တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး

တာချီလိတ်ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့ဝင်များအား ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး
သွဂုတျ 3, 2016
By Tachileik News Agency

တာချီလိတ်ခရိုင်/မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့စုံမှ အရာရှိ နှင့် တပ်ဖွဲ့ဝင်များအား အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သြဂုတ်လ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အစည်းအဝေးခန်းမတွင် ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြော ဆွေးနွေးပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့)လက်အောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အသိပညာပေးရာတွင် ဒုရဲမှူးအောင်ကိုကို က ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေအသစ်နှင့် ဒဏ်ငွေများ အကြောင်း အပြင်၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ရန်၊ တပ်ဖွဲ့ဝင်များ အနေဖြင့် မော်တော်ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရန် နှင့် ဆိုင်ကယ်များအား ယှဉ်၍ မမောင်းရန် စသည်တို့ကို အသိပညာပေး ဟောပြောသည်။


တပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်တိုက်မှုများနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ ကိုယ်တိုင် ဖြစ်ပေါ်သည်ဖြစ်စေ သိရှိနိုင်ရန်အတွက် ယာဉ်တိုက်မှုအမှားအမှန် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ လိုင်စင်မဲ့ယာဉ်များ စီးနင်းခြင်း၊ လိုင်စင်မဲ့ယာဉ်များနှင့် ပါဝင်ပတ်သက်မှု မရှိစေရေးတို့အပြင် မော်တော်ယာဉ်များနှင့် ပတ်သက်၍ စည်ကမ်းဖောက်ဖျက်မိပါက မည်သူမည်ဝါ ခွဲခြားခြင်းမပြုဘဲ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ထိန်ဝင်း ဦးစီးသော ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့စုံ မှ တပ်ဖွဲ့ဝင် (၃၇)ဦး၊ တပ်ဖွဲ့ဝင် မိသားစု (၃၂)ဦး စုစုပေါင်း (၆၉)ဦးတက်ရောက်ခဲ့ရာ ယာဉ်/လမ်းစည်းကမ်းအကြောင်း သိရှိလိုက်နာ မှတ်သားနိုင်ရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ယာဉ်/လမ်းစည်ကမ်းလိုက်နာစေရေးအတွက် တပ်ရင်း/တပ်ဖွဲ့ အသီးသီးအား သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေးဟောပြောခြင်း နှင့် ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။
...........

တာချီလိတ်ခရိုင်/မြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့စုံမှ အရာရှိ နှင့် တပ်ဖွဲ့ဝင်များအား အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ သြဂုတ်လ(၃)ရက်နေ့ နံနက်(၉)နာရီအချိန်က တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ အစည်းအေဝးခန်းမတွင် ယာဉ်/လမ်းစည်းကမ်း အသိပညာပေး ဟောပြော ဆွေးနွေးပွဲအဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် အမှတ်(၁၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ(ရှမ်း/အရှေ့)လက်အောက်ရှိ အမှတ်(၁၁၇)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(တာချီလိတ်)မှ ဒုရဲမှူး အောင်ကိုကို ဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အသိပညာပေးရာတွင် ဒုရဲမှူးအောင်ကိုကို က ၂၀၁၅ခုနှစ် မော်တော်ယာဉ်ဥပဒေအသစ်နှင့် ဒဏ်ငွေများ အကြောင်း အပြင်၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းပြီး မေးသိုင်းကြိုးတပ်ရန်၊ တပ်ဖွဲ့ဝင်များ အနဖြေင့် မော်တော်ဆိုင်ကယ်အား အရှိန်ပြင်းစွာ မောင်းနှင်ခြင်း မပြုရန် နှင့် ဆိုင်ကယ်များအား ယှဉ်၍ မမောင်းရန် စသည်တို့ကို အသိပညာပေး ဟောပြောသည်။

ဆက်လက်၍၎င်းက ယာဉ်များ မောင်းနှင်ရာတွင် ယာဉ်အချင်းချင်း လုယက်ကျော်တက်ခြင်း မပြုလုပ်ရန်၊ ဖြူနီမျဉ်းကျား၊ လူကူးမျဉ်းကျားတို့တွင် ယာဉ်များရပ်တန့်ခြင်း မပြုရန်၊ ယာဉ်ထိန်းရဲ၏ လက်ပြခြင်းကို လိုက်နာစေရန်စသော အချက်များကို လက်တွေ့ပြသမှုအဖြစ် Projector ဖြင့် အသိပေး ရှင်းလင်း ဟောပြောသည်။

တပ်ဖွဲ့ဝင်များအနဖြေင့် ယာဉ်တိုက်မှုများနှင့် ကြုံတွေ့ရသည်ဖြစ်စေ၊ ကိုယ်တိုင် ဖြစ်ပေါ်သည်ဖြစ်စေ သိရှိနိုင်ရန်အတွက် ယာဉ်တိုက်မှုအမှားအမှန် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ လိုင်စင်မဲ့ယာဉ်များ စီးနင်းခြင်း၊ လိုင်စင်မဲ့ယာဉ်များနှင့် ပါဝင်ပတ်သက်မှု မရှိစေရေးတို့အပြင် မော်တော်ယာဉ်များနှင့် ပတ်သက်၍ စည်ကမ်းဖောက်ဖျက်မိပါက မည်သူမည်ဝါ ခွဲခြားခြင်းမပြုဘဲ ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ယာဉ်/လမ်းစည်းကမ်း အသိပညာပေးဟောပြော ဆွေးနွေးပွဲသို့ ခရိုင်ယာဉ်စည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူးကြီး ထိန်ဝင်း ဦးစီးသော ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့စုံ မှ တပ်ဖွဲ့ဝင် (၃၇)ဦး၊ တပ်ဖွဲ့ဝင် မိသားစု (၃၂)ဦး စုစုပေါင်း (၆၉)ဦးတက်ရောက်ခဲ့ရာ ယာဉ်/လမ်းစည်းကမ်းအကြောင်း သိရှိလိုက်နာ မှတ်သားနိုင်ရေးအတွက် အသိပညာပေးလက်ကမ်း စာစောင်များကို ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖြနေ့်ဝပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်းများအနဖြေင့် ယာဉ်/လမ်းစည်ကမ်းလိုက်နာစေရေးအတွက် တပ်ရင်း/တပ်ဖွဲ့ အသီးသီးအား သက်ဆိုင်ရာ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ အသိပညာပေးဟောပြောခြင်း နှင့် ယာဉ်/လမ်းစည်းကမ်းဆိုင်ရာ အကြောင်းအရာများ ဆွေးနွေးခြင်းကို ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~