ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတား စီမံခန္႔ခြဲမႈလက္မွတ္ထိုးလိုက္သျဖင့္ ေဒသတြင္း သတၱဳကုန္ၾကမ္းတင္ပို႔လာႏိုင္ဖြယ္ရိွ

ျမန္မာ - လာအိုခ်စ္ၾကည္ေရးတံတား စီမံခန္႔ခြဲမႈလက္မွတ္ထိုးလိုက္သျဖင့္ ေဒသတြင္း သတၱဳကုန္ၾကမ္းတင္ပို႔လာႏိုင္ဖြယ္ရိွ
သြဂုတ် 12, 2016
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ျမန္မာ - လာအိုခ်စ္ၾကည္ေရး တံတား စီမံခန္႔ခြဲမႈဆိုင္ရာ သေဘာတူညီမႈ စာခ်ဳပ္အား ႏွစ္ႏုိင္ငံလက္မွတ္ေရးထိုးလိုက္သျဖင့္ ေဒသသတၱဳကုန္ၾကမ္းထြက္ကုန္မ်ား တင္ပို႔လာႏုိင္ဖြယ္ရိွေၾကာင္း ေဒသတြင္း လုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"ဒီတံတားႀကီးေပၚက ကုန္သြယ္ခြင့္ရၿပီဆိုရင္ ေဒသတြင္းထြက္ကုန္ေတြကို အဓိကထားၿပီး ပို႔ႏိုင္မွာပါ။ ပို႔တဲ့ ေနရာမွာလည္း မင္းဂနီး(စ္)ဒိုင္ေအာက္ဆိုဒ္လို သတၱဳေတြကိုပဲ တင္ပို႔ႏိုင္မွာ တျခားထြက္ကုန္ေတြေတာ့ ျပင္ဆင္ရဦးမယ္နဲ႔ တူတယ္။ သြင္းကုန္ဆိုရင္ ေဒသလိုအပ္ခ်က္ကို အဓိက ထုိင္းႏိုင္ငံကပဲ ၀ယ္ယူ သံုးစြဲေနၾကတာ ထိုင္းကို တဆင့္တင္ပို႔မယ္ဆိုလည္း က်င္းေခါင္ၿမိဳ႕ကေန လာအိုကိုျဖတ္ၿပီး ထုိင္းႏိုင္ငံ ခ်င္းဆယ္ဘက္မွာ အထူးစီးပြားေရးဇုန္အေနနဲ႔ တံတားလည္း ထိုးထားတယ္။ မဲေခါင္ျမစ္ေၾကာင္းကို အသံုးျပဳၿပီး ကုန္သြယ္ေနေတာ့ သိပ္ၿပီးထူးျခားလာဦးမွာ မဟုတ္ေသးဘူး"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) သတၱဳလုပ္ငန္းရွင္မ်ားအသင္းမွ အတြင္းေရးမွဴး ဦးတင္ႏြယ္က ေျပာသည္။

ျမန္မာ - လာအို ခ်စ္ၾကည္ေရး မယ္ေခါင္ျမစ္ကူးတံတားအား စီမံခန္႔ခြဲမႈဆိုင္ရာ ႏွစ္ႏိုင္ငံသေဘာတူညီမႈ စာခ်ဳပ္ကို  နိုင္ငံျခားေရးဝန္ႀကီး ေဒၚေအာင္ဆန္းစုၾကည္နွင့္ လာအိုနိုင္ငံျခားေရးဝန္ႀကီးတို႔က ေနျပည္ေတာ္တြင္ ၾသဂုတ္လ (၅) ရက္က လက္မွတ္ေရးထိုးလိုက္ျခင္း ျဖစ္ရာ ေဒသတြင္း သတၱဳမ်ား တင္ပို႔ရာတြင္ ယခင္ကကဲ့သို႔ ဘန္ေကာက္ဆိပ္ကမ္းမွတစ္ဆင့္ ျပန္လည္တင္ပို႔ရျခင္း မျပဳလုပ္ရသည့္ အတြက္ ကုန္က်စရိတ္ (၅)ပံု(၁)ပံုသက္သာသြားၿပီး ခရီးလမ္းေၾကာင္း တိုသြားမည္ျဖစ္ကာ သတၱဳကုန္ၾကမ္းမ်ားအား ႏိုင္ငံတကာ ၀ယ္လက္မ်ား ပိုမိုမ်ားျပားလာႏိုင္မည္ဟု သတၳဳလုပ္ငန္းရွင္မ်ားက ေမွ်ာ္လင့္ေနၾကသည္။

ျမန္မာ - လာအို ခ်စ္ၾကည္ေရးတံတားမွတစ္ဆင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မွ  တရုတ္ႏိုင္ငံသို႔ ကုန္သြယ္မႈ ျပဳႏိုင္မည္ျဖစ္ၿပီး ယခင္က တရုတ္ႏိုင္ငံႏွင့္ ကုန္သြယ္မႈလမ္းေၾကာင္းမွာ မယ္ေခါင္ျမစ္ေၾကာင္း အသံုးျပဳ၍ ကုန္သြယ္မႈျပဳေနျခင္းျဖစ္ေၾကာင္း စီးပြားေရးလုပ္ငန္းရွင္မ်ားထံမွ သိရသည္။

"ဒီတံတားႀကီးေပၚက ကုန္သြယ္ေရးလုပ္ငန္းအတြက္ဆိုရင္ လာအိုႏိုင္ငံနဲ႔ ကုန္သြယ္ဖို႔မျမင္ဘူး တရုတ္ႏိုင္ငံထုတ္ကုန္ေတြအတြက္ဘဲ တံတားကို အသံုးျပဳလုိ႔ရႏိုင္မယ္ျမင္တယ္ ဘာေၾကာင့္လဲဆိုေတာ့ ကၽြန္ေတာ္တို႔ေဒသ လိုအပ္ခ်က္ေတြကို လာအိုက သြင္းတယ္၊ လာအိုကို တင္ပို႔တယ္ဆိုတာ အခုအခ်ိန္ထိ မရွိေသးလို႔ပါ။ ဘာပဲေျပာေျပာ ကုန္သြယ္မွဳစီးပြားေရးအတြက္ ႏိုင္ငံတကာ လမ္းေၾကာင္းတစ္ေၾကာင္း ပြင့္သြားတာေၾကာင့္ အက်ိဳးအျမတ္ေတာ့ ရွိလာမွာပါ"ဟု စီးပြားေရးလုပ္ငန္းရွင္တစ္ဦးမွ သံုးသပ္ေျပာၾကားသည္။

တာခ်ီလိတ္ခရိုင္၊ က်ိဳင္းလပ္ၿမိဳ႕တြင္ တည္ေဆာက္ထားသည့္ မဲေခါင္ျမစ္အား ျဖတ္သန္း ဆက္သြယ္ထားသည့္ တံတားမွာ ၂၀၁၃ ခုနွစ္တြင္ (၂)နိုင္ငံအစိုးရမ်ား၏ ထည့္ဝင္ကုန္က်ေငြ အေမ ရိကန္ေဒၚလာ (၂၆)သန္းျဖင့္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ယခင္အစိုးရလက္ထက္ ႏွစ္ႏိုင္ငံ သမၼတမ်ားမွ ၂၀၁၅ ခုနွစ္ ေမလ(၉)ရက္ေန႔တြင္ ဖြင့္လွစ္ခဲ့ျခင္း ျဖစ္သည္။

"ကၽြန္ေတာ္တုိ႔ ကုန္သြယ္ေရးဦးစီးဌာနအေနနဲ႔ က်ိဳင္းလပ္ၿမိဳ႕မွာ မယ္ေခါင္ျမစ္ကူးတံတားအတြက္ ကုန္သြယ္ေရးစခန္း(ခြဲ)တစ္ခုကို ဖြင့္လွစ္ထားပါတယ္။ အဲဒီအတြက္ အင္အားလည္း နဂိုကတည္းက ခ်ထားၿပီးသားပါ။ ကၽြန္ေတာ္တို႔ ျမန္မာႏိုင္ငံဘက္အျခမ္းကေတာ့ ကုန္သြယ္မႈအတြက္ အဆင္သင့္ပါပဲ"ဟု တာခ်ီလိတ္နယ္စပ္ကုန္သြယ္ေရးစခန္းမွ ညႊန္ၾကားေရးမွဴး ဦးစိုးလြင္က ေျပာသည္။

မဲေခါင္ျမစ္ကူးတံတားအား ႏွစ္နိုင္ငံကုန္သြယ္မႈ ျမင့္တက္ေစရန္၊ ရင္းနွီးျမဳွပ္နွံမႈနွင့္ ကမၻာလွည့္ခရီးသြား လုပ္ငန္းမ်ားလည္း ဖြံ႔ၿဖိဳး တိုးတက္ေစရန္ရည္ရြယ္၍ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုဇက္

************

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ မြန်မာ - လာအိုချစ်ကြည်ရေး တံတား စီမံခန့်ခွဲမှုဆိုင်ရာ သဘောတူညီမှု စာချုပ်အား နှစ်နိုင်ငံလက်မှတ်ရေးထိုးလိုက်သဖြင့် ဒေသသတ္တုကုန်ကြမ်းထွက်ကုန်များ တင်ပို့လာနိုင်ဖွယ်ရှိကြောင်း ဒေသတွင်း လုပ်ငန်းရှင်များထံမှ သိရသည်။

"ဒီတံတားကြီးပေါ်က ကုန်သွယ်ခွင့်ရပြီဆိုရင် ဒေသတွင်းထွက်ကုန်တွေကို အဓိကထားပြီး ပို့နိုင်မှာပါ။ ပို့တဲ့ နေရာမှာလည်း မင်းဂနီး(စ်)ဒိုင်အောက်ဆိုဒ်လို သတ္တုတွေကိုပဲ တင်ပို့နိုင်မှာ တခြားထွက်ကုန်တွေတော့ ပြင်ဆင်ရဦးမယ်နဲ့ တူတယ်။ သွင်းကုန်ဆိုရင် ဒေသလိုအပ်ချက်ကို အဓိက ထိုင်းနိုင်ငံကပဲ ဝယ်ယူ သုံးစွဲနကြေတာ ထိုင်းကို တဆင့်တင်ပို့မယ်ဆိုလည်း ကျင်းခေါင်မြို့ကနေ လာအိုကိုဖြတ်ပြီး ထိုင်းနိုင်ငံ ချင်းဆယ်ဘက်မှာ အထူးစီးပွားရေးဇုန်အနေနဲ့ တံတားလည်း ထိုးထားတယ်။ မဲခေါင်မြစ်ကြောင်းကို အသုံးပြုပြီး ကုန်သွယ်နေတော့ သိပ်ပြီးထူးခြားလာဦးမှာ မဟုတ်သေးဘူး"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) သတ္တုလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးတင်နွယ်က ပြောသည်။

မြန်မာ - လာအို ချစ်ကြည်ရေး မယ်ခေါင်မြစ်ကူးတံတားအား စီမံခန့်ခွဲမှုဆိုင်ရာ နှစ်နိုင်ငံသဘောတူညီမှု စာချုပ်ကို နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုနိုင်ငံခြားရေးဝန်ကြီးတို့က နပြေည်တော်တွင် သြဂုတ်လ (၅) ရက်က လက်မှတ်ရေးထိုးလိုက်ခြင်း ဖြစ်ရာ ဒေသတွင်း သတ္တုများ တင်ပို့ရာတွင် ယခင်ကကဲ့သို့ ဘန်ကောက်ဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်တင်ပို့ရခြင်း မပြုလုပ်ရသည့် အတွက် ကုန်ကျစရိတ် (၅)ပုံ(၁)ပုံသက်သာသွားပြီး ခရီးလမ်းကြောင်း တိုသွားမည်ဖြစ်ကာ သတ္တုကုန်ကြမ်းများအား နိုင်ငံတကာ ဝယ်လက်များ ပိုမိုများပြားလာနိုင်မည်ဟု သတ္ထုလုပ်ငန်းရှင်များက မျှော်လင့်နကြေသည်။

မြန်မာ - လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မှ တရုတ်နိုင်ငံသို့ ကုန်သွယ်မှု ပြုနိုင်မည်ဖြစ်ပြီး ယခင်က တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုလမ်းကြောင်းမှာ မယ်ခေါင်မြစ်ကြောင်း အသုံးပြု၍ ကုန်သွယ်မှုပြုနခြေင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ သိရသည်။

"ဒီတံတားကြီးပေါ်က ကုန်သွယ်ရေးလုပ်ငန်းအတွက်ဆိုရင် လာအိုနိုင်ငံနဲ့ ကုန်သွယ်ဖို့မမြင်ဘူး တရုတ်နိုင်ငံထုတ်ကုန်တွေအတွက်ဘဲ တံတားကို အသုံးပြုလို့ရနိုင်မယ်မြင်တယ် ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဒေသ လိုအပ်ချက်တွေကို လာအိုက သွင်းတယ်၊ လာအိုကို တင်ပို့တယ်ဆိုတာ အခုအချိန်ထိ မရှိသေးလို့ပါ။ ဘာပဲပြောပြော ကုန်သွယ်မှုစီးပွားရေးအတွက် နိုင်ငံတကာ လမ်းကြောင်းတစ်ကြောင်း ပွင့်သွားတာကြောင့် အကျိုးအမြတ်တော့ ရှိလာမှာပါ"ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ သုံးသပ်ပြောကြားသည်။

တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် တည်ဆောက်ထားသည့် မဲခေါင်မြစ်အား ဖြတ်သန်း ဆက်သွယ်ထားသည့် တံတားမှာ ၂၀၁၃ ခုနှစ်တွင် (၂)နိုင်ငံအစိုးရများ၏ ထည့်ဝင်ကုန်ကျငွေ အမေ ရိကန်ဒေါ်လာ (၂၆)သန်းဖြင့်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယခင်အစိုးရလက်ထက် နှစ်နိုင်ငံ သမ္မတများမှ ၂၀၁၅ ခုနှစ် မေလ(၉)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ကျိုင်းလပ်မြို့မှာ မယ်ခေါင်မြစ်ကူးတံတားအတွက် ကုန်သွယ်ရေးစခန်း(ခွဲ)တစ်ခုကို ဖွင့်လှစ်ထားပါတယ်။ အဲဒီအတွက် အင်အားလည်း နဂိုကတည်းက ချထားပြီးသားပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်အခြမ်းကတော့ ကုန်သွယ်မှုအတွက် အဆင်သင့်ပါပဲ"ဟု တာချီလိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ညွှန်ကြားရေးမှူး ဦးစိုးလွင်က ပြောသည်။

မဲခေါင်မြစ်ကူးတံတားအား နှစ်နိုင်ငံကုန်သွယ်မှု မြင့်တက်စေရန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းများလည်း ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇက်

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~