လမ္းပန္းဆက္သြယ္ေရး အခက္အခဲႏွင့္ ေဒသထြက္ကုန္တင္ပို႔မႈနည္း၍ တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရး က်ဆင္း

လမ္းပန္းဆက္သြယ္ေရး အခက္အခဲႏွင့္ ေဒသထြက္ကုန္တင္ပို႔မႈနည္း၍ တာခ်ီလိတ္ နယ္စပ္ကုန္သြယ္ေရး က်ဆင္း
သြဂုတ် 7, 2016
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ ျမန္မာ ထိုင္းႏွစ္ႏိုင္ငံ ကုန္သြယ္မႈမွာ ျပည္တြင္းသို႔ ကုန္တင္ပို႔ႏုိင္မႈ အကန္႔အသတ္ရိွျခင္းႏွင့္ ေဒသထြက္ကုန္မ်ားတင္ပို႔ႏိုင္မႈ နည္းပါးျခင္းေၾကာင့္ က်ဆင္းလာေၾကာင္း ကုန္သည္လုပ္ငန္းအသိုင္းအ၀ိုင္းထံမွ သိရသည္။



"ျမ၀တီ - မဲေဆာက္ထက္စာရင္ တာခ်ီလိတ္လမ္းပိုင္းက ေ၀းတယ္။ ျမ၀တီနဲ႔ ရန္ကုန္နဲ႔က တစ္ညအိပ္ေလာက္ ေရာက္ေပမဲ့ တာခ်ီလိတ္ကေန ရန္ကုန္အထိဆို ()ရက္ေလာက္ၾကာေတာ့ ကုန္စည္ သယ္ေဆာင္မႈလည္း နည္းလာတယ္။ ေဒသထြက္ကုန္က်ေတာ့လည္း ရွမ္းျပည္နယ္(ေတာင္ပိုင္း)နဲ႔  ရွမ္းျပည္နယ္(အေရွ႕ပိုင္း)မွာရွိတဲ့ ၾကက္သြန္ျဖဴ၊ သစ္ေခါက္၊ ေထာပတ္သီး၊ ပင္စိမ္းသီးေလာက္ပဲ တင္ပိို႔ႏိုင္တာ။ ဒါေၾကာင့္ ဒီဘက္မွာ ျမ၀တီတို႔ မူဆယ္တို႔ထက္စာရင္ ကုန္သြယ္မႈနည္းတာပါ"ဟု တာခ်ီလိတ္နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း ရံုးအဖြဲ႕မွဴး ဦးေက်ာ္ေဆြက ေျပာသည္။



တာခ်ီလိတ္နယ္စပ္ဂိတ္မွ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ႏွင့္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)အတြက္ လုိအပ္ေသာ စားသံုးကုန္ႏွင့္ အိမ္ေဆာက္ပစၥည္း၊ ေလာင္စာဆီမ်ားကို ထိုင္းႏိုင္ငံမွ တင္သြင္းေနၿပီး တစ္ႏိုင္ငံလံုး တင္ပို႔ႏုိင္ရန္မွာ လမ္းခရီး အကြာအေဝးႏွင့္ ကုန္စည္သယ္ေဆာင္ခ ျမင့္မားျခင္းေၾကာင့္  ကုန္သြယ္မႈျပဳႏိုင္ျခင္း မရွိေၾကာင္း သိရသည္။



၂၀၁၀ ခုႏွစ္ေနာက္ပိုင္းတြင္ ျမ၀တီ မဲေဆာက္ လမ္းပိုင္းမ်ား ပိုမိုေကာင္းမြန္လာကာ သယ္ယူ ပို႔ေဆာင္ခ်ိန္ ေလ်ာ့က်လာျခင္းေၾကာင့္ ထုိင္းႏိုင္ငံမွ တင္သြင္းေသာ ကုန္စည္မ်ားအား ျပည္တြင္း ပို႔ေဆာင္သည့္ လမ္းေၾကာင္း ပိုမိုျမန္ဆန္လာၿပီး တာခ်ီလိတ္ကုန္သြယ္ေရးလမ္းေၾကာင္းမွာ ဆက္တိုက္က်ဆင္း လာေၾကာင္း သိရသည္။



"ကၽြန္ေတာ္တို႔ အရင္တုန္းကဆိုရင္ ၾကက္သြန္ျဖဴရာသီဆို ၾကက္သြန္ျဖဴ သစ္ေခါက္ဆိုလည္း အဲဒီလို တစ္ႏွစ္လံုး ရာသီပစၥည္းေတြနဲ႔ ထိုင္းကပစၥည္းေတြကို သယ္ေဆာင္လာတာ။ မိုးရာသီ ကားနည္းနည္းပါးရင္ သစ္တင္တယ္။ အခုေနာက္ပိုင္း ရွမ္း/အေရွ႕လမ္းေၾကာင္းက ကားသိပ္မဆြဲရေတာ့ဘူး။ အဓိက ရွမ္း/ေျမာက္နဲ႔ ျမ၀တီပဲ ဆြဲေတာ့တယ္။ ဟိုဘက္က ေခါက္ေရလည္း ျမန္တယ္။ တာခ်ီလိတ္မွာ ()ရက္ေလာက္သြားတဲ့ အခ်ိန္၊ ျမ၀တီဆိုရင္()ေခါက္ေလာက္ရၿပီ။ ဒါေၾကာင့္ ကုန္သြယ္မႈ လမ္းေၾကာင္းလည္း ေျပာင္းလာတာပါ။ ထုိင္းကို ပုိ႔ကုန္လည္း နည္းသြားတယ္။ တာခ်ီလိတ္က ျပန္တက္လာရင္ တစ္ခါတေလ ခါလီတက္ရတာ ေတာင္ရွိတယ္"ဟု ဆယ္ဘီးကားယာဥ္ေမာင္း ဦးတင္စိုးက ေျပာသည္။



တာခ်ီလိတ္ နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းတြင္ အသင္း၀င္ကုန္သည္ေပါင္း (၂၀၀)ေက်ာ္ခန္႔ ရွိေသာ္လည္း ေဒသတြင္း ေဆာက္လုပ္ေရးလုပ္ငန္းသံုးပစၥည္း၊ စားသံုးကုန္ပစၥည္းမ်ား တင္သြင္းသူ မ်ားျပားၿပီး ေဒသထြက္ကုန္မ်ားမွာလည္း တစ္ပိုင္တစ္ႏိုင္တင္ပို႔မႈသာ မ်ားျပားေၾကာင္း နွင့္ ေဒသတြင္း ကုန္စည္ဒိုင္မ်ားမရွိျခင္းေၾကာင့္ မိသားစုလုပ္ငန္းစနစ္ျဖင့္သာ ကုန္သြယ္မႈမ်ားျပားေၾကာင္း တာခ်ီလိတ္ကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။



တရုတ္ႏိုင္ငံမွ ကုန္စည္မ်ားအား ယခင္က မယ္ေခါင္ျမစ္ေၾကာင္းအသံုးျပဳ၍ တာခ်ီလိတ္ၿမိဳ႕မွ တစ္ဆင့္ျပန္လည္ တင္ပို႔ေနရာမွ ၂၀၁၂ ခုႏွစ္ ေနာက္ပိုင္းတြင္ ထိုင္းႏိုင္ငံသို႔ သေဘာၤႀကီးမ်ားျဖင့္ တိုက္ရိုက္တင္ပို႔လာသည့္အျပင္ ထုိင္းကုန္စည္မ်ားလည္း တရုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္သို႔ မယ္ေခါင္ျမစ္ေၾကာင္းမွ တုိက္ရိုက္တင္ပို႔လာေၾကာင္း သိရသည္။

သတင္း - ကိုဇက္
................

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ မြန်မာ - ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုမှာ ပြည်တွင်းသို့ ကုန်တင်ပို့နိုင်မှု အကန့်အသတ်ရှိခြင်းနှင့် ဒေသထွက်ကုန်များတင်ပို့နိုင်မှု နည်းပါးခြင်းကြောင့် ကျဆင်းလာကြောင်း ကုန်သည်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

"မြဝတီ - မဲဆောက်ထက်စာရင် တာချီလိတ်လမ်းပိုင်းကေဝးတယ်။ မြဝတီနဲ့ ရန်ကုန်နဲ့က တစ်ညအိပ်လောက် ရောက်ပေမဲ့ တာချီလိတ်ကနေ ရန်ကုန်အထိဆို (၄)ရက်လောက်ကြာတော့ ကုန်စည် သယ်ဆောင်မှုလည်း နည်းလာတယ်။ ဒေသထွက်ကုန်ကျတော့လည်း ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာရှိတဲ့ ကြက်သွန်ဖြူ၊ သစ်ခေါက်၊ ထောပတ်သီး၊ ပင်စိမ်းသီးလောက်ပဲ တင်ပို့နိုင်တာ။ ဒါကြောင့် ဒီဘက်မှာ မြဝတီတို့ မူဆယ်တို့ထက်စာရင် ကုန်သွယ်မှုနည်းတာပါ"ဟု တာချီလိတ်နယ်စပ်ကုန်သည်ကြီးများအသင်း ရုံးအဖွဲ့မှူး ဦးကျော်ဆွေက ပြောသည်။

တာချီလိတ်နယ်စပ်ဂိတ်မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွက် လိုအပ်သော စားသုံးကုန်နှင့် အိမ်ဆောက်ပစ္စည်း၊ လောင်စာဆီများကို ထိုင်းနိုင်ငံမှ တင်သွင်းနပြေီး တစ်နိုင်ငံလုံး တင်ပို့နိုင်ရန်မှာ လမ်းခရီး အကွာအဝေးနှင့် ကုန်စည်သယ်ဆောင်ခ မြင့်မားခြင်းကြောင့် ကုန်သွယ်မှုပြုနိုင်ခြင်း မရှိကြောင်း သိရသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် မြဝတီ - မဲဆောက် လမ်းပိုင်းများ ပိုမိုကောင်းမွန်လာကာ သယ်ယူ ပို့ဆောင်ချိန် လျော့ကျလာခြင်းကြောင့် ထိုင်းနိုင်ငံမှ တင်သွင်းသော ကုန်စည်များအား ပြည်တွင်း ပို့ဆောင်သည့် လမ်းကြောင်း ပိုမိုမြန်ဆန်လာပြီး တာချီလိတ်ကုန်သွယ်ရေးလမ်းကြောင်းမှာ ဆက်တိုက်ကျဆင်း လာကြောင်း သိရသည်။

"ကျွန်တော်တို့ အရင်တုန်းကဆိုရင် ကြက်သွန်ဖြူရာသီဆို ကြက်သွန်ဖြူ၊ သစ်ခေါက်ဆိုလည်း အဲဒီလို တစ်နှစ်လုံး ရာသီပစ္စည်းတွေနဲ့ ထိုင်းကပစ္စည်းတွေကို သယ်ဆောင်လာတာ။ မိုးရာသီ ကားနည်းနည်းပါးရင် သစ်တင်တယ်။ အခုနောက်ပိုင်း ရှမ်း/အရှေ့လမ်းကြောင်းက ကားသိပ်မဆွဲရတော့ဘူး။ အဓိက ရှမ်း/မြောက်နဲ့ မြဝတီပဲ ဆွဲတော့တယ်။ ဟိုဘက်က ခေါက်ရေလည်း မြန်တယ်။ တာချီလိတ်မှာ (၄)ရက်လောက်သွားတဲ့ အချိန်၊ မြဝတီဆိုရင်(၂)ခေါက်လောက်ရပြီ။ ဒါကြောင့် ကုန်သွယ်မှု လမ်းကြောင်းလည်း ပြောင်းလာတာပါ။ ထိုင်းကို ပို့ကုန်လည်း နည်းသွားတယ်။ တာချီလိတ်က ပြန်တက်လာရင် တစ်ခါတလေ ခါလီတက်ရတာ တောင်ရှိတယ်"ဟု ဆယ်ဘီးကားယာဉ်မောင်း ဦးတင်စိုးက ပြောသည်။

တာချီလိတ် နယ်စပ်ကုန်သည်ကြီးများအသင်းတွင် အသင်းဝင်ကုန်သည်ပေါင်း (၂၀၀)ကျော်ခန့် ရှိသော်လည်း ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စားသုံးကုန်ပစ္စည်းများ တင်သွင်းသူ များပြားပြီး ဒေသထွက်ကုန်များမှာလည်း တစ်ပိုင်တစ်နိုင်တင်ပို့မှုသာ များပြားကြောင်း နှင့် ဒေသတွင်း ကုန်စည်ဒိုင်များမရှိခြင်းကြောင့် မိသားစုလုပ်ငန်းစနစ်ဖြင့်သာ ကုန်သွယ်မှုများပြားကြောင်း တာချီလိတ်ကုန်သည်ကြီးများအသင်းမှ သိရသည်။

တရုတ်နိုင်ငံမှ ကုန်စည်များအား ယခင်က မယ်ခေါင်မြစ်ကြောင်းအသုံးပြု၍ တာချီလိတ်မြို့မှ တစ်ဆင့်ပြန်လည် တင်ပို့နေရာမှ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ သင်္ဘြောကီးများဖြင့် တိုက်ရိုက်တင်ပို့လာသည့်အပြင် ထိုင်းကုန်စည်များလည်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သို့ မယ်ခေါင်မြစ်ကြောင်းမှ တိုက်ရိုက်တင်ပို့လာကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~