တာခ်ီလိတ္ၿမိဳ႕ ရွိ ဆီပန္႔တစ္ခု၏ အိမ္သာအတြင္း အမ်ဳိးသားတစ္ဦး ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ ရွိ ဆီပန္႔တစ္ခု၏ အိမ္သာအတြင္း အမ်ဳိးသားတစ္ဦး ေသဆံုး
သြဂုတ် 1, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ေန၀န္းနီ ဆီပန္႔၏ အမ်ားသံုး အိမ္သာတြင္ အုတ္ေရကန္ အတြင္း အမ်ဳိးသားတစ္ဦး ေသဆံုးမႈ ျဖစ္ပြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းျဖင့္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ဇူလိုင္လ(၃၁)ရက္ေန႔ ည(၁၀)နာရီခြဲ၀န္းက်င္က တာခ်ီလိတ္ေဆးရံုသို႔ ေရနစ္ေသဆံုးသည့္ အမ်ိဳးသားအေလာင္း ေရာက္ရွိေနေၾကာင္း အေၾကာင္းၾကားခ်က္အရ စခန္းမွဴး ဒုရဲမွဴး စိုးလြင္၊ တာ၀န္မွဴး ရဲအုပ္ မင္းမင္းထိုက္၊ နယ္ထိန္း တပ္ၾကပ္ႀကီး သိန္းထြန္းတို႔မွ သက္ေသမ်ားႏွင့္အတူ သြားေရာက္ စစ္ေဆးခဲ့ေၾကာင္း သိရသည္။

စစ္ေဆးခ်က္အရ ေသဆံုးသူ၏ ဦးေခါင္းတြင္ ဒဏ္ရာေတြ႔ရိွသျဖင့္ ေန၀န္းနီဆီပန္႔လုပ္သားမ်ားအား စစ္ေဆးေမးျမန္းရာ ေသဆံုးသူ စိုင္းစံထြန္းမွာ အဆိုပါ ဆီပန္႔အေနာက္ဘက္ရွိ အမ်ားသံုး အိမ္သာခန္း အတြင္း အုတ္ေရကန္တြင္ ေရမ်ားလွ်ံေနၿပီး အုတ္ကန္အတြင္း ေခါင္းငိုက္စိုက္က်ေသဆံုးေနသည္ကို ေတြ႕ရွိရာမွ ခႏၶာကိုယ္ပူေႏြးေနသျဖင့္ ေဆးရံုသို႔ အျမန္ပို႔ေဆာင္ခဲ့ေၾကာင္း ဆီပန္႔လုပ္သားမ်ား၏ အစစ္ခံခ်က္အရ သိရသည္။

ေသဆံုးသူ၏ ေဘာင္းဘီတို အတြင္းမွ အေလးခ်ိန္ (၀.၅)ဂရမ္ခန္႔ရွိသည့္ စိတ္ၾကြေဆးဟု ယူဆရေသာ ပန္းေရာင္အမႈန္႔ ႏွင့္ အေလးခ်ိန္ (၀.၂)ဂရမ္ခန္႔ရွိေသာ ဘိန္းျဖဴဟု ယူဆရသည့္ အျဖဴေရာင္အမႈန္႔တို႔အား ရွာေဖြေတြ႕ရွိရ၍ သက္ေသမ်ားေရွ႕ေမွာက္တြင္ ရွာေဖြပံုစံျဖင့္ ရဲတပ္ဖြဲ႕က သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ စပ္လ်ဥ္း၍ အသက္ (၂၉)ႏွစ္အရြယ္ စိုင္းစံထြန္း ေသဆံုးျခင္းမွာ ဓမၼတာအတုိင္း ေသဆံုးျခင္း ဟုတ္/မဟုတ္ စစ္ေဆးႏိုင္ရန္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္း အမွတ္စဥ္ (၁၂/၂၀၁၆)ျဖင့္ အမႈဖြင့္လွစ္ကာ စခန္းမွဴး ဒုရဲမွဴး စိုးလြင္မွ စစ္ေဆးေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - ေမာင္ဖိုးစံ(ဒူးယား)
ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း
............

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ နေဝန်းနီ ဆီပန့်၏ အများသုံး အိမ်သာတွင် အုတ်ရေကန် အတွင်း အမျိုးသားတစ်ဦး သေဆုံးမှု ဖြစ်ပွားသဖြင့် တာချီလိတ်မြို့မရဲစခန်းမှ သေမှုသေခင်းဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ(၃၁)ရက်နေ့ ည(၁၀)နာရီခွဲဝန်းကျင်က တာချီလိတ်ဆေးရုံသို့ ရေနစ်သေဆုံးသည့် အမျိုးသားအလောင်း ရောက်ရှိနေကြောင်း အကြောင်းကြားချက်အရ စခန်းမှူး ဒုရဲမှူး စိုးလွင်၊ တာဝန်မှူး ရဲအုပ် မင်းမင်းထိုက်၊ နယ်ထိန်း တပ်ကြပ်ကြီး သိန်းထွန်းတို့မှ သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ သေဆုံးသူ၏ ဦးခေါင်းတွင် ဒဏ်ရာတွေ့ရှိသဖြင့် နေဝန်းနီဆီပန့်လုပ်သားများအား စစ်ဆေးမေးမြန်းရာ သေဆုံးသူ စိုင်းစံထွန်းမှာ အဆိုပါ ဆီပန့်အနောက်ဘက်ရှိ အများသုံး အိမ်သာခန်း အတွင်း အုတ်ရေကန်တွင် ရေများလျှံနပြေီး အုတ်ကန်အတွင်း ခေါင်းငိုက်စိုက်ကျသေဆုံးနေသည်ကို တွေ့ရှိရာမှ ခန္ဓာကိုယ်ပူနွေးနေသဖြင့် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ကြောင်း ဆီပန့်လုပ်သားများ၏ အစစ်ခံချက်အရ သိရသည်။

သေဆုံးသူ၏ ဘောင်းဘီတို အတွင်းမှ အလေးချိန် (ဝ.၅)ဂရမ်ခန့်ရှိသည့် စိတ်ကြွဆေးဟု ယူဆရသော ပန်းရောင်အမှုန့် နှင့် အလေးချိန် (ဝ.၂)ဂရမ်ခန့်ရှိသော ဘိန်းဖြူဟု ယူဆရသည့် အဖြူရောင်အမှုန့်တို့အား ရှာဖွေတွေ့ရှိရ၍ သက်သေများရှေ့မှောက်တွင် ရှာဖွေပုံစံဖြင့် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အသက် (၂၉)နှစ်အရွယ် စိုင်းစံထွန်း သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးနိုင်ရန်အတွက် တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၆)ဖြင့် အမှုဖွင့်လှစ်ကာ စခန်းမှူး ဒုရဲမှူး စိုးလွင်မှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

သတင်း - မောင်ဖိုးစံ(ဒူးယား)
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~