လြိဳင္ေကာ္၌ စိတ္ၾကြေဆးျပား (၅၈၀၀)ကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ

လြိဳင္ေကာ္၌ စိတ္ၾကြေဆးျပား (၅၈၀၀)ကို သယ္ေဆာင္လာသူႏွင့္အတူ ဖမ္းဆီးရမိ
သြဂုတ် 11, 2016
By Tachileik News Agency

လြိဳင္ေကာ္ၿမိဳ႕ေပၚသို႔ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ သယ္ေဆာင္လာေသာ စိတ္ၾကြမူးယစ္ေဆး၀ါးအျပား(၅၈၀၀)ေက်ာ္အား ၾသဂုတ္လ(၈)ရက္ေန႔ညပိုင္းက ဖမ္းဆီးရမိခဲ့သျဖင့္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမွဳဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

လြိဳင္ေကာ္ၿမိဳ႕နယ္အတြင္းရွိ ႏြားလ၀ိုးေက်းရြာအုပ္စု၊ လင္းဖံုေလးေက်းရြာမွ လိြဳင္ေကာ္ၿမိဳ႕ေပၚသို႔ သယ္ေဆာင္လာသည့္ မူးယစ္ေဆး၀ါးမ်ားအား လင္းဖံုေက်းရြာအ၀င္ ဆိုင္းဘုတ္အနီး ရပ္တန္႔စစ္ေဆးရာ ဆိုင္ကယ္၏ တူးေဘာက္အတြင္းမွ လိေမၼာ္ေရာင္စိတ္ၾကြရူးသြပ္ေဆးျပား (၅,၈၈၀)ျပားအား စစ္ေဆးရွာေဖြ ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ စိတ္ၾကြေဆးျပားမ်ားအား သယ္ေဆာင္လာသည့္ လြိဳင္ေကာ္ၿမိဳ႕၊ နာနတ္ေတာရပ္ကြက္ေန ခ်စ္သိန္းဂီအား မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ားဆိုင္ရာ ဥပေဒအျဖင့္ အေရးယူေဆာင္ရြက္ႏိုင္ရန္ လြိဳင္ေကာ္ၿမိဳ႕မရဲစခန္းတြင္ အမွဳဖြင့္လွစ္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

သတင္း - ဆန္းၿဖဳိးထြန္း
...................

လွိုင်ကော်မြို့ပေါ်သို့ မော်တော်ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသော စိတ်ကြွမူးယစ်ဆေးဝါးအပြား(၅၈၀၀)ကျော်အား သြဂုတ်လ(၈)ရက်နေ့ညပိုင်းက ဖမ်းဆီးရမိခဲ့သဖြင့် လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုးကျေးရွာအုပ်စု၊ လင်းဖုံလေးကျေးရွမှ လွိုင်ကော်မြို့ပေါ်သို့ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါးများအား လင်းဖုံကျေးရွာအဝင် ဆိုင်းဘုတ်အနီး ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်၏ တူးဘောက်အတွင်းမှ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား (၅,၈၈၀)ပြားအား စစ်ဆေးရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ဆိုင်ကယ်ဖြင့် စိတ်ကြွဆေးပြားများအား သယ်ဆောင်လာသည့် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်နေ ချစ်သိန်းဂီအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအဖြင့် အရေးယူဆောင်ရွက်နိုင်ရန် လွိုင်ကော်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  

~~~~~~ ေၾကာ္ျငာ ~~~~~~