မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကို သုံးနှစ်အတွင်း အရည်အသွေးပြည့်မီရန် လုပ်ဆောင်မည်ဟု တိုင်းဒေသကြီး အစိုးရဆို
မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကို သုံးနှစ်အတွင်း အရည်အသွေးပြည့်မီရန် လုပ်ဆောင်မည်ဟု တိုင်းဒေသကြီး အစိုးရဆို
သွဂုတျ 21, 2016
By Tachileik News Agency
လက်ရှိတွင် လမ်းလုပ်ငန်း တင်ဒါများနှင့် ပတ်သက်၍ စိစစ်နေပြီး တင်ဒါလုပ်ငန်းများမှ ထွက်လာမည့် ပိုလျှံငွေများနှင့် စည်ပင်ကို ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ရာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မကွေးမြို့တွင်း လမ်းအများစုအား အရည်အသွေးပြည့်မီသည့် (၂၄)ပေနှင့် (၁၈)ပေ လမ်းများဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက သြဂုတ်လ (၁၃) ရက်တွင် ကတိပြုပြောကြားသွားခဲ့ခြင်းဖြစ်သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးပစ္စည်းတင်ဒါများ ဈေးနှုန်းအမှန်ဖြစ်ရေးနှင့် အမှန် တကယ်လုပ်ငန်း လုပ်ကိုင်မည့်သူများ၏ လက်ဝယ်သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရေးတို့ကို ပထမအဆင့် အနေဖြင့် ဆောင်ရွက်နေပြီဖြစ်ရာ ယခင်နှစ်က တင်ဒါဈေး ကျပ်(၅၁၀,၀၀၀) ရှိခဲ့သော ကျောက်လုပ်ငန်းမှာ ဝန်ကြီးဌာန၏ စိစစ်လိုက်ပြီးနောက် ယခုနှစ်တွင် ကျပ် (၃၈၃,၀၀၀)သာရှိခဲ့သဖြင့် ယခင်က (၁၀)မိုင်သာ လုပ်နိုင်ခဲ့သည့်လမ်းကို ယခုနှစ်တွင် (၁၃)မိုင်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းအတွင်းမှ လမ်းများကို  မြေသားလမ်းမကျန်စေရန် ၂၀၁၆ ခုနှစ်မှစ၍ ဆောင်ရွက်နေပြီး အသုံးပြုမှုများသည့် (၁၂)ပေလမ်းများကို (၁၈)ပေလမ်းများအဖြစ် ချဲ့သွားမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် လမ်းအားလုံး အရည်အသွေးပြည့်မီသည့် လမ်းများဖြစ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဖီးနစ်
~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
မကွေးတိုင်းဒေသကြီးအတွင်းရှိ လမ်းများကို သုံးနှစ်အတွင်း အရည်အသွေးပြည့်မီသည်လမ်းများ ဖြစ်လာစေရမည်ဟု မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးက ပြောကြားလိုက်သည်။
လက်ရှိတွင် လမ်းလုပ်ငန်း တင်ဒါများနှင့် ပတ်သက်၍ စိစစ်နပြေီး တင်ဒါလုပ်ငန်းများမှ ထွက်လာမည့် ပိုလျှံငွေများနှင့် စည်ပင်ကို ကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ရာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် မကွေးမြို့တွင်း လမ်းအများစုအား အရည်အသွေးပြည့်မီသည့် (၂၄)ပေနှင့် (၁၈)ပေ လမ်းများဖြစ်အောင် ဆောင်ရွက်သွားမည်ဟု ဝန်ကြီးက သြဂုတ်လ (၁၃) ရက်တွင် ကတိပြုပြောကြားသွားခဲ့ခြင်းဖြစ်သည်။
“လမ်းဦးစီးဌာနက အင်ဂျင်နီယာတွေအနေနဲ့ ပြီးခဲ့တဲ့နှစ်က Estimate (ခန့်မှန်းကုန်ကျစရိတ်တွက်ချက်မှု) တစ်ခု ရှိတယ်ဆိုပါစို့။ ပစ္စည်းတင်ဒါတွေကို လုပ်ငန်းတစ်ခုချင်းစီအလိုက် ကုန်ကျငွပြေန်တွက်ပေးဖို့၊ ပစ္စည်းတင်ဒါဈေး ကျတယ်ဆိုရင် လုပ်ငန်းတစ်ခုချင်းစီအလိုက် ကုန်ကျမှုနည်းသွားမယ်။ အဲဒီကနေ ပိုထွက်လာတဲ့ငွေနဲ့ ဘယ်လိုလုပ်ငန်းတိုးချဲ့ပြီး ဘယ်လိုအရည်အသွေးထပ်မြှင့်မယ်ဆိုတာ ဆုံးဖြတ်ပေးသွားမှာပါ။ ကျွန်တော်တို့ တာဝန်ယူတဲ့ အချိန်ကစပြီး လမ်းဦးစီးဌာနက အင်ဂျင်နီယာတွေကို ဘယ်လို ထိန်းထားသလဲဆိုရင် ကိုယ်ကျိုးစီးပွား ရှာမှုတွေကို ရပ်လိုက်တော့။ သတ်မှတ်စံနှုန်းနဲ့ ညီညွတ်မှုမရှိရင် အရေးယူမယ်လို့ ပြောထားပြီးပါပြီ”ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက ပြောသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရေးပစ္စည်းတင်ဒါများ ဈေးနှုန်းအမှန်ဖြစ်ရေးနှင့် အမှန် တကယ်လုပ်ငန်း လုပ်ကိုင်မည့်သူများ၏ လက်ဝယ်သို့ လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိရေးတို့ကို ပထမအဆင့် အနဖြေင့် ဆောင်ရွက်နပြေီဖြစ်ရာ ယခင်နှစ်က တင်ဒါဈေး ကျပ်(၅၁၀,ဝဝဝ) ရှိခဲ့သော ကျောက်လုပ်ငန်းမှာ ဝန်ကြီးဌာန၏ စိစစ်လိုက်ပြီးနောက် ယခုနှစ်တွင် ကျပ် (၃၈၃,ဝဝဝ)သာရှိခဲ့သဖြင့် ယခင်က (၁၀)မိုင်သာ လုပ်နိုင်ခဲ့သည့်လမ်းကို ယခုနှစ်တွင် (၁၃)မိုင်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းအတွင်းမှ လမ်းများကို မြေသားလမ်းမကျန်စေရန် ၂၀၁၆ ခုနှစ်မှစ၍ ဆောင်ရွက်နပြေီး အသုံးပြုမှုများသည့် (၁၂)ပေလမ်းများကို (၁၈)ပေလမ်းများအဖြစ် ချဲ့သွားမည်ဖြစ်ကာ ၂၀၁၉ ခုနှစ်တွင် လမ်းအားလုံး အရည်အသွေးပြည့်မီသည့် လမ်းများဖြစ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
သတင်း - ဖီးနစ် 
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~