( ရုပ်သံ ) ဒေသခံ ကုန်သည်၊ လုပ်ငန်းရှင်များ နှင့် ဌာနဆိုင်ရာများကို အခွန်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးမှ သတိပေး

( ရုပ်သံ ) ဒေသခံ ကုန်သည်၊ လုပ်ငန်းရှင်များ နှင့် ဌာနဆိုင်ရာများကို အခွန်ကိစ္စနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးမှ သတိပေး
သွဂုတျ 12, 2016
By Tachileik News Agency



ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး နှင့် ဘဏ္ဍာရေးဝန်ကြီးတို့နှစ်ဦးဟာ သြဂုတ်လ(၁၁)ရက်နေ့က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ ဌာနဆိုင်ရာများနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောကြား လိုက်တာဖြစ်ပါတယ်။

အခု အစိုးရသစ်ဟာ နိုင်ငံ့လိုငွေကို  ငွေစက္ကူကို ရိုက်နိုပ်ပြီး ထုတ်ဝေဖြည့်ဆည်းတဲ့  အစိုးရမဟုတ်တဲ့အကြောင်းနဲ့ နိုင်ငံအား ချောက်ထဲချမည့် အစိုးရမဟုတ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

**************
တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)ပေါ်မှာ ရှမ်းပြည်နယ်အစိုးရက ကုန်စည်အပေါ် အခွန်(၃)ရာခိုင်နှုန်းကောက်ခံပြီး ဒေသခံပြည်သူတွေအတွက် တစ်ပိုင်တစ်နိုင် ကုန်စည်တင်သွင်းခွင့် ပေးထားပေမယ့် လုပ်ငန်းရှင်များက အခွန်ငွေအပြည့်အဝပေးဆောင်ခြင်းမရှိဘဲ ဌာနဆိုင်ရာကို နားလည်မှုနဲ့ ကုန်သွယ်မှုလုပ်နေတဲ့အတွက် တိုင်းပြည် နစ်နာမှုတွေရှိနေတယ်လို့ ရှမ်းပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး နှင့် ဘဏ္ဍာရေးဝန်ကြီးတို့နှစ်ဦးဟာ သြဂုတ်လ(၁၁)ရက်နေ့က တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအေဝးခန်းမမှာ ကျင်းပတဲ့ ဌာနဆိုင်ရာများနဲ့ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲမှာ ပြောကြား လိုက်တာဖြစ်ပါတယ်။
အခု အစိုးရသစ်ဟာ နိုင်ငံ့လိုငွေကို ငွေစက္ကူကို ရိုက်နိုပ်ပြီး ထုတ်ဝဖြေည့်ဆည်းတဲ့ အစိုးရမဟုတ်တဲ့အကြောင်းနဲ့ နိုင်ငံအား ချောက်ထဲချမည့် အစိုးရမဟုတ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဘဏ္ဍာရေးဝန်ကြီးကလဲ အခွန်ထမ်းပြည်သူတွေနဲ့ပတ်သက်ပြီး ဥပဒေအတိုင်း လျှော့ပေါ့ပေးနိုင်တဲ့အရာတွေကို လျှော့ပေါ့ပေးမှာဖြစ်ပြီး အခွန်ဝန်ထမ်းများ အကတိလိုက်စားမှုများရှိရင် အချက်အလက်နဲ့ တိုင်ကြားဖို့အတွက် ပြောကြားသွားခဲ့ပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net