တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ထုိင္းႏုိင္ငံသို႔ ႏွစ္လအတြင္း စြန္႔ပစ္ပစၥည္း တန္ခ်ိန္ ၁၇၀၀ တင္ပို႔ထား

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ထုိင္းႏုိင္ငံသို႔ ႏွစ္လအတြင္း စြန္႔ပစ္ပစၥည္း တန္ခ်ိန္ ၁၇၀၀ တင္ပို႔ထား
သြဂုတ် 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ထိုင္းႏိုင္ငံသို႔  စြန္႔ပစ္ပစၥည္း အမ်ိဳးအမည္(၃)မ်ိဳးအား ၂၀၁၆ -၂၀၁၇ ဘ႑ာႏွစ္ ပထမ(၂)လအတြင္း တန္ခ်ိန္(၁,၇၀၀) စုစုေပါင္းတန္ဖိုး အေမရိကန္ ေဒၚလာ (၀.၃၀၈)သန္းအား တင္ပို႔ထားေၾကာင္း တာခ်ီလိတ္နယ္စပ္ ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရ သိရသည္။

"တင္ပို႔တဲ့ေနရာမွာ အသံုးျပဳၿပီး ကတၳဴစကၠဴအေဟာင္းနဲ႔ ပလပ္စတစ္ဘူးခြံအေဟာင္းေတြရယ္ ပုလင္းခြံအေဟာင္း ေတြရယ္ဆိုၿပီး အမ်ိဳးအမည္ (၃)မ်ိဳး ပို႔တယ္။ အကုန္လံုးက ေဒသတြင္းမွာ အသံုးျပဳၿပီးတဲ့ ပစၥည္းေတြပါ"ဟု တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးစိုးလြင္က ေျပာသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္း၏ ေမလႏွင့္ ဇြန္လတို႔၏ (၂)လတာ ပို႔ကုန္စာရင္းမ်ား၏ လခ်ဳပ္စာရင္းမ်ားအရ ကတၳဴစကၠဴအေဟာင္း တန္ခ်ိန္(၉၀၀)တင္ပို႔ခဲ့ၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ(၀.၁၈၈)သန္း၊ ပလပ္စတစ္ဘူးခြံမ်ားအား တန္ခ်ိန္(၄၀၀) တင္ပို႔ခဲ့ၿပီး တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၀.၀၆၂)သန္း၊ ပုလင္းခြံအေဟာင္းမ်ားအား တန္ခ်ိန္(၄၀၀) တန္ဖိုးအားျဖင့္ အေမရိကန္ေဒၚလာ (၀.၀၆၂)သန္းကို ႏွစ္လအတြင္း တင္ပို႔ထားျခင္းျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္း၏ ျမန္မာ - ထိုင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈစာရင္းမ်ားအရ လစဥ္လ်ာထားခ်က္မွာ အေမရိကန္ေဒၚလာ(၈)သန္းရွိရာ (၂)လအတြင္း အေမရိကန္ေဒၚလာ (၁၉.၄၈၂)သန္းရွိခဲ့သျဖင့္ လ်ာထားခ်က္၏ (၈၁.၁၈)ရာခိုင္ႏွဳန္း ကုန္သြယ္မႈျပဳႏိုင္ခဲ့ေၾကာင္း တာခ်ီလိတ္နယ္ကုန္သြယ္ေရးစခန္း၏ စာရင္းမ်ားအရ သိရပါတယ္။

သတင္း - ကိုဇက္
..................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ထိုင်းနိုင်ငံသို့ စွန့်ပစ်ပစ္စည်း အမျိုးအမည်(၃)မျိုးအား ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ် ပထမ(၂)လအတွင်း တန်ချိန်(၁,၇၀၀) စုစုပေါင်းတန်ဖိုး အမေရိကန် ဒေါ်လာ (ဝ.၃၀၈)သန်းအား တင်ပို့ထားကြောင်း တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရသည်။

"တင်ပို့တဲ့နေရာမှာ အသုံးပြုပြီး ကတ္ထူစက္ကူအဟောင်းနဲ့ ပလပ်စတစ်ဘူးခွံအဟောင်းတွေရယ် ပုလင်းခွံအဟောင်း တွေရယ်ဆိုပြီး အမျိုးအမည် (၃)မျိုး ပို့တယ်။ အကုန်လုံးက ဒေသတွင်းမှာ အသုံးပြုပြီးတဲ့ ပစ္စည်းတွေပါ"ဟု တာချီလိတ် နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ မေလနှင့် ဇွန်လတို့၏ (၂)လတာ ပို့ကုန်စာရင်းများ၏ လချုပ်စာရင်းများအရ ကတ္ထူစက္ကူအဟောင်း တန်ချိန်(၉၀၀)တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ(ဝ.၁၈၈)သန်း၊ ပလပ်စတစ်ဘူးခွံများအား တန်ချိန်(၄၀၀) တင်ပို့ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (ဝ.ဝ၆၂)သန်း၊ ပုလင်းခွံအဟောင်းများအား တန်ချိန်(၄၀၀) တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (ဝ.ဝ၆၂)သန်းကို နှစ်လအတွင်း တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်း၏ မြန်မာ - ထိုင် နှစ်နိုင်ငံကုန်သွယ်မှုစာရင်းများအရ လစဉ်လျာထားချက်မှာ အမေရိကန်ဒေါ်လာ(၈)သန်းရှိရာ (၂)လအတွင်း အမေရိကန်ဒေါ်လာ (၁၉.၄၈၂)သန်းရှိခဲ့သဖြင့် လျာထားချက်၏ (၈၁.၁၈)ရာခိုင်နှုန်း ကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း တာချီလိတ်နယ်ကုန်သွယ်ရေးစခန်း၏ စာရင်းများအရ သိရပါတယ်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~