မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်( ၁၀)မြို့နယ်၌ ရေဘေးကြုံတွေ့နေရသော်လည်း လူ၊တိရစ္ဆာန် အသေအပျောက်မရှိသေးဟု ဆို
မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်( ၁၀)မြို့နယ်၌ ရေဘေးကြုံတွေ့နေရသော်လည်း လူ၊တိရစ္ဆာန် အသေအပျောက်မရှိသေးဟု ဆို
သွဂုတျ 5, 2016
By Tachileik News Agency
ဧရာဝတီမြစ်ရေမြင့် တက်နေမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ် ရေဘေးနှင့်  ကြုံတွေ့နေရသော်လည်း လူ၊တိရစ္ဆာန် အသေအပျောက်မရှိသေးဟု ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဌာနမှ သိရသည်။
မြစ်ရေကြီး၍ ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသော မြို့နယ်များမှာ မကွေး၊ ရေနံချောင်း၊ အောင်လံ၊ သရက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ပွင့်ဖြူ၊ မင်းဘူး၊ စလင်း မြို့နယ်တို့ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဌာန တိုင်းညွှန်ကြားရေးမှူး ဦးမြင့်စိုး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါမြို့နယ်များမှ ကျေးရွာ(၁၈၇)ရွာ၊ ရပ်ကွက်(၁၆)ရပ်ကွက်၊ အိမ်ထောင်စု(၁၃၈၂၆)စု၊ လူဦး ရေ(၅၇,၂၉၁)ဦးနှင့် ကျွဲ၊ နွား၊တိရစ္ဆာန်(၇,၄၈၁)ကောင်တို့အား ရေးဘေးလွတ်ကင်းရာ ဓမ္မာရုံ၊ တန်းကျောင်းနှင့် ဘုန်းကြီးကျောင်း စသောနေရာများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ မီးသတ်၊ ကြက်ခြေနီနှင့် ဌာနဆိုင်ရာများ၊ NGOအဖွဲ့များမှ ရွှေ့ပြောင်းပေးမှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။
အဆိုပါ မြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခနှင့်ကြုံတွေ့နေရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ (၁၀)မြို့နယ်အနက် မင်းဘူး၊ စလင်းနှင့် ရေစကြိုမြို့နယ် များတွင် အဆိုးဆုံး ရေဘေးကြုံတွေ့နေသည်ဟု ဦးမြင့်စိုးက ပြောသည်။
ဧရာဝတီမြစ်ရေကြီးမှုသည် တစ်နေ့ တစ်ပေ၊ နှစ်ပေခန့်သာ တက်နေခြင်းဖြစ်၍ ရေဘေးသင့်မှုကြောင့် သြဂုတ်လ (၅)ရက်နေ့အထိ လူနှင့်အခြားကျွဲ၊နွား တိရစ္ဆာန်များ အသေအပျောက် ဆုံးရှုံးမှုမရှိ သေးကြောင်း မကွေး တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ သိရသည်။
သတင်း - ဖီးနစ်
....................
ဧရာဝတီမြစ်ရမြေင့် တက်နေမှုကြောင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ် ရေဘေးနှင့် ကြုံတွေ့နေရသော်လည်း လူ၊တိရစာ္ဆန် အသေအပျောက်မရှိသေးဟု ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဌာနမှ သိရသည်။
မြစ်ရကြေီး၍ ရေဘေးဒဏ်ကြုံတွေ့ခံစားနေရသော မြို့နယ်များမှာ မကွေး၊ ရေနံချောင်း၊ အောင်လံ၊ သရက်၊ ရေစကြို၊ ဆိပ်ဖြူ၊ ပခုက္ကူ၊ ပွင့်ဖြူ၊ မင်းဘူး၊ စလင်း မြို့နယ်တို့ဖြစ်ကြောင်း ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဌာန တိုင်းညွှန်ကြားရေးမှူး ဦးမြင့်စိုး၏ ပြောကြားချက်အရ သိရသည်။
အဆိုပါမြို့နယ်များမှ ကျေးရွာ(၁၈၇)ရွာ၊ ရပ်ကွက်(၁၆)ရပ်ကွက်၊ အိမ်ထောင်စု(၁၃၈၂၆)စု၊ လူဦး ရေ(၅၇,၂၉၁)ဦးနှင့် ကျွဲ၊ နွား၊တိရစာ္ဆန်(၇,၄၈၁)ကောင်တို့အား ရေးဘေးလွတ်ကင်းရာ ဓမ္မာရုံ၊ တန်းကျောင်းနှင့် ဘုန်းကြီးကျောင်း စသောနေရာများသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာန၊ မီးသတ်၊ ကြက်ခြေနီနှင့် ဌာနဆိုင်ရာများ၊ NGOအဖွဲ့များမှ ရွှေ့ပြောင်းပေးမှုများ ပြုလုပ်ပေးထားကြောင်း သိရသည်။
အဆိုပါ မြစ်ရကြေီးမှုကြောင့် ရေဘေးဒုက္ခနှင့်ကြုံတွေ့နေရသော မကွေးတိုင်းဒေသကြီးအတွင်းရှိ (၁၀)မြို့နယ်အနက် မင်းဘူး၊ စလင်းနှင့် ရေစကြိုမြို့နယ် များတွင် အဆိုးဆုံး ရေဘေးကြုံတွေ့နေသည်ဟု ဦးမြင့်စိုးက ပြောသည်။
“ကျွန်တော်တို့ဌာနအနေနဲ့က ရေဘေးကြုံတွေ့နေတဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခါ(၃)ရက်စာ ထောက်ပံ့မှုတွပြေုလုပ်ထားတယ်။ ရေဘေးကြုံတွေ့နေတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကိုလည်း သက်ဆိုင်ရာမြို့နယ် ကျန်းမာရေးဌာနတွေကနေ ရေဘေးသင့်ပြည်သူတွေ တည်းခိုတဲ့ ကျောင်း၊ဓမ္မာရုံနဲ့ ဘုန်းကြီးကျောင်းတွေဆီသွားရောက်ပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။ ရေဘေးသင့်ပြည်သူတွေ ရေကောင်းရေသန့်သောက်ရဖို့အတွက်လည်း လူမှုရေးအသင်းအဖွဲ့တွေက လာရောက်လှူဒါန်းမှု တွေရှိနေပါပြီ။"ဟု၎င်းက ပြောသည်။
ဧရာဝတီမြစ်ရကြေီးမှုသည် တစ်နေ့ တစ်ပေ၊ နှစ်ပေခန့်သာ တက်နခြေင်းဖြစ်၍ ရေဘေးသင့်မှုကြောင့် သြဂုတ်လ (၅)ရက်နေ့အထိ လူနှင့်အခြားကျွဲ၊နွား တိရစာ္ဆန်များ အသေအပျောက် ဆုံးရှုံးမှုမရှိ သေးကြောင်း မကွေး တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဌာနမှ သိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~