တရားမဝင္အျဖစ္ ပိတ္ပင္ခံလိုက္ရသည့္ က်င္ငယ္ရည္ကုထံုးအဖြဲ႕ တဟုန္ထိုးေက်ာ္ၾကားလာ

တရားမဝင္အျဖစ္ ပိတ္ပင္ခံလိုက္ရသည့္ က်င္ငယ္ရည္ကုထံုးအဖြဲ႕ တဟုန္ထိုးေက်ာ္ၾကားလာ
သြဂုတ် 27, 2016
By Tachileik News Agency

တရုတ္ႏိုင္ငံမွာ က်င္ငယ္ရည္ကုထံုးလိုမ်ိဳး ေရာဂါကုထံုးေတြကို ယံုယံုၾကည္ၾကည္လက္ခံသူေတြ ေထာင္ေပါင္းမ်ားစြာ ရိွေနပါတယ္။

တရုတ္က်င္ငယ္ရည္ကုထံုးအဖြဲ႕ကို အစိုးရက ဒီႏွစ္ မတ္လအတြင္းမွာ တရားမဝင္အသင္းအဖြဲ႕အျဖစ္ ေၾကညာလုိက္ေပမဲ့ ဒီကုထံုးနဲ႔ ကုသမႈခံယူသူေတြဟာ ေၾကာက္ခမန္းလိလိ တိုးလာတယ္လို႔ သိရပါတယ္။

ဒီအသင္းက အဖြဲ႕ဝင္ေတြဟာ မီဒီယာမ်က္ႏွာစာအသစ္ေတြျဖစ္တဲ့ QQ group chatေတြ၊ ဘေလာ့ေတြ၊ ဗီဒီယိုနဲ႔ ဝပ္ေရွာ့ေတြကို အျပည့္အဝအသံုးခ်ၿပီး က်င္ငယ္ရည္ ကုထံုးကို လူသိမ်ားေအာင္ လုပ္ခဲ့ၾကတာပါ။

က်င္ငယ္ရည္ကုထံုးအသင္းအဖြဲ႕ဝင္တစ္ဦးျဖစ္တဲ့ Liu Zhaoxiang ရွင္းျပတာကေတာ့ သူက ညေနမွာ မင္းဂြတ္သီး ေဖ်ာ္ရည္ဖန္ခြက္ႀကီးႀကီးတစ္လံုးစာ ေသာက္ၿပီးရင္ သူ႔ရဲ႕က်င္ငယ္ရည္ပဲ ေသာက္ေတာ့တယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ က်င္ငယ္ရည္ကုထံုးဟာ အေနာက္တုိင္း ေဆးပညာအရေရာ တရုတ္တိုင္းရင္းေဆးပညာအရပါ သိပၸံနည္းက်ေတြ႕ရိွထားတဲ့ အက်ိဳးျဖစ္ဖြယ္မေတြ႕ရဘူးလို႔ ဆိုပါတယ္။ တရုတ္သတင္းဌာနႀကီးတစ္ခုျဖစ္တဲ့ People's Daily အဆိုအရေတာ့ တရုတ္က်င္ငယ္ရည္ကုထံုးအဖြဲ႕ဝင္ေတြ ေလးေထာင္ေက်ာ္အထိ တိုးလာတယ္လို႔ ေဖၚျပထားပါတယ္။

ဒီအသင္းဟာ ဒီႏွစ္အေစာပိုင္းမွာ တရားမဝင္အသင္းအျဖစ္ ျပည္ထဲေရးဌာနက ေၾကညာထားခဲ့တဲ့ တရုတ္ျပည္သူ႔လူမႈဖူလံုေရးအသင္းနဲ႔လည္း ဆက္စပ္မႈရိွတယ္လို႔ ဆိုပါတယ္။

ဒါေပမဲ့ က်င္ငယ္ရည္ ကုထံုးအသင္းဦးေဆာင္သူျဖစ္တဲ့ Xue လို႔ အမည္ေပးထားသူေျပာတာကေတာ့ "တရားဝင္တာ တရားမဝင္တာ ႏိုင္ငံကအသိအမွတ္ျပဳတာဆိုေပမဲ့ လူေတြ ယံုၾကည္မႈ ရိွမရိွအေပၚ မူတည္ပါတယ္။ ဒါက အစိုးရမဟုတ္တဲ့အဖြဲ႕အစည္းပါ"လို႔ ဆိုပါတယ္။

က်င္ငယ္ရည္ကုထံုးအဖြဲ႕ဟာ ၂၀၀၈ ခုႏွစ္က ေဟာင္ေကာင္မွာ မွတ္ပံုတင္ထားတာျဖစ္ေပမဲ့ ရံုးခ်ဳပ္က ေဘဂ်င္းမွာ ရိွေနတာပါ။ လတ္တေလာမွာေတာ့ သူတို႔ရဲ႕ ဝက္ဘ္ဆိုက္ကို ပိတ္ထားခံရပါတယ္။

ဘာသာျပန္ - ဇာႏွင္းထိုက္
သတင္း - CCTVNews

~~~~~~~~~~~~~~~~~~~~~⊰❂ unicode ~~~~~~~~~~~~~~~~~~~~~
တရုတ်နိုင်ငံမှာ ကျင်ငယ်ရည်ကုထုံးလိုမျိုး ရောဂါကုထုံးတွေကို ယုံယုံကြည်ကြည်လက်ခံသူတွေ ထောင်ပေါင်းများစွာ ရှိနေပါတယ်။

တရုတ်ကျင်ငယ်ရည်ကုထုံးအဖွဲ့ကို အစိုးရက ဒီနှစ် မတ်လအတွင်းမှာ တရားမဝင်အသင်းအဖွဲ့အဖြစ် ကြေညာလိုက်ပေမဲ့ ဒီကုထုံးနဲ့ ကုသမှုခံယူသူတွေဟာ ကြောက်ခမန်းလိလိ တိုးလာတယ်လို့ သိရပါတယ်။

ဒီအသင်းက အဖွဲ့ဝင်တွေဟာ မီဒီယာမျက်နှာစာအသစ်တွဖြေစ်တဲ့ QQ group chatတွေ၊ ဘလော့တွေ၊ ဗီဒီယိုနဲ့ ဝပ်ရှော့တွေကို အပြည့်အဝအသုံးချပြီး ကျင်ငယ်ရည် ကုထုံးကို လူသိများအောင် လုပ်ခဲ့ကြတာပါ။

ကျင်ငယ်ရည်ကုထုံးအသင်းအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Liu Zhaoxiang ရှင်းပြတာကတော့ သူက ညနေမှာ မင်းဂွတ်သီး ဖျော်ရည်ဖန်ခွက်ကြီးကြီးတစ်လုံးစာ သောက်ပြီးရင် သူ့ရဲ့ကျင်ငယ်ရည်ပဲ သောက်တော့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျင်ငယ်ရည်ကုထုံးဟာ အနောက်တိုင်း ဆေးပညာအရရော တရုတ်တိုင်းရင်းဆေးပညာအရပါ သိပ္ပံနည်းကျတွေ့ရှိထားတဲ့ အကျိုးဖြစ်ဖွယ်မတွေ့ရဘူးလို့ ဆိုပါတယ်။ တရုတ်သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ People's Daily အဆိုအရတော့ တရုတ်ကျင်ငယ်ရည်ကုထုံးအဖွဲ့ဝင်တွေ လေးထောင်ကျော်အထိ တိုးလာတယ်လို့ ဖော်ပြထားပါတယ်။

ဒီအသင်းဟာ ဒီနှစ်အစောပိုင်းမှာ တရားမဝင်အသင်းအဖြစ် ပြည်ထဲရေးဌာနက ကြေညာထားခဲ့တဲ့ တရုတ်ပြည်သူ့လူမှုဖူလုံရေးအသင်းနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ကျင်ငယ်ရည် ကုထုံးအသင်းဦးဆောင်သူဖြစ်တဲ့ Xue လို့ အမည်ပေးထားသူပြောတာကတော့ "တရားဝင်တာ တရားမဝင်တာ နိုင်ငံကအသိအမှတ်ပြုတာဆိုပေမဲ့ လူတွေ ယုံကြည်မှု ရှိမရှိအပေါ် မူတည်ပါတယ်။ ဒါက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းပါ"လို့ ဆိုပါတယ်။

ကျင်ငယ်ရည်ကုထုံးအဖွဲ့ဟာ ၂၀၀၈ ခုနှစ်က ဟောင်ကောင်မှာ မှတ်ပုံတင်ထားတာဖြစ်ပေမဲ့ ရုံးချုပ်က ဘေဂျင်းမှာ ရှိနေတာပါ။ လတ်တလောမှာတော့ သူတို့ရဲ့ ဝက်ဘ်ဆိုက်ကို ပိတ်ထားခံရပါတယ်။

ဘာသာပြန် - ဇာနှင်းထိုက်
သတင်း - CCTVNews

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~