Miss Universe Keng Tung 2016 မေရီမြင့်နှင့် Miss Universe Tachileik 2016 နန်းဖောင်းတစ်တို့ ရွေးချယ်ခံရ

Miss Universe Keng Tung 2016 မေရီမြင့်နှင့် Miss Universe Tachileik 2016 နန်းဖောင်းတစ်တို့ ရွေးချယ်ခံရ
သွဂုတျ 1, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကိုယ်စားပြုမယ်များအဖြစ် Miss Universe Keng Tung 2016 ကို မေရီမြင့်နှင့် Miss Universe Tachileik 2016 ကို နန်းဖောင်းတစ်တို့အား ရွေးချယ်လိုက်ကြောင်း သိရသည်။




သတင်း/ဓာတ်ပုံ - ဇွဲမြတ်
..............

ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ကိုယ်စားပြုမယ်များအဖြစ် Miss Universe Keng Tung 2016 ကို မေရီမြင့်နှင့် Miss Universe Tachileik 2016 ကို် နန်းဖောင်းတစ်တို့အား ရွေးချယ်လိုက်ကြောင်း သိရသည်။

Miss Universe Keng Tung 2016 နှင့် Miss Universe Tachileik 2016 ရွေးချယ်ပွဲကို ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဇူလိုင်လ (၃၁) ရက်ည (၆)နာရီက ကျင်းပရာ ပြိုင်ပွဲဝင်အလှမယ် (၁၇)ဦးပါဝင်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲဝင်များအနက် Miss Famous Award ကို နန်းဟွမ်နွန်း၊ Miss Photogenic Award ကို နန်းဂျူလိုင်ထွန်း၊ Miss Body Beauty Award ကို မေရီမြင့်တို့က အသီးသီးရရှိသွားပြီး နောက်ဆုံး ဆန်ခါတင်ခြောက်ဦးအနက်မှ Miss Keng Tung and Tachileik 4th Runner Up ဆုကို မိုးမိုး၊ Miss Keng Tung and Tachileik 3rd Runner Up ဆုကို စုစုဇာနည်သိန်း၊ Miss Keng Tung and Tachileik 2nd Runner Up ဆုကို Cathrina ချစ်သိန်း၊ Miss Keng Tung and Tachileik 1st Runner Up ဆုကို နှင်းသွေးယုအောင်တို့က ရရှိသွားကြကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း၊ တိုင်းလိယဉ်ကျေးမှုအသင်း၊ ရှမ်းအမျိုးသားကျောင်း၊ ရှမ်းချယ်ရီဂေဟာတို့မှ အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဒေသခံ အဆိုဝါသနာရှင်များလည်း သီဆိုဖျော်ဖြေခဲ့ကြသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~