ပဲတီစိမ္းစိုက္သူမ်ား ဓာတ္ေျမၾသဇာမ်ားကို နည္းစနစ္မွန္ကန္စြာ သံုးစြဲမႈျပဳရန္လိုအပ္ေန

ပဲတီစိမ္းစိုက္သူမ်ား ဓာတ္ေျမၾသဇာမ်ားကို နည္းစနစ္မွန္ကန္စြာ သံုးစြဲမႈျပဳရန္လိုအပ္ေန
သြဂုတ် 2, 2016
By Tachileik News Agency

ပဲတီစိမ္းစိုက္ခင္းမ်ားတြင္ ဓာတ္ေျမၾသဇာကို နည္းစနစ္မွန္ကန္စြာ သံုးစြဲမႈမရိွခဲ့သျဖင့္ ယခင္သံုးစြဲခဲ့သည့္ ပိုးသတ္ေဆး ဓာတ္ၾကြင္းဓာတ္က်န္မ်ား ပါ၀င္ေနမႈေၾကာင့္ လက္ရွိအခ်ိန္တြင္ ဂ်ပန္ႏွင့္ ဥေရာပေစ်းကြက္မွ ၀ယ္ယူမႈရပ္ဆိုင္းထားေၾကာင္း  မႏၱေလးပဲေစ်းကြက္မွ ပြဲရံုပိုင္ရွင္မ်ားထံမွ သိရသည္။

“ေတာင္သူေတြက ပဲတီစိမ္းစိုက္တဲ့အခါ ပိုးသတ္ေဆး၊ေပါင္းသတ္ေဆး၊ရြက္ဖ်န္းေဆးေတြကို စနစ္တက်အခ်ိဳးအစား က်က်မသံုးတဲ့အတြက္ေၾကာင့္ ႏိုင္ငံျခားကို တင္ပို႕တဲ့အခါ ဓာတ္ၾကြင္းေတြရွိေနေတာ့ ျပည္ပ က မ၀ယ္ေတာ့ဘူး။ ဒါေၾကာင့္ ဓာတုေဆး၀ါးေတြကို စနစ္တက် သံုးစြဲဖို႕လိုပါတယ္။ စိုက္ပ်ိဳးၿပီး သတ္မွတ္အခ်ိန္မတိုင္မီ ေစ်းေကာင္း မီေအာင္ဆိုၿပီး ခူးဆြတ္တာကလည္း စစ္ေဆးလိုက္တဲ့အခါ ဓာတ္ၾကြင္း ရွိေနျခင္းရဲ႕အေၾကာင္းရင္း တစ္ခုအပါအ၀င္ပါပဲ။”ဟု စိုး၀င္းျမင့္ပြဲရံု မွ ဦးစိုး၀င္းျမင့္က ေျပာသည္။

ျမန္မာ့ပဲတီစိမ္းကို တရုတ္ႏိုင္ငံအျပင္ ဂ်ပန္ႏွင့္ ဥေရာပေစ်းကြက္သို႔ ႏွစ္စဥ္ ဇူလိုင္လတြင္ ပံုမွန္ တင္ပို႔ေနရေသာ္လည္း ယခုႏွစ္တြင္ ၀ယ္ယူမႈရပ္ဆိုင္းထားေၾကာင္း ပြဲရံုလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

“သူမ်ားႏိုင္ငံက ၀ယ္တယ္ဆိုတာ စစ္ေဆးၿပီးမွ၀ယ္တယ္။ အခုက ႏုိင္ငံတကာ စံႏႈန္းနဲ႔မကိုက္ေတာ့ ေစ်းကြက္ႀကီးေတြမွာ ၀င္တိုးလို႔ မရေတာ့ဘူး။ ဒါေၾကာင့္ ေတာင္သူေတြကို အသိ ပညာေပးမႈေတြ လုပ္ဖို႕လည္း လိုပါတယ္။ ေတာင္သူကလည္း ဒီပိုးသတ္ေဆးေတြကို ရမ္းသမ္းၿပီး ေၾကာ္ျငာေကာင္းလို႕သံုးေနၾကတာ။ စနစ္က်တာေတြ ေစ်းကြက္၀င္မွာေတြ မသိဘူး။ ျပည္ပက အ၀ယ္ရပ္ေတာ့ ျပည္တြင္းမွာ ပံုေနတယ္။ ေစ်းေကာင္းလည္းမရေတာ့ဘူး။ ေတာင္သူလည္း ရံႈးတယ္။ ဒါေၾကာင့္ ဓာတုေဆး၀ါးေတြကို စနစ္တက် သံုးေစခ်င္တယ္။” ဟု ျပည့္စံုပဲပြဲရံုမွ ကိုမိုးက ဆိုသည္။

ျမန္မာႏုိင္ငံ အႏွံ႕အျပားမွ ထြက္ရွိေသာပဲတီစိမ္းမ်ားကို လက္ရွိအခ်ိန္တြင္ တရုတ္ႏိုင္ငံ တစ္ခုတည္းကိုသာ အားထားေရာင္းခ်ေနရၿပီး မႏၱေလးေစ်းကြက္တြင္ ပဲတီစိမ္း အ၀င္မ်ားသျဖင့္ ေစ်းႏႈန္းလည္းက်ဆင္းလွ်က္ရိွေၾကာင္း သိရသည္။

ဇူလိုင္လ(၂၃) ရက္ေန႔ေပါက္ေစ်းအရ သံုးတင္း၀င္တစ္အိတ္လွ်င္ ေငြက်ပ္ (၈၃,၀၀၀) ႏႈန္းအထိ ေရာက္ေနၿပီး ယမန္နွစ္က က်ပ္ (၉၀,၀၀၀) ေက်ာ္၀န္းက်င္ရွိခဲ့ေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

.............

ပဲတီစိမ်းစိုက်ခင်းများတွင် ဓာတ်မြသြေဇာကို နည်းစနစ်မှန်ကန်စွာ သုံးစွဲမှုမရှိခဲ့သဖြင့် ယခင်သုံးစွဲခဲ့သည့် ပိုးသတ်ဆေး ဓာတ်ကြွင်းဓာတ်ကျန်များ ပါဝင်နေမှုကြောင့် လက်ရှိအချိန်တွင် ဂျပန်နှင့် ဥရောပဈေးကွက်မှ ဝယ်ယူမှုရပ်ဆိုင်းထားကြောင်း မန္တလေးပဲဈေးကွက်မှ ပွဲရုံပိုင်ရှင်များထံမှ သိရသည်။

“တောင်သူတွေက ပဲတီစိမ်းစိုက်တဲ့အခါ ပိုးသတ်ဆေး၊ပေါင်းသတ်ဆေး၊ရွက်ဖျန်းဆေးတွေကို စနစ်တကျအချိုးအစား ကျကျမသုံးတဲ့အတွက်ကြောင့် နိုင်ငံခြားကို တင်ပို့တဲ့အခါ ဓာတ်ကြွင်းတွေရှိနေတော့ ပြည်ပ က မဝယ်တော့ဘူး။ ဒါကြောင့် ဓာတုဆေးဝါးတွေကို စနစ်တကျ သုံးစွဲဖို့လိုပါတယ်။ စိုက်ပျိုးပြီး သတ်မှတ်အချိန်မတိုင်မီ ဈေးကောင်း မီအောင်ဆိုပြီး ခူးဆွတ်တာကလည်း စစ်ဆေးလိုက်တဲ့အခါ ဓာတ်ကြွင်း ရှိနခြေင်းရဲ့အကြောင်းရင်း တစ်ခုအပါအဝင်ပါပဲ။”ဟု စိုးဝင်းမြင့်ပွဲရုံ မှ ဦးစိုးဝင်းမြင့်က ပြောသည်။

မြန်မာ့ပဲတီစိမ်းကို တရုတ်နိုင်ငံအပြင် ဂျပန်နှင့် ဥရောပဈေးကွက်သို့ နှစ်စဉ် ဇူလိုင်လတွင် ပုံမှန် တင်ပို့နေရသော်လည်း ယခုနှစ်တွင် ဝယ်ယူမှုရပ်ဆိုင်းထားကြောင်း ပွဲရုံလုပ်ငန်းရှင်များထံမှ သိရသည်။

“သူများနိုင်ငံက ဝယ်တယ်ဆိုတာ စစ်ဆေးပြီးမှဝယ်တယ်။ အခုက နိုင်ငံတကာ စံနှုန်းနဲ့မကိုက်တော့ ဈေးကွက်ကြီးတွေမှာ ဝင်တိုးလို့ မရတော့ဘူး။ ဒါကြောင့် တောင်သူတွေကို အသိ ပညာပေးမှုတွေ လုပ်ဖို့လည်း လိုပါတယ်။ တောင်သူကလည်း ဒီပိုးသတ်ဆေးတွေကို ရမ်းသမ်းပြီး ကြော်ငြာကောင်းလို့သုံးနကြေတာ။ စနစ်ကျတာတွေ ဈေးကွက်ဝင်မှာတွေ မသိဘူး။ ပြည်ပက အဝယ်ရပ်တော့ ပြည်တွင်းမှာ ပုံနေတယ်။ ဈေးကောင်းလည်းမရတော့ဘူး။ တောင်သူလည်း ရှုံးတယ်။ ဒါကြောင့် ဓာတုဆေးဝါးတွေကို စနစ်တကျ သုံးစေချင်တယ်။” ဟု ပြည့်စုံပဲပွဲရုံမှ ကိုမိုးက ဆိုသည်။

မြန်မာနိုင်ငံ အနှံ့အပြားမှ ထွက်ရှိသောပဲတီစိမ်းများကို လက်ရှိအချိန်တွင် တရုတ်နိုင်ငံ တစ်ခုတည်းကိုသာ အားထားရောင်းချနေရပြီး မန္တလေးဈေးကွက်တွင် ပဲတီစိမ်း အဝင်များသဖြင့် ဈေးနှုန်းလည်းကျဆင်းလျှက်ရှိကြောင်း သိရသည်။

ဇူလိုင်လ(၂၃) ရက်နေ့ပေါက်ဈေးအရ သုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် (၈၃,ဝဝဝ) နှုန်းအထိ ရောက်နပြေီး ယမန်နှစ်က ကျပ် (၉၀,ဝဝဝ) ကျော်ဝန်းကျင်ရှိခဲ့ကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~