ ဆက္လက္ထြက္ဆိုရာတြင္ ဇူလိုင္လ(၂၉)ရက္ေန႔ နံနက္(၁၀)နာရီအခ်ိန္တြင္ အိပ္ယာမွ ႏိုးၿပီး အားေဂြ်႕ႏွင့္အတူ ဆိုင္ကယ္ျဖင့္ ၿမိဳ႕အႏွံ႔သြားလာခဲ့ၾကကာ ဆိုင္ကယ္ခိုးယူရန္ တိုင္ပင္ခဲ့ၾကေၾကာင္း၊ ညေန (၃)နာရီ အခ်ိန္တြင္ အ.ထ.က(မကာဟိုခမ္း)ေက်ာင္းေဘး ေရႊတိဂံုဘုရားလမ္း ဗစ္တိုးရီးယား အလွျပင္ဆိုင္ ေရွ႕တြင္ ရပ္ထားေသာ Honda Wave 110 ျဖဴနီၾကား ဆိုင္ကယ္ကို အားေဂြ်႕မွ ဆင္းတြန္းသြားရာ ေက်ာင္းဆင္းခ်ိန္ နီးကပ္ေနသျဖင့္ အျခားေက်ာင္းသားမိဘမ်ားမွလည္း ဘာမွ မေျပာၾကေၾကာင္း၊ အားေဂၽြ႕မွ ေရႊတိဂံု ဘုရားလမ္းအတိုင္း တြန္းသြားကာ ပုန္းထြန္ သခၤ်ိဳင္းတြင္ ဆိုင္ကယ္ကို ရပ္ထားၿပီး အားေဂၽြ႕မွ ၿမိဳ႕တြင္း၌ ဆိုင္ကယ္ေသာ့တု တစ္ေခ်ာင္းျပဳလုပ္၍ ဆိုင္ကယ္ကို အားေဂြ်႕အစ္မ ေနထိုင္ရာ ဇန္းမြန္အာခါဟိုတယ္ အေနာက္ဘက္ရွိ ေနအိမ္သို႔ ေမာင္းနွင္သြားခဲ့ၾကေၾကာင္း ထြက္ဆိုခဲ့သည္။

ၾသဂုတ္လ(၄)ရက္ေန႔တြင္ အားေဂြ်႕ႏွင့္အတူ ေရႊႀတိဂံဟိုတယ္ဘက္သို႔ ဆိုင္ကယ္ႏွစ္စီးျဖင့္ ထြက္လာၾကၿပီး အားေဂြ်႕မွ ဆိုင္ကယ္သြားေရာင္းရန္ ေျပာသျဖင့္ ပုန္းထြန္ရပ္ကြက္၊ မိုင္းဆတ္သြားကားလမ္း၊ ျမစိမ္းကန္ေဘးရွိ ဆိုင္ကယ္ျပင္ဆိုင္တြင္ ဆိုင္ကယ္အား ေရာင္းခ်ရန္ သြားျပသစဥ္မွ ယခုလို အဖမ္းခံခဲ့ရတာ ျဖစ္ေၾကာင္း ၀န္ခံထြက္ဆိုသည္။

ယင္းျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ အမွဳစစ္ ရဲအုပ္ မ်ိဳးလြင္ မွ ထြက္ေျပးတိမ္းေရွာင္ေနေသာ တရားခံ အားေဂြ်႕အား ဖမ္းဆီးရမိေရးႏွင့္ အမွဳအား ခိုင္မာစြာ တည္ေဆာက္၍ တရားရံုးသို႔ တရားစြဲတင္ရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သတင္းရရွိသည္။

သတင္း - ‪#‎ေမာင္ဖိုးစံ‬(ဒူးယား)

...................

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နေ့ခင်းအချိန်၌ ဆိုင်ကယ်အလစ်သုတ်ခိုးယူသွားသူအား ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မှုခင်းဖြစ်ပွားပုံမှာ ၂၀၁၆ခုနှစ် ဇူလိုင်လ(၂၉)ရက်နေ့ ညနေ(၃း၄၀)နာရီဝန်းကျင်က တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ အာဇီးရွာရှိ အခြေခံပညာမူလတန်းကျောင်းမှ မူပြ(တာဝန်ခံ) ဆရာမ ဒေါ်နော်ဂျူလီယာကြီးသည် သူငယ်ချင်းဖြစ်သူ ကျောင်းဆရာမ ဒေါ်သန္တာဝင်းနှင့်အတူ လစာထုတ်ရန် နှင့် ကျောင်းကိစ္စများ ဆောင်ရွက်ရန်အတွက် တာချီလိတ်မြို့ထဲသို့၎င်းပိုင်ဆိုင်သည့် Honda Wave 110 ဖြူနီကြား မော်တော်ဆိုင်ကယ်ဖြင့် မကာဟိုခမ်းရပ်ကွက် နှင့် ဆန်ဆိုင်း(ခ)ရပ်ကွက်အကြား ရွှေတိဂုံဘုရားသွား လမ်းပေါ်ရှိ ဗစ်တိုးရီးယား အလှပြင်ဆိုင်ရှေ့တွင် ဆိုင်ကယ်အားရပ်၍ ဆိုင်အတွင်း ဝင်ရောက်၍ ရေသောက်ရင်း အသိဆိုင်ရှင်နှင့် စကားပြောပြီး ခဏအကြာ ဆိုင်အပြင်သို့ ထွက်လာရာ ဆိုင်ကယ်မှာ ရပ်ထားသည့် နေရာတွင် မရှိတော့ဘဲ ခိုးယူခြင်းခံလိုက်ရကြောင်း သိရသည်။

ဆိုင်ကယ်ပိုင်ရှင်ဖြစ်သူ ဆရာမ နော်ဂျူလီယာကြီးသည် ပတ်ဝန်းကျင်တွင် လိုက်လံရှာဖွေသော်လည်း တွေ့ရှိခြင်းမရှိတော့ဘဲ ကျောင်းသို့ အချိန်မီပြန်ရမည်ဖြစ်၍ အာဇီးရွာသို့ ပြန်သွားခဲ့ပြီး သူငယ်ချင်းမိတ်ဆွေ အပေါင်းအသင်းများနှင့်အတူ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် (၅)ရက်ကြာ လိုက်လံ ရှာဖွေနေသော်လည်း တွေ့ရှိခြင်း မရှိတော့သဖြင့် သြဂုတ်လ(၃)ရက်နေ့ ညနေပိုင်းက တာချီလိတ်မြို့မ ရဲစခန်းသို့ သွားရောက်ကာ အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းမှ (ပ)၁၄၆/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၉ အရ အမှုဖွှင့်လှစ်ထားပြီး အမှုစစ် ရဲအုပ် မျိုးလွင်၊ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ရဲအုပ် အေးလွင်၊ ဒု-ရဲအုပ် ကိုကိုဦး၊ ရဲတပ်ကြပ်ကြီး စိုးမင်းမင်း၊ ရဲတပ်ကြပ်ကြီး အောင်စိုးမိုးတို့ ပူးပေါင်းအဖွဲ့မှ တာချီလိတ်မြို့တွင်း ဖြန့်ခွဲ၍ တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ ဆိုင်ကယ်ပြင်ဆိုင်များ၊ ဆိုင်ကယ်ဝယ်/ရောင်း ပြုလုပ်သူများနှင့် ပူးပေါင်း၍ သတင်းများ စုံစမ်းထောက်လှမ်းခဲ့ကြောင်း သိရသည်။

သြဂုတ်လ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ မိုင်းဆတ်သွားကားလမ်း၊ မြစိမ်းကန် စားသောက်ဆိုင်အနီး ဆိုင်ကယ်ပြင်ဆိုင်တွင် ခိုးဘီးဟု ယူဆရသော မသင်္ကာဖွယ်ရှိသည့် ဆိုင်ကယ် ဖြူနီကြား တစ်စီးအား ရောင်းရန် ရောက်ရှိနေကြောင်း သတင်းရရှိ၍ အဆိုပါ ပူးပေါင်းအဖွဲ့မှ သွားရောက် ကြည့်ရာ အဆိုပါ ဆိုင်ကယ်မှာ ပျောက်သွားသည့် ဆိုင်ကယ်ဖြစ်နပြေီး၊ ခိုးယူသွားသူအား ဖမ်းဆီးရာ တရားခံမှာ မယ်ဆိုင်ချောင်းအတွင်း ခုန်ချ ထွက်ပြေးသွားသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ရကြေီးနေသည့် ရေချောင်းအတွင်း ရေကူး၍ လိုက်လံဖမ်းဆီးခဲ့ကြရာမှ ဆိုင်ကယ်ခိုးယူသူ တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိထားသူမှ အသက်(၃၁)နှစ်ရှိ မော်ကိုဖြစ်ကြောင်းနှင့် ခိုးရာပါ သက်သေခံဆိုင်ကယ်အား သက်သေလူကြီးများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သူအား ရဲတပ်ဖွဲ့မှ စစ်ဆေးရာ မော်ကို မှ၎င်းသည် ဇူလိုင်လ(၂၈)ရက်နေ့ နေ့လယ်(၁၂)နာရီအချိန်က တစ်ရွာတည်းနေ အားဂျွေ့ဆိုသူ၏ ဆိုင်ကယ်ဖြင့် တာချီလိတ်မြို့ထဲသို့ လာရောက်ကြပြီး အားဂျွေ့တွင် ပါလာသော ဘတ်ငွေ(၁၅၀၀)ဖြင့် မြို့ပေါ်စားသောက်ဆိုင်များသို့ လှည့်လည် စားသောက် နေထိုင်ခဲ့ကြပြီး၊ ဇန်းမွန်အာခါဟိုတယ်အနောက်ဘက်ရှိ အစ်မဖြစ်သူနေအိမ်တွင် ညအိပ်ခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်။

၎င်းမှ ဆက်လက်ထွက်ဆိုရာတွင် ဇူလိုင်လ(၂၉)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် အိပ်ယာမှ နိုးပြီး အားဂျွေ့နှင့်အတူ ဆိုင်ကယ်ဖြင့် မြို့အနှံ့သွားလာခဲ့ကြကာ ဆိုင်ကယ်ခိုးယူရန် တိုင်ပင်ခဲ့ကြကြောင်း၊ ညနေ (၃)နာရီ အချိန်တွင် အ.ထ.က(မကာဟိုခမ်း)ကျောင်းဘေး ရွှေတိဂုံဘုရားလမ်း ဗစ်တိုးရီးယား အလှပြင်ဆိုင် ရှေ့တွင် ရပ်ထားသော Honda Wave 110 ဖြူနီကြား ဆိုင်ကယ်ကို အားဂျွေ့မှ ဆင်းတွန်းသွားရာ ကျောင်းဆင်းချိန် နီးကပ်နေသဖြင့် အခြားကျောင်းသားမိဘများမှလည်း ဘာမှ မပြောကြကြောင်း၊ အားဂျွေ့မှ ရွှေတိဂုံ ဘုရားလမ်းအတိုင်း တွန်းသွားကာ ပုန်းထွန် သင်္ချိုင်းတွင် ဆိုင်ကယ်ကို ရပ်ထားပြီး အားဂျွေ့မှ မြို့တွင်း၌ ဆိုင်ကယ်သော့တု တစ်ချောင်းပြုလုပ်၍ ဆိုင်ကယ်ကို အားဂျွေ့အစ်မ နေထိုင်ရာ ဇန်းမွန်အာခါဟိုတယ် အနောက်ဘက်ရှိ နေအိမ်သို့ မောင်းနှင်သွားခဲ့ကြကြောင်း ထွက်ဆိုခဲ့သည်။

သြဂုတ်လ(၄)ရက်နေ့တွင် အားဂျွေ့နှင့်အတူ ရွှတြေိဂံဟိုတယ်ဘက်သို့ ဆိုင်ကယ်နှစ်စီးဖြင့် ထွက်လာကြပြီး အားဂျွေ့မှ ဆိုင်ကယ်သွားရောင်းရန် ပြောသဖြင့် ပုန်းထွန်ရပ်ကွက်၊ မိုင်းဆတ်သွားကားလမ်း၊ မြစိမ်းကန်ဘေးရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် ဆိုင်ကယ်အား ရောင်းချရန် သွားပြသစဉ်မှ ယခုလို အဖမ်းခံခဲ့ရတာ ဖြစ်ကြောင်း ဝန်ခံထွက်ဆိုသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အမှုစစ် ရဲအုပ် မျိုးလွင် မှ ထွက်ပြေးတိမ်းရှောင်နေသော တရားခံ အားဂျွေ့အား ဖမ်းဆီးရမိရေးနှင့် အမှုအား ခိုင်မာစွာ တည်ဆောက်၍ တရားရုံးသို့ တရားစွဲတင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

သတင်း - ‪#‎မောင်ဖိုးစံ‬(ဒူးယား)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~