တာခ်ီလိတ္ စည္ပင္၏ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ေဆာင္ရြက္မည့္ လုပ္ငန္းမ်ားအတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြး

တာခ်ီလိတ္ စည္ပင္၏ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း ေဆာင္ရြက္မည့္ လုပ္ငန္းမ်ားအတြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ေတြ႕ဆံုေဆြးေႏြး
သြဂုတ် 15, 2016
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘ႑ာေရးႏွစ္တြင္ ရပ္ကြက္အလိုက္ လမ္း၊တံတား လိုအပ္ခ်က္မ်ားကို ထိထိမိမိ ေဆာင္ရြက္ႏိုင္ေရးအတြက္ ရပ္/ေက်းအုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ စည္ပင္သာယာေရးေကာ္မတီတို႔ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကသည္။

ယင္းေဆြးေႏြးပြဲကို ၾသဂုတ္လ(၁၅)ရက္ေန႔ နံနက္ပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနရံုး အစည္းအေ၀းခန္းမတြင္ က်င္းပျပဳလုပ္ခဲ့ရာ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီ ဥကၠဌ ဦးစိုင္းလံုမား ႏွင့္ ေကာ္မတီ၀င္မ်ား၊ စည္ပင္သာယာေရးဌာနမွ တာ၀န္ရွိသူမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ား ႏွင့္ ဖိတ္ၾကားထားသူမ်ားမွ တက္ေရာက္လာၾကၿပီး ၿမိဳ႕သန္႔ရွင္း သာယာလွပေရး၊ ေရစီးေရလာ ေကာင္းမြန္ေရးႏွင့္ အခြန္အခမ်ား ေကာက္ခံေနမႈကိစၥရပ္မ်ားကို ေဆြးေႏြးခဲ့ႀကေၾကာင္း သိရသည္။

"ရပ္ကြက္အလိုက္ လိုအပ္ေနတဲ့ လမ္း၊ တံတား၊ စည္ပင္သာယာေရးႏွင့္ဆိုင္တဲ့ သန္႔႐ွင္းေရး ၊ အမိႈက္ကိစၥစတဲ့ လုပ္ငန္းေတြကို ထိထိမိမိ ေဆာင္ရြက္ဖို႔အတြက္ ေဆြးေႏြးျခင္းျဖစ္ပါတယ္။ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးေတြမွ တစ္ဆင့္ ရပ္ကြက္အတြင္း လိုအပ္ေနတဲ့ လုပ္ငန္းေတြကုိ တင္ျပလာတာေတြမွာ ျပည္သူေတြအေပၚ အက်ဳိးမ်ားမ်ား သက္ေရာက္မဲ့ လုပ္ငန္းကို ဦးစားေပးၿပီး ဘ႑ာေရး စည္းမ်ဥ္း၊ စည္းကမ္းနဲ႔အညီ ေဆာင္ရြက္သြားမွာပါ။"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဦးစီးဌာန အမႈေဆာင္အရာရွိ ဒု-ညႊန္ၾကားေရးမွဴး ဦးေက်ာ္မိုးထြန္းက ေျပာသည္။

အဆိုပါ ေဆြးေႏြးပြဲတြင္ တာခ်ီလိတ္ၿမိဳ႕ေပၚ (၁၁)ရပ္ကြက္မွ သက္ဆိုင္ရာ ရပ္ကြက္အလိုက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ားမွ လမ္း/တံတား ႏွင့္ ေရစီးေရလာေကာင္းမြန္ေရးအတြက္ ေရေျမာင္းမ်ား စသည့္ စည္ပင္သာယာေရးႏွင့္ သက္ဆိုင္သည့္ ကိစၥရပ္မ်ားအားမိမိတို႔ ရပ္ကြက္အတြင္း ကြင္းဆင္း စစ္ေဆးၿပီး လိုအပ္ခ်က္မ်ားႏွင့္ ေဆာင္ရြက္ရန္မ်ားကို စည္ပင္သာယာေရးေကာ္မတီသို႔ ျပန္လည္တင္ျပရန္အတြက္ အတည္ျပဳေဆြးေႏြးခဲ့ၾကသည္။

လာမည့္ဘ႑ာႏွစ္တြင္ ေဆာင္ရြက္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕ေပၚ ရပ္ကြက္ (၁၁)ခုမွ အုပ္ခ်ဳပ္ေရးမွဴးမ်ားက မိမိရပ္ကြက္အတြင္း လမ္းခင္းျခင္း၊ လမ္းေဖာက္ျခင္း၊ ေရေျမာင္းမ်ား ဆည္ျခင္း ႏွင့္ အမိႈက္ကိစၥမ်ားစသည့္ လိုအပ္ေနေသာ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးႏိုင္ရန္ အဓိက တင္ျပခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီမွ လာမည့္ ၂၀၁၇ - ၂၀၁၈ ခု ဘ႑ာေရးႏွစ္တြင္ ေကာက္ခံရန္အတြက္ က်ပ္သိန္း(၁၉,၀၀၀)ေက်ာ္ခန္႔ လ်ာထား ေၾကာင္းသိရသည္။

သတင္း/ဓာတ္ပံု - ‪#‎ေဇာင္းညီ‬
*************

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ရပ်ကွက်အလိုက် လမ်း၊တံတား လိုအပ်ချက်များကို ထိထိမိမိ ဆောင်ရွက်နိုင်ရေးအတွက် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စည်ပင်သာယာရေးကော်မတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို သြဂုတ်လ(၁၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံး အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးစိုင်းလုံမား နှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ နှင့် ဖိတ်ကြားထားသူများမှ တက်ရောက်လာကြပြီး မြို့သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာ ကောင်းမွန်ရေးနှင့် အခွန်အခများ ကောက်ခံနေမှုကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"ရပ်ကွက်အလိုက် လိုအပ်နေတဲ့ လမ်း၊ တံတား၊ စည်ပင်သာယာရေးနှင့်ဆိုင်တဲ့ သန့်ရှင်းရေး၊ အမှိုက်ကိစ္စစတဲ့ လုပ်ငန်းတွေကို ထိထိမိမိ ဆောင်ရွက်ဖို့အတွက် ဆွေးနွေးခြင်းဖြစ်ပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေမှ တစ်ဆင့် ရပ်ကွက်အတွင်း လိုအပ်နေတဲ့ လုပ်ငန်းတွေကို တင်ပြလာတာတွေမှာ ပြည်သူတွေအပေါ် အကျိုးများများ သက်ရောက်မဲ့ လုပ်ငန်းကို ဦးစားပေးပြီး ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ ဆောင်ရွက်သွားမှာပါ။"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင်အရာရှိ ဒု-ညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းက ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တာချီလိတ်မြို့ပေါ် (၁၁)ရပ်ကွက်မှ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ လမ်း/တံတား နှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေမြောင်းများ စသည့် စည်ပင်သာယာရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များအားမိမိတို့ ရပ်ကွက်အတွင်း ကွင်းဆင်း စစ်ဆေးပြီး လိုအပ်ချက်များနှင့် ဆောင်ရွက်ရန်များကို စည်ပင်သာယာရေးကော်မတီသို့ ပြန်လည်တင်ပြရန်အတွက် အတည်ပြုဆွေးနွေးခဲ့ကြသည်။

လာမည့်ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ရန်အတွက် တာချီလိတ်မြို့ပေါ် ရပ်ကွက် (၁၁)ခုမှ အုပ်ချုပ်ရေးမှူးများက မိမိရပ်ကွက်အတွင်း လမ်းခင်းခြင်း၊ လမ်းဖောက်ခြင်း၊ ရေမြောင်းများ ဆည်ခြင်း နှင့် အမှိုက်ကိစ္စများစသည့် လိုအပ်နေသော လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အဓိက တင်ပြခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ လာမည့် ၂၀၁၇ - ၂၀၁၈ ခု ဘဏ္ဍာရေးနှစ်တွင် ကောက်ခံရန်အတွက် ကျပ်သိန်း(၁၉,ဝဝဝ)ကျော်ခန့် လျာထား ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ‪#‎ဇောင်းညီ‬

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~