ထိုင္းႏိုင္ငံ ျမန္မာသံရံုးေရွ႕တြင္ ျမန္မာလုပ္သား (၁၂၀)ခန္႔ ဆႏၵထုတ္ေဖာ္ေန

ထိုင္းႏိုင္ငံ ျမန္မာသံရံုးေရွ႕တြင္ ျမန္မာလုပ္သား (၁၂၀)ခန္႔ ဆႏၵထုတ္ေဖာ္ေန
သြဂုတ် 26, 2016
By Tachileik News Agency

MOU စနစ္ျဖင့္ ထိုင္းႏိုင္ငံအတြင္း သြားေရာက္ အလုပ္လုပ္ကိုင္ေသာ ေရႊ႕ေျပာင္းျမန္မာ အလုပ္သမား(၁၂၀)ေက်ာ္ခန္႔ (၂)လနီးပါးၾကာသည္ အထိ အလုပ္အကိုင္ရရွိျခင္း မရွိသျဖင့္ ၾသဂုတ္(၂၆)ရက္ေန႔တြင္ ထိုင္းႏိုင္ငံရွိ ျမန္မာသံရံုး၌ ဆႏၵထုတ္ေဖၚလွ်က္ရွိေၾကာင္း သိရသည္။

"ပါဖတ္ကုမၸဏီနဲ႔ MOU စာခ်ဳပ္ခ်ဳပ္ဆိုၿပီးလာၾကတဲ့ အလုပ္သမားေတြပါ ထိုင္းကိုေရာက္တာ ရက္ေပါင္း(၅၀)ေလာက္ရွိၿပီ အခုအခ်ိန္ထိ အလုပ္မရၾကေသးဘူး ဒါေၾကာင့္ သံရံုးကို ေျဖရွင္းေပးဖို႔ေတာင္းဆိုတာ အခုအခ်ိန္ထိေတာ့ သံရံုးက ေျဖရွင္းေပးေနပါတယ္"ဟု ျမန္မာအလုပ္သမားကူညီေစာင့္ေရွာက္ေရး ေကာ္မတီအဖြဲ႕ဝင္''AAC'' မဟာမိတ္အဖြဲ႕ မွ  ကိုရဲမင္းက ေျပာသည္။

အလုပ္သမားမ်ားမွာ နံနက္(၅)နာရီမွစတင္ကာ ျမန္မာသံရံုးေရွ႕သို႔ ေရာက္ရွိလာၿပီး အလုပ္အကိုင္ ရရွိရန္ ႏွင့္ ေျဖရွင္းေပးရန္အတြက္ သံအမတ္ႀကီးအား ေတာင္းဆိုေနျခင္းျဖစ္ေၾကာင္းႏွင့္ ေန႔လယ္ပိုင္းအခ်ိန္ထိ ျမန္မာသံရံုးႏွင့္ ပါဖတ္ကုမၸဏီတို႔ ညႇိႏွိဳင္းေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ကိုဇက္
ဓာတ္ပံု - ကိုရဲမင္း(AAC)

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
MOU စနစ်ဖြင့် ထိုင်းနိုင်ငံအတွင်း သွားရောက် အလုပ်လုပ်ကိုင်သော ရွှေ့ပြောင်းမြန်မာ အလုပ်သမား(၁၂၀)ကျော်ခန့် (၂)လနီးပါးကြာသည် အထိ အလုပ်အကိုင်ရရှိခြင်း မရှိသဖြင့် သြဂုတ်(၂၆)ရက်နေ့တွင် ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌ ဆန္ဒထုတ်ဖော်လျှက်ရှိကြောင်း သိရသည်။

"ပါဖတ်ကုမ္ပဏီနဲ့ MOU စာချုပ်ချုပ်ဆိုပြီးလာကြတဲ့ အလုပ်သမားတွေပါ ထိုင်းကိုရောက်တာ ရက်ပေါင်း(၅၀)လောက်ရှိပြီ အခုအချိန်ထိ အလုပ်မရကြသေးဘူး ဒါကြောင့် သံရုံးကို ဖြေရှင်းပေးဖို့တောင်းဆိုတာ အခုအချိန်ထိတော့ သံရုံးက ဖြေရှင်းပေးနေပါတယ်"ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီအဖွဲ့ဝင်''AAC'' မဟာမိတ်အဖွဲ့ မှ ကိုရဲမင်းက ပြောသည်။

အလုပ်သမားများမှာ နံနက်(၅)နာရီမှစတင်ကာ မြန်မာသံရုံးရှေ့သို့ ရောက်ရှိလာပြီး အလုပ်အကိုင် ရရှိရန် နှင့် ဖြေရှင်းပေးရန်အတွက် သံအမတ်ကြီးအား တောင်းဆိုနခြေင်းဖြစ်ကြောင်းနှင့် နေ့လယ်ပိုင်းအချိန်ထိ မြန်မာသံရုံးနှင့် ပါဖတ်ကုမ္ပဏီတို့ ညှိနှိုင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - ကိုဇက်
ဓာတ်ပုံ - ကိုရဲမင်း(AAC)

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~