နမၼတူ လီဆူဘုရားရိွခိုးေက်ာင္းတြင္ စစ္ေဘးေရွာင္ (၂၀၀)ေက်ာ္ ခိုလံႈေနရဆဲ

နမၼတူ လီဆူဘုရားရိွခိုးေက်ာင္းတြင္ စစ္ေဘးေရွာင္ (၂၀၀)ေက်ာ္ ခိုလံႈေနရဆဲ
သြဂုတ် 3, 2016
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း နမၼတူၿမိဳ႕၊ လီဆူဘုရားရွိခိုးေက်ာင္းသို႔ မန္တံုၿမိဳ႕နယ္၊ ပန္ေကာ့ေက်းရြာနွင့္ လြယ္ကန္ေက်းရြာတို႔မွ စစ္ေဘးေရွာင္လာသည့္ ေဒသခံစုစုေပါင္း (၂၀၀)ေက်ာ္ ခိုလံႈေနရဆဲျဖစ္ေၾကာင္း သိရသည္။

အဆိုပါဘုရားရိွခိုးေက်ာင္းသို႔ ဇူလိုင္လ(၁၁)ရက္ေန႔ကတည္းက စစ္ေဘးေရွာင္ (၁၀၀)ခန္႔ စတင္ဝင္ေရာက္လာျခင္းျဖစ္ၿပီး လက္ရိွတြင္ စစ္ေဘးေရွာင္ဦးေရ (၂၀၀)ေက်ာ္မွာ ေသာက္သံုးေရ အခက္အခဲႏွင့္ ရင္ဆိုင္ေနရေၾကာင္း သိရသည္။

"စစ္ေဘးေရွာင္ေရာက္လာတဲ႔ ရြာသူ ရြာသားေတြ ေနထိုင္ေရးအဆင္ေျပေအာင္ ခန္းတြဲအေဆာင္ေတြ ေဆာက္ေပးထားပါတယ္။ ေန႔ရက္ေတြ ၾကာလာေတာ့ လူဦးေရမ်ားလာတဲ႔အခါ ေရလံုေလာက္မႈမရွိဘူး။ ေရအခက္အခဲ ရွိေနတာေပါ့။ ၾကာလာေတာ့ က်န္းမာေရးထိခိုက္လာၾကတယ္။ ဒီေန႔ဆို ဖ်ားလာတဲ့ ကေလးေတြ နည္းနည္းမ်ားလာတယ္။ ဝမ္းပ်က္ဝမ္းေလွ်ာေရာဂါ လကၡဏာမ်ိဳးေတြျဖစ္ေနတယ္။ နမၼတူေဆးရံုက ဆရာဝန္ေတြက နွစ္ရက္တစ္ခါ သံုးရက္တစ္ခါေလာက္ေတာ့ က်န္းမာေရး စစ္ေဆးေပးပါတယ္။"ဟု လီဆူဘုရားရွိခိုးေက်ာင္းမွ သင္းအုပ္ဆရာ ဦးေယာနက ေျပာသည္။

စစ္ေဘးေရွာင္စခန္းရွိ ဒုကၡသည္မ်ားအား လႈဒါန္းထားသည္မ်ားကို တစ္လစာခြဲတမ္းခ်၍ အိမ္ေထာင္စု အလုိက္ ခြဲေဝေပးထားၿပီး ကိုယ္တိုင္ခ်က္ျပဳတ္စားေသာက္ေနၾကေၾကာင္း သိရသည္။

"စခန္းစဖြင့္တဲ့ အခ်ိန္ကေတာ့ အလႈရွင္ေတြနဲ႔ စုေပါင္းခ်က္ျပဳတ္စားေသာက္ ၾကတာေပါ့။ ခုက်ေတာ့ ေရရွည္ျဖစ္လာတဲ႔အခါ ခ်က္ျပဳတ္တဲ့ အပိုင္းက အခက္အခဲရွိလာတယ္။ ဒါေၾကာင့္ အိုးခြက္ပန္းကန္ကအစ လႈဒါန္းေပးၿပီး ခ်က္စားခိုင္းထားတာပါ။ ဆန္၊ဆီအစရွိတဲ႔ စားေသာက္ပစၥည္းေတြကိုလည္း အလႈရွင္ လႈဒါန္းထားတဲ႔အတိုင္း တစ္လစီခြဲၿပီး အိမ္ေထာင္စုအလိုက္ ခြဲေပးထားပါတယ္။"ဟု လီဆူစစ္ေဘးေရွာင္ စခန္းမွ ကိုရွန္ဆံုက ေျပာသည္။

အဆိုပါေဒသမ်ားတြင္ တုိက္ပြဲမ်ားမရပ္ေသးသျဖင့္ ေဒသခံမ်ား ေနရပ္မျပန္ႏုိင္ေသးေၾကာင္း သိရသည္။

"တိုက္ပြဲေတြက ျဖစ္ေနတုန္းပဲ။ အရင္ကေတာ့ ရြာနဲ႔နည္းနည္းေဝးတယ္။ ရြာထဲမွာ အိပ္လို႔မရရင္ ေတာင္ယာထဲသြားအိပ္လို႔ ရေသးတယ္။ မေန႔ကရြာနားထိ ေရာက္လာတယ္။ ေသနတ္သံက ၿခိမ္းေနတာပဲ။ တခ်ိဳ႕က အိမ္ေစာင့္ တစ္ေယာက္နွစ္ေယာက္က်န္ခဲ႔တယ္။ ခုေတာ့ မေနရဲၾကေတာ့ဘူး။ အကုန္ေျပးလာၾကရတယ္။ တိုက္ပြဲေတြ ဆက္ျဖစ္ေနရင္ ထပ္ေရာက္လာၾကဦးမွာပဲ။"ဟု လီဆူစစ္ေဘးေရွာင္စခန္းရွိ လြယ္ကန္ေက်းရြာမွ စစ္ေဘးေရွာင္တစ္ဦးက ေျပာသည္။

မန္တံုၿမိဳ႕နယ္အတြင္း ဇူလိုင္လ(၉)ရက္ေန႔မွစ၍ RCSS/SSA နွင့္ PSLF/TNLAတို႔ တိုက္ပြဲမ်ား ျဖစ္ပြားေနျခင္းေၾကာင့္ ေဒသခံမ်ားသည္ နမၼတူၿမိဳ႕ ေရႊျမင္သာဘုန္းေတာ္ႀကီးေက်ာင္းႏွင့္ လီဆူခရစ္ယာန္ ဘုရားေက်ာင္းမ်ားသို႔ လာေရာက္ခိုလံႈေနၾကျခင္းျဖစ္သည္။

သတင္း/ဓာတ္ပံု - ေအာင္ျပည့္
................

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့၊ လီဆူဘုရားရှိခိုးကျောင်းသို့ မန်တုံမြို့နယ်၊ ပန်ကော့ကျေးရွာနှင့် လွယ်ကန်ကျေးရွာတို့မှ စစ်ဘေးရှောင်လာသည့် ဒေသခံစုစုပေါင်း (၂၀၀)ကျော် ခိုလှုံနေရဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါဘုရားရှိခိုးကျောင်းသို့ ဇူလိုင်လ(၁၁)ရက်နေ့ကတည်းက စစ်ဘေးရှောင် (၁၀၀)ခန့် စတင်ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ဦးရေ (၂၀၀)ကျော်မှာ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

"စစ်ဘေးရှောင်ရောက်လာတဲ့ ရွာသူ ရွာသားတွေ နေထိုင်ရေးအဆင်ပြေအောင် ခန်းတွဲအဆောင်တွေ ဆောက်ပေးထားပါတယ်။ နေ့ရက်တွေ ကြာလာတော့ လူဦးရေများလာတဲ့အခါ ရေလုံလောက်မှုမရှိဘူး။ ရေအခက်အခဲ ရှိနေတာပေါ့။ ကြာလာတော့ ကျန်းမာရေးထိခိုက်လာကြတယ်။ ဒီနေ့ဆို ဖျားလာတဲ့ ကလေးတွေ နည်းနည်းများလာတယ်။ ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာမျိုးတွဖြေစ်နေတယ်။ နမ္မတူဆေးရုံက ဆရာဝန်တွေက နှစ်ရက်တစ်ခါ သုံးရက်တစ်ခါလောက်တော့ ကျန်းမာရေး စစ်ဆေးပေးပါတယ်။"ဟု လီဆူဘုရားရှိခိုးကျောင်းမှ သင်းအုပ်ဆရာ ဦးယောနက ပြောသည်။

စစ်ဘေးရှောင်စခန်းရှိ ဒုက္ခသည်များအား လှုဒါန်းထားသည်များကို တစ်လစာခွဲတမ်းချ၍ အိမ်ထောင်စု အလိုက် ခွဲဝေပေးထားပြီး ကိုယ်တိုင်ချက်ပြုတ်စားသောက်နကြေကြောင်း သိရသည်။

"စခန်းစဖွင့်တဲ့ အချိန်ကတော့ အလှုရှင်တွေနဲ့ စုပေါင်းချက်ပြုတ်စားသောက် ကြတာပေါ့။ ခုကျတော့ ရေရှည်ဖြစ်လာတဲ့အခါ ချက်ပြုတ်တဲ့ အပိုင်းက အခက်အခဲရှိလာတယ်။ ဒါကြောင့် အိုးခွက်ပန်းကန်ကအစ လှုဒါန်းပေးပြီး ချက်စားခိုင်းထားတာပါ။ ဆန်၊ဆီအစရှိတဲ့ စားသောက်ပစ္စည်းတွေကိုလည်း အလှုရှင် လှုဒါန်းထားတဲ့အတိုင်း တစ်လစီခွဲပြီး အိမ်ထောင်စုအလိုက် ခွဲပေးထားပါတယ်။"ဟု လီဆူစစ်ဘေးရှောင် စခန်းမှ ကိုရှန်ဆုံက ပြောသည်။

အဆိုပါဒေသများတွင် တိုက်ပွဲများမရပ်သေးသဖြင့် ဒေသခံများ နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။

"တိုက်ပွဲတွေက ဖြစ်နေတုန်းပဲ။ အရင်ကတော့ ရွာနဲ့နည်းနည်းဝေးတယ်။ ရွာထဲမှာ အိပ်လို့မရရင် တောင်ယာထဲသွားအိပ်လို့ ရသေးတယ်။ မနေ့ကရွာနားထိ ရောက်လာတယ်။ သေနတ်သံက ခြိမ်းနေတာပဲ။ တချို့က အိမ်စောင့် တစ်ယောက်နှစ်ယောက်ကျန်ခဲ့တယ်။ ခုတော့ မနေရဲကြတော့ဘူး။ အကုန်ပြေးလာကြရတယ်။ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ထပ်ရောက်လာကြဦးမှာပဲ။"ဟု လီဆူစစ်ဘေးရှောင်စခန်းရှိ လွယ်ကန်ကျေးရွာမှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

မန်တုံမြို့နယ်အတွင်း ဇူလိုင်လ(၉)ရက်နေ့မှစ၍ RCSS/SSA နှင့် PSLF/TNLAတို့ တိုက်ပွဲများ ဖြစ်ပွားနခြေင်းကြောင့် ဒေသခံများသည် နမ္မတူမြို့ ရွှမြေင်သာဘုန်းတော်ကြီးကျောင်းနှင့် လီဆူခရစ်ယာန် ဘုရားကျောင်းများသို့ လာရောက်ခိုလှုံနကြခြေင်းဖြစ်သည်။

သတင်း/ဓာတ်ပုံ - အောင်ပြည့်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~