ဖခင္ျဖစ္သူကို သားက ဓားျဖင့္ ခုတ္သတ္မႈ က်ဳိင္းတုံ၌ ျဖစ္ပြား

ဖခင္ျဖစ္သူကို သားက ဓားျဖင့္ ခုတ္သတ္မႈ က်ဳိင္းတုံ၌ ျဖစ္ပြား
သြဂုတ် 30, 2016
By Tachileik News Agency

သားအဖအခ်င္းခ်င္း စကားမ်ားရာမွ သားျဖစ္သူက ဖခင္ျဖစ္သူ၏ ဦးေခါင္းကို ဓားျဖင့္ ခုတ္ကာ သတ္ျဖတ္သည့္ လူသတ္မႈတစ္ခု ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္တြင္  ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပန္ၾကဴေက်းရြာအုပ္စု၊ ပန္ဆန္းေက်းရြာတြင္ က်တားဆိုသူမွာ ၾသဂုတ္လ(၃၀)ရက္ေန႔ နံနက္ပိုင္းက ဖခင္ျဖစ္သူႏွင့္ စကာမ်ားၿပီးေနာက္ ေနအိမ္မွ ထြက္သြားရာ ဖခင္မွ ျပန္လည္ လိုက္ေခၚစဥ္ ဦးေခါင္းအား ဓားျဖင့္ ခုတ္၍ ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဖခင္အား သတ္ၿပီး ထြက္ေျပးသြားသူသည္ ပန္ဆန္းရြာႏွင့္(၄)မိုင္ခန္ ့ေ၀းေသာ နန္ ့ကိုင္ရြာသို ့ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သတင္းရရိွသျဖင့္ ရဲအုပ္ေက်ာ္မိုးဦးေဆာင္သည့္ အဖြဲ႔မွ လိုက္လံ စုံစမ္းရာမွ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ေဘးပတ္၀န္းက်င္ေတြကေတာ့ ေဆးေၾကာင္ၿပီး အခုလို လုပ္လိုက္တာလို႔ ေျပာၾကတယ္၊ ဓားနဲ႔ခုတ္သတ္ၿပီး ထြက္ေျပးသြားလို႔ လိုက္ဖမ္းတာ ဒီေန႔ပဲ မိတယ္"ဟု ကိုအားဖာ က ေျပာသည္။
ဖခင္အား ဓားျဖင့္ ဦးေခါင္းကို ခုတ္သတ္သူ က်တားအား က်ိဳင္းတံု ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၅၇/၂၀၁၆၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္လွစ္အေရးယူထားေၾကာင္းႏွင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ ေနလွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓာတ္ပံု - က်ဳိင္းတံု ႏွလံုးလွပိုင္ရွင္မ်ား ( အခမဲ့ ) လူမႈကူညီေရးအသင္း

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~

သားအဖအချင်းချင်း စကားများရာမှ သားဖြစ်သူက ဖခင်ဖြစ်သူ၏ ဦးခေါင်းကို ဓားဖြင့် ခုတ်ကာ သတ်ဖြတ်သည့် လူသတ်မှုတစ်ခု ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်ကြူကျေးရွာအုပ်စု၊ ပန်ဆန်းကျေးရွာတွင် ကျတားဆိုသူမှာ သြဂုတ်လ(၃၀)ရက်နေ့ နံနက်ပိုင်းက ဖခင်ဖြစ်သူနှင့် စကာများပြီးနောက် နေအိမ်မှ ထွက်သွားရာ ဖခင်မှ ပြန်လည် လိုက်ခေါ်စဉ် ဦးခေါင်းအား ဓားဖြင့် ခုတ်၍ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖခင်အား သတ်ပြီး ထွက်ပြေးသွားသူသည် ပန်ဆန်းရွာနှင့်(၄)မိုင်ခန်ေ့ဝးသော နန့်ကိုင်ရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် ရဲအုပ်ကျော်မိုးဦးဆောင်သည့် အဖွဲ့မှ လိုက်လံ စုံစမ်းရာမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဘေးပတ်ဝန်းကျင်တွေကတော့ ဆေးကြောင်ပြီး အခုလို လုပ်လိုက်တာလို့ ပြောကြတယ်၊ ဓားနဲ့ခုတ်သတ်ပြီး ထွက်ပြေးသွားလို့ လိုက်ဖမ်းတာ ဒီနေ့ပဲ မိတယ်"ဟု ကိုအားဖာ က ပြောသည်။
ဖခင်အား ဓားဖြင့် ဦးခေါင်းကို ခုတ်သတ်သူ ကျတားအား ကျိုင်းတုံ မြို့မရဲစခန်းတွင် (ပ)၁၅၇/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်အရေးယူထားကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ် နေလျှက်ရှိကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ကျိုင်းတုံ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်း 

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~