တပ္ပိုင္ေျမတုိးခ်ဲ႕ တိုင္းတာေနမႈအား အျမန္ဆုံးေျဖရွင္းေပးရန္ မိုးၿဗဲၿမိဳ႕ေဒသခံမ်ား ေတာင္းဆို

တပ္ပိုင္ေျမတုိးခ်ဲ႕ တိုင္းတာေနမႈအား အျမန္ဆုံးေျဖရွင္းေပးရန္ မိုးၿဗဲၿမိဳ႕ေဒသခံမ်ား ေတာင္းဆို
သြဂုတ် 10, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း)ဖယ္ခံုၿမိဳ႕နယ္၊  မိုးၿဗဲၿမိဳ႕တြင္ အမွတ္(၄၂၂)တပ္ရင္းမွ  သိမ္းယူထားေသာ လယ္ေျမမ်ားကို မူလေတာင္သူမ်ားထံ ျပန္လည္ေပးအပ္ရန္ ေျမတိုင္းတာရာတြင္ သိမ္းယူထားစဥ္က မပါခဲ့ေသာ ေျမေနရာမ်ားကိုပါ  တိုင္းတာေနသျဖင့္ ျပန္လည္ေျဖရွင္းေပးရန္ ေဒသခံမ်ားက ေတာင္းဆိုလိုက္သည္။

တပ္မွစြန္႔လႊတ္ေျမတိုင္းတာရာတြင္ သိမ္းယူစဥ္က မပါသည့္ ဧရိယာမ်ားကိုပါ ထည့္သြင္း တိုင္းတာျခင္းအား ေျဖရွင္းေပးရန္  ၾသဂုတ္လ (၆)ရက္ေန႔က သတင္းစာရွင္းလင္းပြဲကို  မိုးၿဗဲေဒသခံမ်ား လုပ္ေဆာင္လိုက္ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ဆီက သိမ္းထားတဲ့ ေျမဧက(၂၄၁)ဧကကို ျပန္စြန္႔လႊတ္ေပးဖို႔ အထက္ကလည္း ညႊန္ၾကား ထားၿပီးၿပီ။ အဲဒီစြန္႔လႊတ္ဖို႔ေျမကိုလည္း မစြန္႔လႊတ္ေသးဘူး။ အခုလာတိုင္းေတာ့ အရင္တပ္ဧရိယာထက္ ဧက(၂၅၀)ေလာက္ထိ လာပိုတိုင္းသြားတယ္။ ဘာသေဘာလဲေတာ့ မသိဘူး။ ကၽြန္ေတာ္တို႔ကေတာ့ လက္မခံဘူး″ ဟု ေျမသိမ္းခံရသည့္ ေတာင္သူတစ္ဦးျဖစ္သူ ကိုေအာင္မ်ိဳးခန္႔က ေျပာသည္။

တပ္မွ အမွန္တကယ္စြန္႔လႊတ္ရမည့္ ေျမယာမ်ားကို လာေရာက္တိုင္းတာရာတြင္ တပ္မွ မူလ ေတာင္သူမ်ားဆီ ျပန္လည္စြန္္႔လႊတ္ရမည့္ ေျမေနရာမ်ား အျပင္ စီကား (၂)၊ သစ္ယာကုန္း၊ သာယာကုန္း စသည့္ ရပ္ကြက္သံုးခုနဲ ့ပင္သာရြာတို႔က ေျမဧက ၂၅ဝ ေက်ာ္ကိုပါ ထည့္သြင္းတိုင္းတာခဲ့သျဖင့္ ေဒသခံမ်ားက လက္မခံႏုိင္ၾကျခင္းျဖစ္ေၾကာင္း ၎ထံမွ သိရသည္။

တပ္၏ စြန္႔လႊတ္ေျမအျဖစ္ ထည့္သြင္းတိုင္းတာခဲ့သည့္ ေက်းရြာမ်ားမွာ အဆိုပါ တပ္မရွိစဥ္ကတည္းက တည္ရွိေနသည့္ ေက်းရြာမ်ားျဖစ္ေၾကာင္း သာယာကုန္းေက်းရြာ အတြင္းေရးမွဴး ဦးတင္ထြန္းထံမွ သိရသည္။

"ကၽြန္ေတာ္တို႔ရြာက တပ္မရွိခင္ကတည္းက အရင္ရွိတာ။ တပ္လာတည္ေတာ့လည္း တပ္ပိုင္ေျမဆိုၿပီး ရြာရဲ႕ယာေျမေတြကို ဝိုက္ယူသြားတယ္။ သတ္မွတ္ထားတာေပါ့။ ခုကရုတ္တရက္ႀကီး ထပ္လာတိုင္းတယ္။ တစ္ရြာလုံး ပါသြားတယ္ တပ္ပိုင္ေျမထဲ။  ဒါကလုံးဝမျဖစ္ႏိုင္သလို လက္ခံႏိုင္စရာ အေၾကာင္းလည္း မရွိဘူး။ ဒါေၾကာင့္ ဒါေတြကို ျပန္ရုပ္သိမ္းေပးပါလို႔ ေတာင္းဆိုခ်င္တယ္ ″ဟု သာယာကုန္းေက်းရြာ အတြင္းေရးမွဴး ဦးတင္ထြန္းက ေျပာသည္။

အမွတ္ (၄၂၂) ေျချမန္တပ္ရင္းမွ တာဝန္ရွိသူမ်ား၊ ၿမိဳ႕နယ္အေထြေထြ အုပ္ခ်ဳပ္ေရးဌာနႏွင့္ ေျမစာရင္း ဌာနတို႔က  စြန္႔လႊတ္ေျမျပန္ေပးရန္ ဇူလိုင္လ (၁၅) ရက္ေန႔က ေျမေနရာတိုင္းတာမႈေတြ ျပဳလုပ္ခဲ့ရာ ယခင္သတ္မွတ္ထားၿပီးသား တပ္ပိုင္ေျမ ဧရိယာထက္ ဧက (၂၅ဝ) ေက်ာ္ကို ပို၍တိုင္းတာခဲ့သျဖင့္ ရပ္ကြက္ သုံးခုမွ အိမ္ေျခ (၁၅၀)ေက်ာ္ ႏွင့္ အစိုးရေက်ာင္းမ်ား ၊ခရစ္ယာန္ဘာသာေရး အေဆာက္ဦမ်ား ၊ဗုဒၶဘာသာ ဘုန္းႀကီးေက်ာင္းမ်ား၊ ေစတီပုထိုးမ်ား ၊ရုိးရာတံခြန္တိုင္ ဧရိယာမ်ားပါ  ပါဝင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္မေျပာခ်င္တာက ေက်ာင္းက အစိုးရက ခ်ေပးထားတဲ့ေက်ာင္းျဖစ္တယ္။ ၿပီးေတာ့ တပ္မရွိစဥ္ကတည္းက ဖြင့္ထားတဲ့ ေက်ာင္းျဖစ္တယ္။ အစိုးရကတရားဝင္ ဖြင့္ေပးထားတဲ့ ေက်ာင္းကုိ တပ္ကသိမ္းဖို႔ဆိုတာ က မျဖစ္ႏိုင္ဘူးေလ။ တပ္ပိုင္ေျမထဲပါရင္ အစိုးရကခ်ေပးပါ့မလားေပါ့။ ကၽြန္မကေတာ့ လက္မခံႏိုင္ဘူး ″ဟု သာယာကုန္း အေျခခံပညာ မူလတန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚေအးေအးသန္းက ေျပာသည္။

၁၉၉ဝ ခုႏွစ္ဝန္းက်င္က မိုးၿဗဲျမိဳ႕နယ္ကို အေျခစုိက္လာသည့္ အမွတ္ (၄၂၂) ေျချမန္တပ္ရင္း တပ္တည္ရန္ႏွင့္ တပ္လံုၿခံဳေရးအတြက္ ေျမဧက (၁,၃ဝဝ) ေက်ာ္ကို သိမ္းယူခဲ့သည့္အနက္ ပိုလွ်ံေျမ ဧက (၂၄ဝ) ေက်ာ္ကို ျပန္လည္ေပးအပ္ရန္ အေရွ႕ပိုင္းတိုင္း စစ္ဌာနာခ်ုဳပ္္က မတ္လအတြင္းက ညႊန္ၾကားထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း

...............

ရှမ်းပြည်နယ်(တောင်ပိုင်း)ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့တွင် အမှတ်(၄၂၂)တပ်ရင်းမှ သိမ်းယူထားသော လယ်မြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန် မြေတိုင်းတာရာတွင် သိမ်းယူထားစဉ်က မပါခဲ့သော မြေနေရာများကိုပါ တိုင်းတာနေသဖြင့် ပြန်လည်ဖြေရှင်းပေးရန် ဒေသခံများက တောင်းဆိုလိုက်သည်။

တပ်မှစွန့်လွှတ်မြေတိုင်းတာရာတွင် သိမ်းယူစဉ်က မပါသည့် ဧရိယာများကိုပါ ထည့်သွင်း တိုင်းတာခြင်းအား ဖြေရှင်းပေးရန် သြဂုတ်လ (၆)ရက်နေ့က သတင်းစာရှင်းလင်းပွဲကို မိုးဗြဲဒေသခံများ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

"ကျွန်တော်တို့ဆီက သိမ်းထားတဲ့ မြေဧက(၂၄၁)ဧကကို ပြန်စွန့်လွှတ်ပေးဖို့ အထက်ကလည်း ညွှန်ကြား ထားပြီးပြီ။ အဲဒီစွန့်လွှတ်ဖို့မြေကိုလည်း မစွန့်လွှတ်သေးဘူး။ အခုလာတိုင်းတော့ အရင်တပ်ဧရိယာထက် ဧက(၂၅၀)လောက်ထိ လာပိုတိုင်းသွားတယ်။ ဘာသဘောလဲတော့ မသိဘူး။ ကျွန်တော်တို့ကတော့ လက်မခံဘူး″ ဟု မြေသိမ်းခံရသည့် တောင်သူတစ်ဦးဖြစ်သူ ကိုအောင်မျိုးခန့်က ပြောသည်။

တပ်မှ အမှန်တကယ်စွန့်လွှတ်ရမည့် မြေယာများကို လာရောက်တိုင်းတာရာတွင် တပ်မှ မူလ တောင်သူများဆီ ပြန်လည်စွန့်လွှတ်ရမည့် မြေနေရာများ အပြင် စီကား (၂)၊ သစ်ယာကုန်း၊ သာယာကုန်း စသည့် ရပ်ကွက်သုံးခုနဲ့ပင်သာရွာတို့က မြေဧက ၂၅ဝ ကျော်ကိုပါ ထည့်သွင်းတိုင်းတာခဲ့သဖြင့် ဒေသခံများက လက်မခံနိုင်ကြခြင်းဖြစ်ကြောင်း၎င်းထံမှ သိရသည်။

တပ်၏ စွန့်လွှတ်မြေအဖြစ် ထည့်သွင်းတိုင်းတာခဲ့သည့် ကျေးရွာများမှာ အဆိုပါ တပ်မရှိစဉ်ကတည်းက တည်ရှိနေသည့် ကျေးရွာများဖြစ်ကြောင်း သာယာကုန်းကျေးရွာ အတွင်းရေးမှူး ဦးတင်ထွန်းထံမှ သိရသည်။

"ကျွန်တော်တို့ရွာက တပ်မရှိခင်ကတည်းက အရင်ရှိတာ။ တပ်လာတည်တော့လည်း တပ်ပိုင်မြေဆိုပြီး ရွာရဲ့ယာမြေတွေကို ဝိုက်ယူသွားတယ်။ သတ်မှတ်ထားတာပေါ့။ ခုကရုတ်တရက်ကြီး ထပ်လာတိုင်းတယ်။ တစ်ရွာလုံး ပါသွားတယ် တပ်ပိုင်မြေထဲ။ ဒါကလုံးဝမဖြစ်နိုင်သလို လက်ခံနိုင်စရာ အကြောင်းလည်း မရှိဘူး။ ဒါကြောင့် ဒါတွေကို ပြန်ရုပ်သိမ်းပေးပါလို့ တောင်းဆိုချင်တယ် ″ဟု သာယာကုန်းကျေးရွာ အတွင်းရေးမှူး ဦးတင်ထွန်းက ပြောသည်။

အမှတ် (၄၂၂) ခြမြေန်တပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနနှင့် မြေစာရင်း ဌာနတို့က စွန့်လွှတ်မြပြေန်ပေးရန် ဇူလိုင်လ (၁၅) ရက်နေ့က မြေနေရာတိုင်းတာမှုတွေ ပြုလုပ်ခဲ့ရာ ယခင်သတ်မှတ်ထားပြီးသား တပ်ပိုင်မြေ ဧရိယာထက် ဧက (၂၅ဝ) ကျော်ကို ပို၍တိုင်းတာခဲ့သဖြင့် ရပ်ကွက် သုံးခုမှ အိမ်ခြေ (၁၅၀)ကျော် နှင့် အစိုးရကျောင်းများ၊ခရစ်ယာန်ဘာသာရေး အဆောက်ဦများ၊ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ စေတီပုထိုးများ၊ရိုးရာတံခွန်တိုင် ဧရိယာများပါ ပါဝင်သွားခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်မပြောချင်တာက ကျောင်းက အစိုးရက ချပေးထားတဲ့ကျောင်းဖြစ်တယ်။ ပြီးတော့ တပ်မရှိစဉ်ကတည်းက ဖွင့်ထားတဲ့ ကျောင်းဖြစ်တယ်။ အစိုးရကတရားဝင် ဖွင့်ပေးထားတဲ့ ကျောင်းကို တပ်ကသိမ်းဖို့ဆိုတာ က မဖြစ်နိုင်ဘူးလေ။ တပ်ပိုင်မြေထဲပါရင် အစိုးရကချပေးပါ့မလားပေါ့။ ကျွန်မကတော့ လက်မခံနိုင်ဘူး ″ဟု သာယာကုန်း အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန်းက ပြောသည်။

၁၉၉ဝ ခုနှစ်ဝန်းကျင်က မိုးဗြဲမြို့နယ်ကို အခြေစိုက်လာသည့် အမှတ် (၄၂၂) ခြမြေန်တပ်ရင်း တပ်တည်ရန်နှင့် တပ်လုံခြုံရေးအတွက် မြေဧက (၁,၃ဝဝ) ကျော်ကို သိမ်းယူခဲ့သည့်အနက် ပိုလျှံမြေ ဧက (၂၄ဝ) ကျော်ကို ပြန်လည်ပေးအပ်ရန် အရှေ့ပိုင်းတိုင်း စစ်ဌာနာချုပ်က မတ်လအတွင်းက ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ္ပံု - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~