ကရင္အာဇာနည္ေန႔ အခမ္းနားအား ကယားျပည္နယ္တြင္ ပထမဆုံးအႀကိမ္ က်င္းပ

ကရင္အာဇာနည္ေန႔ အခမ္းနားအား ကယားျပည္နယ္တြင္ ပထမဆုံးအႀကိမ္ က်င္းပ
သြဂုတ် 12, 2016
By Tachileik News Agency

ၾသဂုတ္ (၁၂)ရက္ေန႔တြင္ က်ေရာက္သည့္ (၆၆)ႏွစ္ေျမာက္ ကရင္အာဇာနည္ေန႔ အခမ္းအနားကို ကယားျပည္နယ္တြင္ ပထမဆံုးအႀကိမ္ အျဖစ္ လြိဳင္ေကာ္ၿမိဳ႕ ေမာ္ခ်ီးစုစည္းေက်းရြာ ႏွစ္ျခင္းဘုရားေက်ာင္းခန္းမေဆာင္၌ က်င္းပသည္။

ကရင္လူမ်ိဳးမ်ား အေနျဖင့္ မိမိလူမ်ိဳးတို႔၏ ေကာင္းက်ိဳးအတြက္ အနစ္နာခံေပးဆပ္ခဲ့ၾကေသာ အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ားအား သတိသယ ရွိေစရန္ႏွင့္ ေနာင္လာမည့္ မ်ိဳးဆက္မ်ားမွ ေခါင္းေဆာင္ႀကီးမ်ားအား ေလးစားတန္ဖိုးထား၍ ဆက္လက္ထိန္းသိမ္းႏိုင္ရန္ ရည္ရြယ္၍ က်င္းပရျခင္း ျဖစ္ေၾကာင္း ဦးေဆာင္ က်င္းပခဲ့သည့္ ေသာသီခို လူမႈအေထာက္ကူျပဳအဖြဲ႕မွ သိရသည္။

"ကၽြန္ေတာ္တုိ႔ ဒီမွာလုပ္ဖို႔ ႀကိဳးစားခဲ့တာ ခဏခဏပါပဲ။ ဒါေပမဲ့ မေအာင္ျမင္ခဲ့ဘူး။ ဒီႏွစ္မွ လုပ္ျဖစ္တာေပါ့ေနာ္။ ကိုယ့္ရဲ႕ရုိးရာအေမြႏွစ္ေတြ ေန႔ထူးေန႔ျမတ္ေတြကို ေလးစား တန္ဖိုးထားတတ္ဖို႔ ၿပီးေတာ့ ေနာင္လာမယ့္ လူငယ္ေတြကလည္း လက္ဆင့္ကမ္း အေမြအႏွစ္အျဖစ္ ဆက္လက္ထိန္းသိမ္း က်င္းပၾကဖို႕ ရည္ရြယ္တာပါ ″ဟု ေသာသီခို လူမႈအေထာက္ကူျပဳအဖြဲ႕မွ ကိုေက်ာ္မင္းက ေျပာသည္။

နွစ္ေပါင္း (၆၆) ႏွစ္တြင္ ပထမဆုံးအေနျဖင့္ ကယားျပည္နယ္တြင္ က်င္းပျခင္းျဖစ္ၿပီး ကရင္လူမ်ိဳးမ်ား အေနျဖင့္ စည္းလုံးညီညႊတ္ၾကရန္၊ မိမိလူမ်ိဳးတို႕၏ ဘာသာ၊ စာေပ၊ ယဥ္ေက်းမႈအေမြႏွစ္မ်ားအား ဆက္လက္ ထိန္းသိမ္းၾကရန္ႏွင့္ ႏိုင္ငံ၏ ေျပာင္းလဲေနေသာ ေခတ္စနစ္ေပၚ အမွီလိုက္ႏိုင္ရန္၊ မိမိလူမ်ိဳး အတြက္ ေပးဆပ္ခဲ့ေသာ ေခါင္းေဆာင္ႀကီးမ်ားအား မေမ့ၾကရန္ တိုက္တြန္းခဲ့သည္။

ကရင္ေခါင္းေဆာင္တစ္ဦးျဖစ္သည့္ ေစာဘဦးႀကီးသည္ ၁၉၅ဝ ခုႏွစ္တြင္ ကရင္ျပည္နယ္၊ ေကာ့က ရိတ္ၿမိဳ႕နယ္၊ ထို႔ေကာ္ကိုးေက်းရြာတြင္ က်ဆံုးခဲ့သျဖင့္ အဆိုပါေန႔အား ကရင္အာဇာနည္ေန႔အျဖစ္ သတ္မွတ္က်င္းပၾကျခင္းျဖစ္သည္။

ကယားျပည္နယ္တြင္ လိြဳင္ေကာ္ၿမိဳ႕နယ္ ၊ ဖားေဆာင္းၿမိဳ႕နယ္ ၊မယ္စဲ့ ၿမိဳ႕နယ္မ်ားတြင္ ကရင္လူမ်ိဳး အမ်ားအျပား ေနထိုင္ၾကၿပီး ကရင္လူမ်ိဳးဦးေရမွာ ခန္႔မွန္းေျခအရ (၃၀,၀၀၀)ဝန္းက်င္ရွိေၾကာင္း ေသာသီခိုလူမႈအေထာက္ကူျပဳ အဖြဲ႕မွ သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း
....................

သြဂုတ် (၁၂)ရက်နေ့တွင် ကျရောက်သည့် (၆၆)နှစ်မြောက် ကရင်အာဇာနည်နေ့ အခမ်းအနားကို ကယားပြည်နယ်တွင် ပထမဆုံးအကြိမ် အဖြစ် လွိုင်ကော်မြို့ မော်ချီးစုစည်းကျေးရွာ နှစ်ခြင်းဘုရားကျောင်းခန်းမဆောင်၌ ကျင်းပသည်။

ကရင်လူမျိုးများ အနဖြေင့် မိမိလူမျိုးတို့၏ ကောင်းကျိုးအတွက် အနစ်နာခံပေးဆပ်ခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီးများအား သတိသယ ရှိစေရန်နှင့် နောင်လာမည့် မျိုးဆက်များမှ ခေါင်းဆောင်ကြီးများအား လေးစားတန်ဖိုးထား၍ ဆက်လက်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ဦးဆောင် ကျင်းပခဲ့သည့် သောသီခို လူမှုအထောက်ကူပြုအဖွဲ့မှ သိရသည်။

"ကျွန်တော်တို့ ဒီမှာလုပ်ဖို့ ကြိုးစားခဲ့တာ ခဏခဏပါပဲ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီနှစ်မှ လုပ်ဖြစ်တာပေါ့နော်။ ကိုယ့်ရဲ့ရိုးရာအမွေနှစ်တွေ နေ့ထူးနေ့မြတ်တွေကို လေးစား တန်ဖိုးထားတတ်ဖို့ ပြီးတော့ နောင်လာမယ့် လူငယ်တွေကလည်း လက်ဆင့်ကမ်း အမွေအနှစ်အဖြစ် ဆက်လက်ထိန်းသိမ်း ကျင်းပကြဖို့ ရည်ရွယ်တာပါ ″ဟု သောသီခို လူမှုအထောက်ကူပြုအဖွဲ့မှ ကိုကျော်မင်းက ပြောသည်။

နှစ်ပေါင်း (၆၆) နှစ်တွင် ပထမဆုံးအနဖြေင့် ကယားပြည်နယ်တွင် ကျင်းပခြင်းဖြစ်ပြီး ကရင်လူမျိုးများ အနဖြေင့် စည်းလုံးညီညွှတ်ကြရန်၊ မိမိလူမျိုးတို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုအမွေနှစ်များအား ဆက်လက် ထိန်းသိမ်းကြရန်နှင့် နိုင်ငံ၏ ပြောင်းလဲနေသော ခေတ်စနစ်ပေါ် အမှီလိုက်နိုင်ရန်၊ မိမိလူမျိုး အတွက် ပေးဆပ်ခဲ့သော ခေါင်းဆောင်ကြီးများအား မမေ့ကြရန် တိုက်တွန်းခဲ့သည်။

ကရင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောဘဦးကြီးသည် ၁၉၅ဝ ခုနှစ်တွင် ကရင်ပြည်နယ်၊ ကော့က ရိတ်မြို့နယ်၊ ထို့ကော်ကိုးကျေးရွာတွင် ကျဆုံးခဲ့သဖြင့် အဆိုပါနေ့အား ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပကြခြင်းဖြစ်သည်။

ကယားပြည်နယ်တွင် လွိုင်ကော်မြို့နယ်၊ ဖားဆောင်းမြို့နယ်၊မယ်စဲ့ မြို့နယ်များတွင် ကရင်လူမျိုး အများအပြား နေထိုင်ကြပြီး ကရင်လူမျိုးဦးရေမှာ ခန့်မှန်းခြေအရ (၃၀,ဝဝဝ)ဝန်းကျင်ရှိကြောင်း သောသီခိုလူမှုအထောက်ကူပြု အဖွဲ့မှ သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~