တာချီလိတ်မြို့မသုဿန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့ ခိုအောင်းရာ ကျူးကျော်တဲများအား ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ရှင်းလင်းဖယ်ရှား
တာချီလိတ်မြို့မသုဿန်အတွင်း မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ၎င်းတို့ ခိုအောင်းရာ ကျူးကျော်တဲများအား ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ ရှင်းလင်းဖယ်ရှား
သွဂုတျ 19, 2016
By Tachileik News Agency
တာချီလိတ်မြို့မသုဿန်အတွင်း မူးယစ်ဆေးသုံးစွဲသူများ၏ စုဝေးနေထိုင်ရာ ကျူးကျော်တဲများကို  ရပ်ရွာလုံခြုံရေး အတွက် ၀မ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက ဖျက်သိမ်းဖယ်ရှားမီးရှို့ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျူးကျော်တဲများသည်  သုဿန်အတွင်း နှင့် အနီးတွင် တည်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ စုဝေးနေထိုင်ကြ၍ ရပ်ရွာအေးချမ်းသာယာလုံခြုံရေးကို ထိခိုက်နေခြင်း အပြင် တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများ ပေါများလာသည့်အတွက် ၀မ်ကောင်းအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်ကာ ဆယ်အိမ်မှူးများ၊ ရပ်ကွက်သူရပ်ကွက်သားများ၊ ပြည်သူ့စစ် နှင့် ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၀)ကျော်ဖြင့် ဖျက်သိမ်းမီးရှို့ခဲ့ကြောင်းသိရသည်။
ရပ်ရွာလုံခြုံရေးအရ မူးယစ်ဆေးဝါးသုံးစွဲသူများ စုဝေးနေထိုင်နေသော အဆိုပါ ကျူးကျော်တဲများကို ဖျက်ဆီးပေးရန်အတွက် လစဉ် ရပ်ကွက်အစည်းဝေးများတွင် ရပ်ကွက်တွင်းနေ ပြည်သူများမှ အကြိမ်ကြိမ် တင်ပြလာခဲ့သည့်အတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့မသုဿန်သည် ၀မ်ကောင်းရပ်ကွက် နှင့် ပုန်းထွန်ရပ်ကွက် ပိုင်နက် နှစ်ခုအကြားတွင် တည်ရှိသည့်အတွက် ၀မ်ကောင်းရပ်ကွက်မှ ၎င်းတို့ ပိုင်နက်အတွင်း ရှင်းလင်းစေခဲ့သော်လည်း ပုန်းထွန်ရပ်ကွက်ပိုင်းနက်အခြမ်းတွင် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တာချီလိတ်မြို့မသုဿန်အတွင်း မူးယစ်ဆေးသုံးစွဲသူများ၏ စေုဝးနေထိုင်ရာ ကျူးကျော်တဲများကို ရပ်ရွာလုံခြုံရေး အတွက် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဆောင်ကာ သြဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းက ဖျက်သိမ်းဖယ်ရှားမီးရှို့ခဲ့ကြောင်း သိရသည်။
"ဒီနေရာမှာ ကျူးကျော် နေထိုင်သူတွေဟာ မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွဖြေစ်ပါတယ်။ နေ့လယ်ဆိုရင် ခိုအောင်းနကြပြေီး ညအခါဆိုရင်တော့ သူတို့က လိုက်လံခိုးတာတွေ လုပ်ကြတယ်။ အမှန်တကယ်တော့ သက်ဆိုင်ရာ ဌာနတွေနဲ့ ပူပေါင်းဆောင်ရွက်ရမှာပါ။ အခုက ဆယ်အိမ်မှူးတွေ ပြည်သူ့စစ်တွေ၊ ရပ်ကွက်ထဲက အရန်မီးသတ်တွေနဲ့ပဲပူးပေါင်းပြီးတော့ ကျူးကျော်တဲတွေကို အမြန်ဆုံး ဖျက်ဆီးလိုက်တာပါ။ သူတို့ကိုလည်း ဒီနေရာမှာ မနေဖို့နဲ့ နောက်တစ်ခါ လာနေတာတွေ့ရင်တော့ လူပါ ဖမ်းမယ်ဆိုပြီး ပထမအနေနဲ့ သတိပေးထားပါတယ်။"ဟု တာချီလိတ်မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဝမ်ကောင်းရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက ပြောသည်။
အဆိုပါ ကျူးကျော်တဲများသည် သုဿန်အတွင်း နှင့် အနီးတွင် တည်ရှိပြီး မူးယစ်ဆေးဝါးသုံးစွဲသူများ စေုဝးနေထိုင်ကြ၍ ရပ်ရွာအေးချမ်းသာယာလုံခြုံရေးကို ထိခိုက်နခြေင်း အပြင် တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများ ပေါများလာသည့်အတွက် ဝမ်ကောင်းအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်း ဦးဆောင်ကာ ဆယ်အိမ်မှူးများ၊ ရပ်ကွက်သူရပ်ကွက်သားများ၊ ပြည်သူ့စစ် နှင့် ရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း (၄၀)ကျော်ဖြင့် ဖျက်သိမ်းမီးရှို့ခဲ့ကြောင်းသိရသည်။
ရပ်ရွာလုံခြုံရေးအရ မူးယစ်ဆေးဝါးသုံးစွဲသူများ စေုဝးနေထိုင်နေသော အဆိုပါ ကျူးကျော်တဲများကို ဖျက်ဆီးပေးရန်အတွက် လစဉ် ရပ်ကွက်အစည်းေဝးများတွင် ရပ်ကွက်တွင်းနေ ပြည်သူများမှ အကြိမ်ကြိမ် တင်ပြလာခဲ့သည့်အတွက် ယခုလို ဆောင်ရွက်ခြင်းဖြစ်ပြီး၊ မြို့မသုဿန်သည် ဝမ်ကောင်းရပ်ကွက် နှင့် ပုန်းထွန်ရပ်ကွက် ပိုင်နက် နှစ်ခုအကြားတွင် တည်ရှိသည့်အတွက် ဝမ်ကောင်းရပ်ကွက်မှ၎င်းတို့ ပိုင်နက်အတွင်း ရှင်းလင်းစေခဲ့သော်လည်း ပုန်းထွန်ရပ်ကွက်ပိုင်းနက်အခြမ်းတွင် ကျန်ရှိနေသေးကြောင်း သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဇောင်းညီ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~