ေရေဘးသင္႔ဒုကၡသည္မ်ားအား မင္းဘူးၿမိဳ႕ ဓာတ္ေတာ္ကုန္းဘုရားေဂါပကဥကၠဌက ဘုရားပရဝဏ္တြင္ ေနထိုင္ခြင့္မျပဳ

ေရေဘးသင္႔ဒုကၡသည္မ်ားအား မင္းဘူးၿမိဳ႕ ဓာတ္ေတာ္ကုန္းဘုရားေဂါပကဥကၠဌက ဘုရားပရဝဏ္တြင္ ေနထိုင္ခြင့္မျပဳ
သြဂုတ် 4, 2016
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး မင္းဘူးၿမိဳ႕ ဓာတ္ေတာ္ကုန္းဘုရားဇရပ္သို႔ ေရေဘးေရွာင္ခိုဝင္လာသူမ်ားအား ဘုရား ေဂါပကအဖဲြ႔မွ လက္မခံဘဲ ႏွင္ထုတ္ေနေၾကာင္း ေရေဘးေရွာင္သူမ်ားထံမွ သိရိွရသည္။

“ကၽြန္မတို႔က ဓာတ္ေတာ္ကုန္းဘုရားအနီးက အမွတ္(၃)ရပ္ကြက္မွာ ေနတာပါ။ ျမစ္ေရတိုးဝင္ေနလို႔ သက္ႀကီးရြယ္အိုေတြနဲ႔ဆိုေတာ့ ဘယ္လိုမွအိမ္မွာေနမရေတာ႔တာေၾကာင့္ ဓာတ္ေတာ္ကုန္းဘုရားဇရပ္မွာ လာခိုၾကရတာပါ။ အခုဆို လိႈင္းထိုးလို႔ မီးဖိုေတာင္ၿပိဳသြားပါၿပီ။ ဘုရားေဂါပကဥကၠဌ က ဒီမွာေနလို႔မရဘူး ဆိုၿပီး ႏွင္ထုတ္ေနတဲ့ အတြက္  အခက္အခဲနဲ႔ႀကံဳေတြ႔ေနရပါတယ္”ဟု မေအးမာ က ေျပာသည္။

မင္းဘူးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရတိုးဝင္လာေနမႈေၾကာင့္ အမွတ္(၁)၊ အမွတ္(၂)၊ အမွတ္(၃)ႏွင့္ အမွတ္(၄)ရပ္ကြက္တို႔တြင္ ေရဝင္နစ္ျမဳပ္လွ်က္ရိွေနရာ ေရေဘးသင္႔ျပည္သူမ်ားအတြက္ သက္ဆိုင္ရာမ်ား မွ ေျပာင္းေရႊ႕ေနထိုင္ရန္အတြက္ ေနရာမ်ားသတ္မွတ္ေပးထားျခင္းရိွေသာ္လည္း မိမိအစီအစဥ္ျဖင္႔ တဲထိုးေနထိုင္ရန္သာ ေဆာင္ရြက္ေပးထားျခင္းျဖစ္သည္ဟု သိရသည္။

“ကၽြန္မတို႔မွာ တဲထိုးေနဖို႔ ဝါးဖိုးေတာင္မတတ္ႏိုင္လို႔ လုပ္ေပးမယ္႔ေဆြမ်ိဳးသားခ်င္းကိုေစာင္႔တုန္း ခဏေတာ႔ ဘုရားဇရပ္မွာေနခြင္႔ျပဳပါလို႔ ေမတၱာရပ္ခံတာကိုပဲ မရဘူး။ ေဂါပကဥကၠဌက ဇြတ္နွင္ထုတ္ပါတယ္။ အသက္ ကိုးဆယ္ေက်ာ္အရြယ္ အဖြားအိုနဲ႔၊ ေလျဖတ္ေနတဲ႔အဖြားအိုနဲ႔ ေနထိုင္ဖို႔ အေတာ္ကို အခက္အခဲနဲ႔ ႀကံဳေတြ႔ေနပါတယ္”ဟု အမွတ္(၃)ရပ္ကြက္ေနသူ  ေဒၚသိန္းေထြးက ေျပာသည္။

ယခင္ႏွစ္မ်ားက အဆိုပါ ဘုရားတန္ေဆာင္းအတြင္း ေရေဘးသင္႔ျပည္သူမ်ားအား ခိုလံႈခြင္႔ျပဳခဲ႔ ေသာ္လည္း အေနအထိုင္ညစ္ပတ္ျခင္းတို႔ေၾကာင့္ ယခုႏွစ္တြင္ ခိုလံႈခြင္႔မျပဳရန္ ဘုရား ေဂါပကအဖဲြ႔မွ ဆံုးျဖတ္ခဲ့ၾကျခင္းျဖစ္၍ မည္သူ႔ကိုမွ် လက္ခံႏိုင္မည္မဟုတ္ ဟု  ေဂါပကအဖဲြ႔  ဥကၠဌ  ဦးစိုးစိုးက ဆိုသည္။

ဇူလိုင္လ(၃၁)ရက္ေန႔ တိုင္းထြာခ်က္အရ မင္းဘူးၿမိဳ႕တြင္ ဧရာဝတီျမစ္ေရမွာ ၁၆၈၈ စင္တီမီတာ သို႔ေရာက္ရိွေနၿပီး မင္းဘူးၿမိဳ႕၏ စိုးရိမ္ေရမွတ္မွာ  ၁၇၀၀ စင္တီမီတာျဖစ္ေၾကာင္း မင္းဘူးခရိုင္ မိုးေလဝသ နွင္႔ဇလေဗဒညႊန္ၾကားမႈဦးစီးဌာနမွ သိရိွရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္

.................
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ဓာတ်တော်ကုန်းဘုရားဇရပ်သို့ ရေဘေးရှောင်ခိုဝင်လာသူများအား ဘုရား ဂေါပကအဖွဲ့မှ လက်မခံဘဲ နှင်ထုတ်နေကြောင်း ရေဘေးရှောင်သူများထံမှ သိရှိရသည်။
“ကျွန်မတို့က ဓာတ်တော်ကုန်းဘုရားအနီးက အမှတ်(၃)ရပ်ကွက်မှာ နေတာပါ။ မြစ်ရေတိုးဝင်နေလို့ သက်ကြီးရွယ်အိုတွေနဲ့ဆိုတော့ ဘယ်လိုမှအိမ်မှာနေမရတော့တာကြောင့် ဓာတ်တော်ကုန်းဘုရားဇရပ်မှာ လာခိုကြရတာပါ။ အခုဆို လှိုင်းထိုးလို့ မီးဖိုတောင်ပြိုသွားပါပြီ။ ဘုရားဂေါပကဥက္ကဌ က ဒီမှာနေလို့မရဘူး ဆိုပြီး နှင်ထုတ်နေတဲ့ အတွက် အခက်အခဲနဲ့ကြုံတွေ့နေရပါတယ်”ဟု မအေးမာ က ပြောသည်။
မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေတိုးဝင်လာနေမှုကြောင့် အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)နှင့် အမှတ်(၄)ရပ်ကွက်တို့တွင် ရေဝင်နစ်မြုပ်လျှက်ရှိနေရာ ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာများ မှ ပြောင်းရွှေ့နေထိုင်ရန်အတွက် နေရာများသတ်မှတ်ပေးထားခြင်းရှိသော်လည်း မိမိအစီအစဉ်ဖြင့် တဲထိုးနေထိုင်ရန်သာ ဆောင်ရွက်ပေးထားခြင်းဖြစ်သည်ဟု သိရသည်။
“ကျွန်မတို့မှာ တဲထိုးနေဖို့ ဝါးဖိုးတောင်မတတ်နိုင်လို့ လုပ်ပေးမယ့်ဆွေမျိုးသားချင်းကိုစောင့်တုန်း ခဏတော့ ဘုရားဇရပ်မှာနေခွင့်ပြုပါလို့ မေတ္တာရပ်ခံတာကိုပဲ မရဘူး။ ဂေါပကဥက္ကဌက ဇွတ်နှင်ထုတ်ပါတယ်။ အသက် ကိုးဆယ်ကျော်အရွယ် အဖွားအိုနဲ့၊ လဖြေတ်နေတဲ့အဖွားအိုနဲ့ နေထိုင်ဖို့ အတော်ကို အခက်အခဲနဲ့ ကြုံတွေ့နေပါတယ်”ဟု အမှတ်(၃)ရပ်ကွက်နေသူ ဒေါ်သိန်းထွေးက ပြောသည်။
ယခင်နှစ်များက အဆိုပါ ဘုရားတန်ဆောင်းအတွင်း ရေဘေးသင့်ပြည်သူများအား ခိုလှုံခွင့်ပြုခဲ့ သော်လည်း အနေအထိုင်ညစ်ပတ်ခြင်းတို့ကြောင့် ယခုနှစ်တွင် ခိုလှုံခွင့်မပြုရန် ဘုရား ဂေါပကအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်၍ မည်သူ့ကိုမျှ လက်ခံနိုင်မည်မဟုတ် ဟု ဂေါပကအဖွဲ့ ဥက္ကဌ ဦးစိုးစိုးက ဆိုသည်။
ဇူလိုင်လ(၃၁)ရက်နေ့ တိုင်းထွာချက်အရ မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေမှာ ၁၆၈၈ စင်တီမီတာ သို့ရောက်ရှိနပြေီး မင်းဘူးမြို့၏ စိုးရိမ်ရေမှတ်မှာ ၁၇၀၀ စင်တီမီတာဖြစ်ကြောင်း မင်းဘူးခရိုင် မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~