လက်ကိုင်လွှစက်များ ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ မိုင်းတုံ၌ အသိပညာ

လက်ကိုင်လွှစက်များ ကိုင်ဆောင်ခြင်းနှင့် ပတ်သက်၍ မိုင်းတုံ၌ အသိပညာ
သွဂုတျ 13, 2016
By Tachileik News Agency

လက်ကိုင်လွှစက်များ ကိုင်ဆောင်အသုံးပြုခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဇာတိမာန် အစည်းအဝေးခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

"ပြည်သူလူထုတွေ အနေနဲ့ လက်ကိုင်လွှစက်များ လက်ဝယ်တွင်ရှိနေရင် ကိုင်ဆောင်ထားရင် စနစ်တကျ မှတ်ပုံတင်ခြင်း အခွန်ဆောင်ခြင်းများ ပြုလုပ်သွားကြစေလိုပါတယ်၊ အဲလိုမှ လုပ်မထားဘဲ သစ်တော ဦးစ်ီးဌာနမှ ရှောင်တခင် တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်"ဟု မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဖိုးချိုက ပြောသည်။

သစ်တောပြုန်းတီးမှုနှင့် သစ်ခိုးထုတ်ခြင်းများ မဖြစ်ပေါ်စေရန် လက်ကိုင်လွှစက်များ ကိုင်ဆောင် အသုံးပြုခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်၍ ကန့်သတ်ထားကြောင်း ထို့ကြောင့် ရောင်းဝယ်ရေး ဆောင်ရွက်သူများ အနေဖြင့် သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်၍ ရောင်းဝယ်ကြရန် လိုအပ်ကြောင်း ၎င်းမှပြောသည်။

လက်ကိုင်လွှစက်များအား ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်လိုင်စင်တစ်ခုတည်းဖြင့် ပြည်ပမှ လွတ်လပ်စွာ တင်သွင်းနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ထောက်ခံချက်ပါမှသာ ခွင့်ပြုမှာ ဖြစ်ပြီး လက်ကိုင်လွှစက် တင်သွင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများအနေဖြင့် လစဉ် လက်ကိုင်လွှစက် အရောင်းစာရင်းနှင့် လက်ကျန်စာရင်းများကို သစ်တောဦးစီးဌာနကို လချုပ်အနေဖြင့် ပေးပို့သွားရမှာဖြစ်ကြောင်း ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်နှင့် ကုမ္ပဏီများအား လစဉ် သစ်တော ဦးစီးဌာန နှင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ၀င်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

........

လက်ကိုင်လွှစက်များ ကိုင်ဆောင်အသုံးပြုခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို သြဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းက မိုင်းတုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ဇာတိမာန် အစည်းအေဝးခန်းမတွင် အသိပညာပေးဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

"ပြည်သူလူထုတွေ အနေနဲ့ လက်ကိုင်လွှစက်များ လက်ဝယ်တွင်ရှိနေရင် ကိုင်ဆောင်ထားရင် စနစ်တကျ မှတ်ပုံတင်ခြင်း အခွန်ဆောင်ခြင်းများ ပြုလုပ်သွားကြစေလိုပါတယ်၊ အဲလိုမှ လုပ်မထားဘဲ သစ်တော ဦးစီ်းဌာနမှ ရှောင်တခင် တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်"ဟု မိုင်းတုံမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးဖိုးချိုက ပြောသည်။

သစ်တောပြုန်းတီးမှုနှင့် သစ်ခိုးထုတ်ခြင်းများ မဖြစ်ပေါ်စေရန် လက်ကိုင်လွှစက်များ ကိုင်ဆောင် အသုံးပြုခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြန်၍ ကန့်သတ်ထားကြောင်း ထို့ကြောင့် ရောင်းဝယ်ရေး ဆောင်ရွက်သူများ အနဖြေင့် သစ်တောဦးစီးဌာနနှင့် ဆက်သွယ်၍လုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်၍ ရောင်းဝယ်ကြရန် လိုအပ်ကြောင်း၎င်းမှပြောသည်။

လက်ကိုင်လွှစက်များအား ကုန်သွယ်ရေးဦးစီးဌာနမှ သွင်းကုန်လိုင်စင်တစ်ခုတည်းဖြင့် ပြည်ပမှ လွတ်လပ်စွာ တင်သွင်းနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သစ်တောဦးစီးဌာန၏ ထောက်ခံချက်ပါမှသာ ခွင့်ပြုမှာ ဖြစ်ပြီး လက်ကိုင်လွှစက် တင်သွင်းသည့် လုပ်ငန်းရှင်၊ ကုမ္ပဏီများအနဖြေင့် လစဉ် လက်ကိုင်လွှစက် အရောင်းစာရင်းနှင့် လက်ကျန်စာရင်းများကို သစ်တောဦးစီးဌာနကို လချုပ်အနဖြေင့် ပေးပို့သွားရမှာဖြစ်ကြောင်း ဖြန့်ဖြူးရောင်းချသော အရောင်းဆိုင်နှင့် ကုမ္ပဏီများအား လစဉ် သစ်တော ဦးစီးဌာန နှင့် စည်ပင်သာယာရေး ဦးစီးဌာနမှ ဝင်ရောက်စစ်ဆေးခြင်းများ ဆောင်ရွက်သွားရန် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

သတင်း - အောင်ဝင်းဌေး(မိုင်းတုံ)

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~