ထိုင္းႏုိင္ငံ ၾကက္ေမြးျမဴေရးလုပ္ငန္းခြင္မ်ားမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အျမင့္ဆံုးျဖစ္ေန

ထိုင္းႏုိင္ငံ ၾကက္ေမြးျမဴေရးလုပ္ငန္းခြင္မ်ားမွာ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ အျမင့္ဆံုးျဖစ္ေန
သြဂုတ် 2, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ ေရႊ႕ေျပာင္းျမန္မာအလုပ္သမားမ်ား လူ႔အခြင့္အေရးခ်ိဳးေဖာက္ခံရမႈ အမ်ားဆံုး လုပ္ငန္းခြင္ မ်ားမွာ ၾကက္ေမြးျမဴေရးႏွင့္ ၾကက္သားထုတ္လုပ္ေရးလုပ္ငန္းမ်ားျဖစ္ေၾကာင္း ထုိင္းႏိုင္ငံအေျခစိုက္ လူ႔အခြင့္အေရးျမႇင့္တင္ေရး ေဖာင္ေဒးရွင္း(HRDS)ထံမွ သိရသည္။

"အခု ထုိင္းႏိုင္ငံထဲမွာ အလုပ္ရွင္ေတြက လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို အရင္တုန္းက ေရထြက္ လုပ္ငန္းက အမ်ားဆံုးခ်ိဳးေဖာက္တယ္။ ဒါကို အေနာက္ႏိုင္ငံေတြက ဖိအားေပးလာေတာ့ နည္းနည္း ေလွ််ာ့ခ်လာၿပီး အခုေနာက္ပိုင္းမွာ ၾကက္သားထုတ္တဲ့လုပ္ငန္းနဲ႔ ေမြးျမဴေရးလုပ္ငန္းေတြမွာ အလုပ္သမားေတြကို အခြင့္အေရး ခ်ိဳးေဖာက္လာတာေတြရွိတယ္။ ဥပမာ လုပ္အားခအျပည့္အဝ မေပးတာ၊ အလုပ္ခ်ိန္ တိတိက်က် မရွိတာေတြ ရွိတယ္"ဟု လူ႔အခြင့္အေရးျမွင့္တင္ေရးေဖာင္ေဒးရွင္း(HRDS)မွ မဇာက ေျပာသည္။

လုပ္ငန္းခြင္မ်ားအတြင္း အလုပ္သမား အခြင့္အေရးႏွင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားအား ေဖာင္ေဒးရွင္း အေနျဖင့္ ထိုင္းႏိုင္ငံအစိုးရအဖြဲ႕အား တင္ျပမႈမ်ားလုပ္ေဆာင္ေသာ္လည္း တာ၀န္ယူေျဖရွင္းမႈမ်ား မရွိခဲ့သျဖင့္ အေနာက္ႏိုင္ငံမ်ားမွ စားသံုးသူမ်ားအေနျဖင့္္ ယခင္ေရလုပ္ငန္းအေပၚ ဖိအားေပးသကဲ့သို႔ လုပ္ေဆာင္လာရန္ လိုအပ္သည္ဟု ၎က ဆိုသည္။

"ကၽြန္ေတာ္တို႔အလုပ္ရုံမွာဆို (၁၅)ရက္တစ္ခါ လုပ္အားခထုတ္တယ္။ တစ္ပတ္ကို ဘတ္(၅၀၀၀)ဆိုရင္ တကယ္ လုပ္အားခရတာ ဘတ္(၄,၀၀၀)ေလာက္ပဲရွိတယ္။ ၾကားကေန ဟိုဟာျဖတ္ ဒီဟာျဖတ္နဲ႔ (၁,၀၀၀) ေလာက္ေပ်ာက္ေနတာ။ ဘာေခါင္းစဥ္မွ မပါဘဲျဖတ္တာ လတိုင္းပဲ။ လုပ္ငန္းခြင္ဆိုလည္း OT ေၾကးေတာ့ ေျပာပါတယ္။ တကယ္ဆင္းတာ(၄)နာရီဆို (၃)နာရီစာပဲရတယ္။ တစ္လလံုး အဲဒီလိုမ်ိဳး အလုပ္သမားတိုင္း ခံရတာ"ဟု ထုိင္းႏိုင္ငံ ေနာင္ခိုခရိုင္၊ ခိုလၿမိဳ႕နယ္အတြင္းရွိ BBN ၾကက္သားကင္စက္ရံုမွ အလုပ္သမား ကိုသီဟက ေျပာသည္။

အဆိုပါ စက္ရံု၏ လုပ္ငန္းခြင္အတြင္းမွ အလုပ္သမား (၂၀၀)ေက်ာ္မွာ အလုပ္ရွင္၏ ေမြးေန႔အျဖစ္ အလုပ္သမား တစ္ဦးလွ်င္ ဘတ္(၂၀၀)စီ ျဖတ္ေတာက္ျခင္း၊ အလုပ္သမားတန္းလ်ားမွ ေရအိမ္ႏွင့္ အသံုးအေဆာင္ပစၥည္းမ်ား ပ်က္စီးပါက အလုပ္သမားမ်ားထံမွ ေငြေၾကးျဖတ္ေတာက္ျခင္း၊ အလုပ္ခ်ိန္မွာ နံနက္(၈)နာရီမွ ည(၇)နာရီအထိ သတ္မွတ္ထားျခင္း၊ လုပ္အားခ အျပည့္အ၀မရျခင္းတို႔ကို ရင္ဆိုင္ေနရေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံ၏  ၾကက္ေမြးျမဴေရးႏွင့္ ၾကက္သားထုတ္လုပ္ငန္းမ်ားမွ ထုတ္ကုန္မ်ားအား ေဒသတြင္း အိမ္နီးခ်င္း ႏိုင္ငံမ်ားအျပင္ ဥေရာပႏိုင္ငံမ်ားႏွင့္ အေမရိကန္ျပည္ေထာင္စုသို႔လည္း တင္ပို႔ေနၿပီး အဆိုပါ လုပ္ငန္းခြင္မ်ားတြင္ ေဒသတြင္း အိမ္နီးခ်င္းႏို္င္ငံမ်ားျဖစ္သည့္ လာအို၊ ကေမာၻဒီးယား၊ ျမန္မာႏိုင္ငံတုိ႔မွ ေရႊ႕ေျပာင္းအလုပ္သမားမ်ား ဝင္ေရာက္လုပ္ကိုင္ေနၾကျခင္းျဖစ္သည္။

သတင္း - ကိုဇက္

........................

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံး လုပ်ငန်းခွင် များမှာ ကြက်မွေးမြူရေးနှင့် ကြက်သားထုတ်လုပ်ရေးလုပ်ငန်းများဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးမြှင့်တင်ရေး ဖောင်ဒေးရှင်း(HRDS)ထံမှ သိရသည်။

"အခု ထိုင်းနိုင်ငံထဲမှာ အလုပ်ရှင်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်တုန်းက ရေထွက် လုပ်ငန်းက အများဆုံးချိုးဖောက်တယ်။ ဒါကို အနောက်နိုင်ငံတွေက ဖိအားပေးလာတော့ နည်းနည်း လျှော့ချလာပြီး အခုနောက်ပိုင်းမှာ ကြက်သားထုတ်တဲ့လုပ်ငန်းနဲ့ မွေးမြူရေးလုပ်ငန်းတွေမှာ အလုပ်သမားတွေကို အခွင့်အရေး ချိုးဖောက်လာတာတွေရှိတယ်။ ဥပမာ လုပ်အားခအပြည့်အဝ မပေးတာ၊ အလုပ်ချိန် တိတိကျကျ မရှိတာတွေ ရှိတယ်"ဟု လူ့အခွင့်အရေးမြှင့်တင်ရေးဖောင်ဒေးရှင်း(HRDS)မှ မဇာက ပြောသည်။

လုပ်ငန်းခွင်များအတွင်း အလုပ်သမား အခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖောင်ဒေးရှင်း အနဖြေင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့အား တင်ပြမှုများလုပ်ဆောင်သော်လည်း တာဝန်ယူဖြေရှင်းမှုများ မရှိခဲ့သဖြင့် အနောက်နိုင်ငံများမှ စားသုံးသူများအနဖြေင့် ယခင်ရေလုပ်ငန်းအပေါ် ဖိအားပေးသကဲ့သို့ လုပ်ဆောင်လာရန် လိုအပ်သည်ဟု၎င်းက ဆိုသည်။

"ကျွန်တော်တို့အလုပ်ရုံမှာဆို (၁၅)ရက်တစ်ခါ လုပ်အားခထုတ်တယ်။ တစ်ပတ်ကို ဘတ်(၅၀၀၀)ဆိုရင် တကယ် လုပ်အားခရတာ ဘတ်(၄,ဝဝဝ)လောက်ပဲရှိတယ်။ ကြားကနေ ဟိုဟာဖြတ် ဒီဟာဖြတ်နဲ့ (၁,ဝဝဝ) လောက်ပျောက်နေတာ။ ဘာခေါင်းစဉ်မှ မပါဘဲဖြတ်တာ လတိုင်းပဲ။ လုပ်ငန်းခွင်ဆိုလည်း OT ကြေးတော့ ပြောပါတယ်။ တကယ်ဆင်းတာ(၄)နာရီဆို (၃)နာရီစာပဲရတယ်။ တစ်လလုံး အဲဒီလိုမျိုး အလုပ်သမားတိုင်း ခံရတာ"ဟု ထိုင်းနိုင်ငံ နောင်ခိုခရိုင်၊ ခိုလမြို့နယ်အတွင်းရှိ BBN ကြက်သားကင်စက်ရုံမှ အလုပ်သမား ကိုသီဟက ပြောသည်။

အဆိုပါ စက်ရုံ၏ လုပ်ငန်းခွင်အတွင်းမှ အလုပ်သမား (၂၀၀)ကျော်မှာ အလုပ်ရှင်၏ မွေးနေ့အဖြစ် အလုပ်သမား တစ်ဦးလျှင် ဘတ်(၂၀၀)စီ ဖြတ်တောက်ခြင်း၊ အလုပ်သမားတန်းလျားမှ ရေအိမ်နှင့် အသုံးအဆောင်ပစ္စည်းများ ပျက်စီးပါက အလုပ်သမားများထံမှ ငွေကြေးဖြတ်တောက်ခြင်း၊ အလုပ်ချိန်မှာ နံနက်(၈)နာရီမှ ည(၇)နာရီအထိ သတ်မှတ်ထားခြင်း၊ လုပ်အားခ အပြည့်အဝမရခြင်းတို့ကို ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံ၏ ကြက်မွေးမြူရေးနှင့် ကြက်သားထုတ်လုပ်ငန်းများမှ ထုတ်ကုန်များအား ဒေသတွင်း အိမ်နီးချင်း နိုင်ငံများအပြင် ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စုသို့လည်း တင်ပို့နပြေီး အဆိုပါ လုပ်ငန်းခွင်များတွင် ဒေသတွင်း အိမ်နီးချင်းနို်င်ငံများဖြစ်သည့် လာအို၊ ကမော္ဘဒီးယား၊ မြန်မာနိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ်သမားများ ဝင်ရောက်လုပ်ကိုင်နကြခြေင်းဖြစ်သည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~