ရွမ္းျပည္နယ္တြင္ စိုက္ပ်ဳိးေရးကို အေျခခံ၍ ထုတ္ကုန္အဆင့္ျမႇင့္သည့္ စီးပြားေရးမူဝါဒ ေဖာ္ေဆာင္မည္

ရွမ္းျပည္နယ္တြင္ စိုက္ပ်ဳိးေရးကို အေျခခံ၍ ထုတ္ကုန္အဆင့္ျမႇင့္သည့္ စီးပြားေရးမူဝါဒ ေဖာ္ေဆာင္မည္
သြဂုတ် 15, 2016
By Tachileik News Agency

ရွမ္းျပည္နယ္အစိုးရအေနျဖင့္ စိုက္ပ်ိဳးေရးကိုအေျခခံ၍ ထုတ္ကုန္အဆင့္ျမႇင့္တင္ေသာ စီးပြားေရးမူ၀ါဒျဖင့္ ေဒသတြင္း စိုက္ပ်ိဳးေရးႏွင့္ လယ္ယာထုတ္ကုန္မ်ားတိုးျမႇင့္တင္ပို႔ႏိုင္ရန္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္တိို႔ ရွမ္းျပည္နယ္ထဲမွာေတာ့ အဓိက စိုက္ပ်ိဳးေရးကိုအေျခခံတဲ့ စီးပြားေရးပံုစံနဲ႔ပဲသြားရမွာ။ ရွမ္းျပည္နယ္က ေျမဧရိယာလည္း က်ယ္ျပန္႔တဲ့အတြက္လည္းပါတယ္။ ကၽြန္ေတာ္တို႔ ထုတ္ကုန္ေတြကို အဆင့္ျမႇင့္တင္ရမယ္။ ဒီအတြက္ နည္းပညာလိုအပ္ခ်က္လည္း ရွိတယ္။ အစိုးရခ်င္းဆက္ဆံေရး ခိုင္ၿမဲဖို႔လိုတယ္။ ဒါေတြရွိမွ ကုန္သည္ေတြလည္း နစ္နာမႈမရွိမွာ။ ဒီအတြက္ေတာ့ အခ်ိန္ကာလ သတ္မွတ္ခ်က္ခ်ထားၿပီး ေဆာင္ရြက္ရတာျဖစ္တဲ့အတြက္ ျပည္သူေတြသည္းခံဖို႔ေတာ့လိုမယ္"ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က ေျပာသည္။

လက္ရိွတြင္ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ကုန္သြယ္မွဳမွာ က်ဆင္းျခင္းမရွိေသာ္လည္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ကုန္သြယ္မႈတြင္ ထုိင္းႏိုင္ငံႏွင့္ ထုတ္ကုန္တူညီေနမႈေၾကာင့္ ကုန္သြယ္မႈက်ဆင္းေနသျဖင့္ ျပည္နယ္တြင္း ထုတ္ကုန္တိုးျမွင့္ေရးကို လုပ္ေဆာင္သြားမည္ဟု သိရသည္။

ျမန္မာႏိုင္ငံရွိ နယ္စပ္ကုန္သြယ္ေရးစခန္းေပါင္း(၁၆)ခုရွိသည့္အနက္ ရွမ္းျပည္နယ္အတြင္း တာခ်ီလိတ္၊ မူဆယ္၊ က်ိဳင္းတံုၿမိဳ႕မ်ားရိွ နယ္စပ္ကုန္သြယ္ေရးစခန္း (၃)ခု၏ ၂၀၁၅-၂၀၁၆ ခုႏွစ္ကုန္သြယ္မႈစာရင္းမွာ အေမရိကန္ေဒၚလာ သန္းေပါင္း(၅၄၆၆.၂၉၆)ရွိၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ကုန္သြယ္မႈတန္ဖိုးမွာ အေမရိကန္ေဒၚလာ(၈၈)သန္းေက်ာ္ရွိေၾကာင္း သိရသည္။

သတင္း - ကိုဇက္

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
ရှမ်းပြည်နယ်အစိုးရအနဖြေင့် စိုက်ပျိုးရေးကိုအခြေခံ၍ ထုတ်ကုန်အဆင့်မြှင့်တင်သော စီးပွားရေးမူဝါဒဖြင့် ဒေသတွင်း စိုက်ပျိုးရေးနှင့် လယ်ယာထုတ်ကုန်များတိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရှမ်းပြည်နယ်ထဲမှာတော့ အဓိက စိုက်ပျိုးရေးကိုအခြေခံတဲ့ စီးပွားရေးပုံစံနဲ့ပဲသွားရမှာ။ ရှမ်းပြည်နယ်က မြေဧရိယာလည်း ကျယ်ပြန့်တဲ့အတွက်လည်းပါတယ်။ ကျွန်တော်တို့ ထုတ်ကုန်တွေကို အဆင့်မြှင့်တင်ရမယ်။ ဒီအတွက် နည်းပညာလိုအပ်ချက်လည်း ရှိတယ်။ အစိုးရချင်းဆက်ဆံရေး ခိုင်မြဲဖို့လိုတယ်။ ဒါတွေရှိမှ ကုန်သည်တွေလည်း နစ်နာမှုမရှိမှာ။ ဒီအတွက်တော့ အချိန်ကာလ သတ်မှတ်ချက်ချထားပြီး ဆောင်ရွက်ရတာဖြစ်တဲ့အတွက် ပြည်သူတွေသည်းခံဖို့တော့လိုမယ်"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သွယ်မှုမှာ ကျဆင်းခြင်းမရှိသော်လည်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကုန်သွယ်မှုတွင် ထိုင်းနိုင်ငံနှင့် ထုတ်ကုန်တူညီနေမှုကြောင့် ကုန်သွယ်မှုကျဆင်းနေသဖြင့် ပြည်နယ်တွင်း ထုတ်ကုန်တိုးမြှင့်ရေးကို လုပ်ဆောင်သွားမည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ နယ်စပ်ကုန်သွယ်ရေးစခန်းပေါင်း(၁၆)ခုရှိသည့်အနက် ရှမ်းပြည်နယ်အတွင်း တာချီလိတ်၊ မူဆယ်၊ ကျိုင်းတုံမြို့များရှိ နယ်စပ်ကုန်သွယ်ရေးစခန်း (၃)ခု၏ ၂၀၁၅-၂၀၁၆ ခုနှစ်ကုန်သွယ်မှုစာရင်းမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း(၅၄၆၆.၂၉၆)ရှိပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၈၈)သန်းကျော်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~