အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးမွေးမြူရေးသင်တန်း မိုင်းဖြတ်၌ ရက်(၂၀)အကြာ ပို့ချမည်

အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးမွေးမြူရေးသင်တန်း မိုင်းဖြတ်၌ ရက်(၂၀)အကြာ ပို့ချမည်
သွဂုတျ 14, 2016
By Tachileik News Agency


"ကျွန်တော်တို့ ဦးစီးဌာနက ဦးစီးပြီးတော့ စိုက်ပျိုးရေးဦးစီးဌာန၊ တိရစ္ဆာန်ကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနနဲ့ မြို့နယ်ဦးစီးဌာနမှူးတို့ ပူးပေါင်းပြီးတော့ ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ အတွက် အထောက်အကူ ဖြစ်ဖို့အတွက် ဒီသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ သင်တန်းကိုတော့ ဒီနေ့ (၁၄.၈.၂၀၁၆)ရက်နေ့ကနေပြီးတော့ (၅.၉.၂၀၁၆) ရက်နေ့အထိ သင်တန်း ပို့ချသွားမှာဖြစ်ပါတယ်" ဟု မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးစိုင်းလောင်မှိုင်းက ပြောသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်ပတ်သက်သော သဘာဝမြေဆွေးများပြုလုပ်ခြင်း၊ အပင်များတွင် ကျရောက်တတ်သော ပိုးမွှားအန္တရာယ်နှင့် အပင်များအား ဖျက်ဆီးတတ်သည့် တိရစ္ဆာန်များအား ကာကွယ်နှိမ်နင်းသည့် အကြောင်းအရာများ သင်ကြားပေးမည်ဖြစ်ပြီး တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ရမည့် နည်းလမ်းများနှင့် ကာကွယ်ဆေးထိုးပေးနေမှုများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။


သတင်း/ဓာတ်ပုံ - ကိုသာ
...........

တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ် ဆိုက်ခေါင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် တောင်သူများအတွက် " အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စိုက်ပျိုးရေးမွေးမြူရေးသင်တန်း"အား သြဂုတ်လ(၁၄)ရက်နေ့မှ စတင်၍ ရက်ပေါင်း(၂၀)ကြာ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ စီစဉ်၍ သင်ကြားပေးလျှက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့ ဦးစီးဌာနက ဦးစီးပြီးတော့ စိုက်ပျိုးရေးဦးစီးဌာန၊ တိရစ္ဆာန်ကုသရေးနှင့် မွေးမြူရေး ဦးစီးဌာနနဲ့ မြို့နယ်ဦးစီးဌာနမှူးတို့ ပူးပေါင်းပြီးတော့ ကျေးလက်နပြေည်သူများ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ အတွက် အထောက်အကူ ဖြစ်ဖို့အတွက် ဒီသင်တန်းကို ပြုလုပ်ရခြင်းဖြစ်ပါတယ်၊ သင်တန်းကိုတော့ ဒီနေ့ (၁၄.၈.၂၀၁၆)ရက်နေ့ကနပြေီးတော့ (၅.၉.၂၀၁၆) ရက်နေ့အထိ သင်တန်း ပို့ချသွားမှာဖြစ်ပါတယ်" ဟု မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးစိုင်းလောင်မှိုင်းက ပြောသည်။

သင်တန်းတွင် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးနှင့်ပတ်သက်သော သဘာဝမြေဆွေးများပြုလုပ်ခြင်း၊ အပင်များတွင် ကျရောက်တတ်သော ပိုးမွှားအန္တရာယ်နှင့် အပင်များအား ဖျက်ဆီးတတ်သည့် တိရစာ္ဆန်များအား ကာကွယ်နှိမ်နင်းသည့် အကြောင်းအရာများ သင်ကြားပေးမည်ဖြစ်ပြီး တိရစာ္ဆန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်များတွင် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများနှင့် ကာကွယ်ရမည့် နည်းလမ်းများနှင့် ကာကွယ်ဆေးထိုးပေးနေမှုများအား ရှင်းလင်းခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း(၈၀)ကျော်ခန့်တက်ရောက်ခဲ့ပြီး စက်တင်ဘာ(၅)ရက်နေ့အထိ ရက်ပေါင်း(၂၀)ကြာပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~