ပါကစၥတန္၌ ေခြးေလေခြးလြင့္ (၇၀၀)ေက်ာ္ကို အဆိပ္ခပ္သတ္ျဖတ္

ပါကစၥတန္၌ ေခြးေလေခြးလြင့္ (၇၀၀)ေက်ာ္ကို အဆိပ္ခပ္သတ္ျဖတ္
သြဂုတ် 5, 2016
By Tachileik News Agency

ပါကစၥတန္ႏိုင္ငံ ကရာခ်ိၿမိဳ႕ရဲ႕လမ္းေပၚက ေခြးေလေခြးလြင့္ အေကာင္ေရ (၇၀၀)ေလာက္ကို အဆိပ္ခပ္ထားတဲ့ၾကက္သားနဲ႔ ရွင္းလင္းလိုက္တယ္လို႔ သိရပါတယ္။

"ကရာခ်ိေတာင္ပိုင္းမွာ လြန္ခဲ့တဲ့ႏွစ္ရက္ေလာက္က ေခြးအေကာင္ေရ (၇၀၀)ေလာက္ကို ရွင္းပစ္လိုက္တာပါ"လို႔ စည္ပင္သာယာဌာနက ေျပာေရးဆိုခြင့္ရိွသူျဖစ္တဲ့ ဆက္တာေဂ်႕ဗ္က ေျပာပါတယ္။

ဒီလိုရွင္းလင္းတာေတြကို ေနာက္ထပ္ၿမိဳ႕ေပါင္း (၆)ၿမိဳ႕မွာ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္လို႔ ေခြးေလေခြးလြင့္ ေထာင္ေပါင္းမ်ားစြာ ရွင္းလင္းခံရဖြယ္ရိွေနပါတယ္။

ဒါေပမဲ့ သက္ဆိုင္ရာဌာနကေတာ့ အေကာင္ေရဘယ္ေလာက္ရွင္းလင္းပစ္ရဖြယ္ရိွတယ္ဆိုတာကို ထုတ္မေျပာပါဘူး။

ဒီလိုလုပ္ေဆာင္တာနဲ႔ပတ္သက္လို႔ တိရစၦာန္အခြင့္အေရးလႈပ္ရွားသူေတြက ေဝဖန္ေနၾကေပမဲ့ ၿပီးခဲ့တဲ့ႏွစ္က ကရာခ်ိၿမိဳ႕က ဂ်နပ္ေဆးရံုမွာ ေခြးကိုက္ခံရတဲ့ လူေပါင္း (၆၅၀၀) ေလာက္ ေဆးကုသခံရတဲ့ကိစၥကလည္း ရိွေနတာပါ။

ဒီႏွစ္မွာ ဆိုရင္ေတာ့ ေခြးကိုက္ခံရသူေပါင္း (၃,၇၀၀) ေလာက္ရိွေနၿပီလို႔ သိရပါတယ္။

ေခြးေလေခြးလြင့္ေတြကို ရွင္းလင္းတာကို ၂၀၁၅ ခုႏွစ္ကလည္းလုပ္ေဆာင္ခဲ့ပါတယ္။ ဒါေပမဲ့ က်န္ခဲ့တဲ့ ေခြးေကာင္ေရေတြက ေပါက္ပြားမႈေၾကာင့္ ေခြးေလေခြးလြင့္ အေရအတြက္ တိုးလာတာပါ။ ကရာခ်ိၿမိဳ႕က အုပ္ခ်ဳပ္သူေတြကေတာ့ ေခြးကိုက္ခံရသူေတြ တိုးလာတာေၾကာင့္ ေခြးေလေခြးလြင့္ ရွင္းလင္းေရး လုပ္တယ္လို႔ ရွင္းလင္းေျပာႀကားပါတယ္။

ဒီလိုလုပ္ေဆာင္တာက ပါကစၥတန္တစ္ႏိုင္ငံထဲေတာ့ မဟုတ္ပါဘူး။ ၂၀၁၄ ခုႏွစ္မွာ ရုရွားႏိုင္ငံ ဆိုခ်ီၿမိဳ႕မွာ ေခြးေလေခြးလြင့္ေတြကို အဆိပ္ခပ္ၿပီး ရွင္းလင္းခဲ့ရတာပါ။ ေဆာင္းရာသီ အိုလံပစ္ပြဲေတာ္ မတိုင္မီမွာ ေခြးေလေခြးလြင့္ေတြ ရွင္းလင္းေရးကို အာဏာပိုင္ေတြက ပုဂၢလိက ကုမၸဏီတစ္ခုကို တာဝန္ေပးခဲ့တာပါ။ ဒီလိုလုပ္တဲ့အတြက္ တိရစၦာန္အခြင့္အေရးလႈပ္ရွားသူေတြက ကန္႔ကြက္တာခံခဲ့ရပါတယ္။

ဘာသာျပန္ - နန္းေမာက္ကြမ္
Ref; pawspakistan
............

ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရဲ့လမ်းပေါ်က ခွေးလေခွေးလွင့် အကောင်ရေ (၇၀၀)လောက်ကို အဆိပ်ခပ်ထားတဲ့ကြက်သားနဲ့ ရှင်းလင်းလိုက်တယ်လို့ သိရပါတယ်။

"ကရာချိတောင်ပိုင်းမှာ လွန်ခဲ့တဲ့နှစ်ရက်လောက်က ခွေးအကောင်ရေ (၇၀၀)လောက်ကို ရှင်းပစ်လိုက်တာပါ"လို့ စည်ပင်သာယာဌာနက ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ ဆက်တာဂျေ့ဗ်က ပြောပါတယ်။

ဒီလိုရှင်းလင်းတာတွေကို နောက်ထပ်မြို့ပေါင်း (၆)မြို့မှာ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်လို့ ခွေးလေခွေးလွင့် ထောင်ပေါင်းများစွာ ရှင်းလင်းခံရဖွယ်ရှိနေပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာဌာနကတော့ အကောင်ရေဘယ်လောက်ရှင်းလင်းပစ်ရဖွယ်ရှိတယ်ဆိုတာကို ထုတ်မပြောပါဘူး။

ဒီလိုလုပ်ဆောင်တာနဲ့ပတ်သက်လို့ တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နကြေပေမဲ့ ပြီးခဲ့တဲ့နှစ်က ကရာချိမြို့က ဂျနပ်ဆေးရုံမှာ ခွေးကိုက်ခံရတဲ့ လူပေါင်း (၆၅၀၀) လောက် ဆေးကုသခံရတဲ့ကိစ္စကလည်း ရှိနေတာပါ။

ဒီနှစ်မှာ ဆိုရင်တော့ ခွေးကိုက်ခံရသူပေါင်း (၃,၇၀၀) လောက်ရှိနပြေီလို့ သိရပါတယ်။

ခွေးလေခွေးလွင့်တွေကို ရှင်းလင်းတာကို ၂၀၁၅ ခုနှစ်ကလည်းလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်ခဲ့တဲ့ ခွေးကောင်ရေတွေက ပေါက်ပွားမှုကြောင့် ခွေးလေခွေးလွင့် အရေအတွက် တိုးလာတာပါ။ ကရာချိမြို့က အုပ်ချုပ်သူတွေကတော့ ခွေးကိုက်ခံရသူတွေ တိုးလာတာကြောင့် ခွေးလေခွေးလွင့် ရှင်းလင်းရေး လုပ်တယ်လို့ ရှင်းလင်းပြောကြားပါတယ်။

ဒီလိုလုပ်ဆောင်တာက ပါကစ္စတန်တစ်နိုင်ငံထဲတော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်မှာ ရုရှားနိုင်ငံ ဆိုချီမြို့မှာ ခွေးလေခွေးလွင့်တွေကို အဆိပ်ခပ်ပြီး ရှင်းလင်းခဲ့ရတာပါ။ ဆောင်းရာသီ အိုလံပစ်ပွဲတော် မတိုင်မီမှာ ခွေးလေခွေးလွင့်တွေ ရှင်းလင်းရေးကို အာဏာပိုင်တွေက ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို တာဝန်ပေးခဲ့တာပါ။ ဒီလိုလုပ်တဲ့အတွက် တိရစ္ဆာန်အခွင့်အရေးလှုပ်ရှားသူတွေက ကန့်ကွက်တာခံခဲ့ရပါတယ်။

ဘာသာပြန် - နန်းမောက်ကွမ်
Ref; pawspakistan

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~