တစ်နှစ်မှာ တစ်ခါသာကျင်းပတဲ့ မန္တလေးမြို့ အိုးဖိုရပ်က ရိုးရာ အိုးပုတ်ပွဲတော်

တစ်နှစ်မှာ တစ်ခါသာကျင်းပတဲ့ မန္တလေးမြို့ အိုးဖိုရပ်က ရိုးရာ အိုးပုတ်ပွဲတော်
သွဂုတျ 11, 2016
By Tachileik News Agency


လာရောက်ရောင်းချတဲ့ ဒေသတွေကတော့ ဆေးအိုးဖို၊ တပ်ကြီး၊ ကြည့်မြင်တိုင်၊ ဘုန်းတော်နိုင် ကျောက်မြောင်း စသည့် ဒေသများတွေဖြစ်ပြီး ယနေ့ထိတိုင် မြေအိုး၊ မြေခွက်၊ အိုပုတ်၊ သပိတ်လုပ်ငန်းတွေကို အသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ ရာသီအစ ပထမဆုံးကျင်းပတဲ့ နတ်ပွဲတော်ဖြစ်တဲ့ ရွှေကျွန်းပင်မောင်နှမနတ်ပွဲ အပြီးမှာပြုလုပ်လေ့ရှိတာဖြစ်ပြီး ၀ါခေါင်လဆန်း(၇)ရက်နေ့နဲ့ (၈)ရက်နေ့တွေဖြစ်တဲ့ အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေမှာ ကျင်းပလေ့ရှိပါတယ်။


..................

နှစ်စဉ်နှစ်တိုင်း အိုးပုတ်ပွဲတော်ကို ရွှေတစ်ချောင်းမြောင်းအတိုင်း လှေများဖြင့် ဝါခေါင်လဆန်း(၇)ရက်နေ့မှ ဝါခေါင်လဆန်း (၈)ရက်နေ့များတွင် အနီးအနားကျေးရွာများနဲ့ နယ်အသီးသီးက အမျိုးအစားစုံလင်တဲ့ အိုးပုတ်ရုပ်တွေကို အိုးဖိုရပ်၊ မန္တလေးမြို့မှာလာရောက်ရောင်းချလေ့ရှိပါတယ်။

လာရောက်ရောင်းချတဲ့ ဒေသတွေကတော့ ဆေးအိုးဖို၊ တပ်ကြီး၊ ကြည့်မြင်တိုင်၊ ဘုန်းတော်နိုင် ကျောက်မြောင်း စသည့် ဒေသများတွဖြေစ်ပြီး ယနေ့ထိတိုင် မြေအိုး၊ မြေခွက်၊ အိုပုတ်၊ သပိတ်လုပ်ငန်းတွေကို အသက်မွေးလုပ်ငန်းအဖြစ် လုပ်ကိုင်နေတဲ့ ကျေးရွာတွဖြေစ်ပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ ရာသီအစ ပထမဆုံးကျင်းပတဲ့ နတ်ပွဲတော်ဖြစ်တဲ့ ရွှေကျွန်းပင်မောင်နှမနတ်ပွဲ အပြီးမှာပြုလုပ်လေ့ရှိတာဖြစ်ပြီး ဝါခေါင်လဆန်း(၇)ရက်နေ့နဲ့ (၈)ရက်နေ့တွဖြေစ်တဲ့ အဖိတ်နေ့နဲ့ ဥပုသ်နေ့တွေမှာ ကျင်းပလေ့ရှိပါတယ်။

အိုးပုတ်ပွဲတော်မှာ လာရောက် ခင်းကျင်းရောင်းချလေ့ရှိတဲ့ အိုးပုတ်ရုပ်တွေကတော့ ကစားစရာ ပစ္စည်းအသေးများဖြစ်ပြီး၊ စဉ့်အိုး၊ ရေနွေးအိုး၊ ပန်းကန်စုံ၊ အင်ဒုံ၊ ငရုတ်ဆုံ၊ ငှက်ပျောသီး၊ အုန်းသီးငှက်ပျောပွဲ၊ ရေနွေးကရားကြီးသေး၊ ဟင်းအိုးစုံ၊ စုဘူးကြီးသေး၊ နွားရုပ်တွေဘဲဖြစ်ပါတယ်။

သတင်း/ဓာတ်ပုံ - ရွှေဇော်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ကြော်ငြာ ~~~~~~